News

ဒီးေမာ့ဆိုတြင္ စစ္ေကာင္စီတပ္ႏွင့္ ကရင္နီ မဟာမိတ္တပ္မ်ား တိုက္ပြဲ ျပင္းထန္ေန

ဒီးေမာ့ဆိုတြင္ စစ္ေကာင္စီတပ္ႏွင့္ ကရင္နီ မဟာမိတ္တပ္မ်ား တိုက္ပြဲ ျပင္းထန္ေန

ဧရာဝတီ၊ ဧၿပီ ၁၁ ၊ ၂၀၂၂

ကယား (ကရင္နီ) ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲတြင္ အာဏာသိမ္း စစ္ေကာင္စီတပ္ႏွင့္ ကရင္နီမဟာမိတ္ ပူးေပါင္းတပ္မ်ား တိုက္ပြဲျဖစ္ပြားေနေၾကာင္း ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ (DMO PDF) ထံက သိရသည္။

ဒီးေမာ့ဆိုၿမိဳ႕ အေနာက္ဘက္ အိုးခူရီ၊ ေနာင္ပုလဲ စသည့္႐ြာမ်ားတြင္ နံနက္ ၆ နာရီအခ်ိန္ခန႔္မွ စတင္ကာ စစ္ေကာင္စီတပ္ႏွင့္ ကရင္နီစစ္တပ္ (KA)၊ ကရင္နီအမ်ိဳး သားမ်ား ကာကြယ္ေရးတပ္ (KNDF) စသည့္ တပ္ဖြဲ႕မ်ား တိုက္ပြဲ ျဖစ္ပြားေနျခင္း ျဖစ္ေၾကာင္း DMO PDF မွ ျပန္ၾကားေရး တာဝန္ရွိသူတဦးက ေျပာသည္။

“ဒီမနက္ တိုက္ပြဲကေတာ့ က်ေနာ္တို႔ ဦးေဆာင္တိုက္တာေတာ့ မဟုတ္ဘူး။ အဲဒီဘက္မွာက KNDF နဲ႔ KA ျဖစ္ဖို႔မ်ား ပါတယ္။ က်ေနာ္တို႔တပ္ဖြဲ႕ကေတာ့ ဒီးေမာ့ဆို ေအာက္ဘက္မွာ တိုက္တယ္ေလ။ ဒါေပမယ့္ အခုထိ သတင္း စုံစမ္းလို႔ မရေသးဘူး။ အဲဒီမွာ ဆက္သြယ္လို႔ မရဘူး။ အဲဒီဘက္က ဖုန္းလိုင္းလည္း ျဖတ္ထားတာဆိုေတာ့ေလ” ဟု ၎က ဆိုသည္။

ေနာင္ပုလဲႏွင့္ အိုးခူရီ တိုက္ပြဲမ်ားတြင္ ကရင္နီ မဟာမိတ္တပ္မ်ားဘက္မွ တပ္ဖြဲ႕ဝင္ ၃ ဦး က်ဆုံးသည္ဆိုသည့္ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း DMO PDF အေနႏွင့္ အတည္မျပဳႏိုင္ေသးေၾကာင္း ဆိုသည္။

တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ ပိုမိုသိရွိႏိုင္ရန္ KNDF ျပန္ၾကားေရးဌာနထံ ဧရာဝတီက ဖုန္းျဖင့္ ဆက္သြယ္ခဲ့ ေသာ္လည္း အဆက္အသြယ္ မရေပ။
ကရင္နီျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ (KPDF) ကလည္း ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ျဖစ္ပြားေသာ တိုက္ပြဲ၌ ၎တို႔ တပ္ဖြဲ႕ဝင္တဦးျဖစ္သူ ရဲေဘာ္ စိုင္းသက္ပိုင္ဟိန္း က်ဆုံးသြားေၾကာင္း သတင္း ထုတ္ျပန္ထားသည္။

ယခုရက္ပိုင္းအတြင္း အာဏာသိမ္း စစ္ေကာင္စီသည္ ဒီးေမာ့ဆိုၿမိဳ႕နယ္၌ ေျမျပင္ကသာမက ေဝဟင္ကပါ အင္ အား ျဖည့္တင္းမႈ ရွိေနၿပီး ဒီးေမာ့ဆိုၿမိဳ႕နယ္ ဝန္းက်င္ရွိ ႐ြာမ်ား၌ ေနအိမ္မီးရႈိ႕မႈမ်ား ေန႔စဥ္ လုပ္ေဆာင္ေနေၾကာင္း DMO PDF က ဆိုသည္။

ဓာတ္ပုံ – KPDF

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ မဟာမိတ်တပ်များ တိုက်ပွဲ ပြင်းထန်နေ

ဧရာဝတီ၊ ဧပြီ ၁၁ ၊ ၂၀၂၂

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် (DMO PDF) ထံက သိရသည်။

ဒီးမော့ဆိုမြို့ အနောက်ဘက် အိုးခူရီ၊ နောင်ပုလဲ စသည့်ရွာများတွင် နံနက် ၆ နာရီအချိန်ခန့်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကရင်နီစစ်တပ် (KA)၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) စသည့် တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း DMO PDF မှ ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောသည်။

“ဒီမနက် တိုက်ပွဲကတော့ ကျနော်တို့ ဦးဆောင်တိုက်တာတော့ မဟုတ်ဘူး။ အဲဒီဘက်မှာက KNDF နဲ့ KA ဖြစ်ဖို့များ ပါတယ်။ ကျနော်တို့တပ်ဖွဲ့ကတော့ ဒီးမော့ဆို အောက်ဘက်မှာ တိုက်တယ်လေ။ ဒါပေမယ့် အခုထိ သတင်း စုံစမ်းလို့ မရသေးဘူး။ အဲဒီမှာ ဆက်သွယ်လို့ မရဘူး။ အဲဒီဘက်က ဖုန်းလိုင်းလည်း ဖြတ်ထားတာဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

နောင်ပုလဲနှင့် အိုးခူရီ တိုက်ပွဲများတွင် ကရင်နီ မဟာမိတ်တပ်များဘက်မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း DMO PDF အနေနှင့် အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KNDF ပြန်ကြားရေးဌာနထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း အဆက်အသွယ် မရပေ။
ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ကလည်း ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၌ ၎င်းတို့ တပ်ဖွဲ့ဝင်တဦးဖြစ်သူ ရဲဘော် စိုင်းသက်ပိုင်ဟိန်း ကျဆုံးသွားကြောင်း သတင်း ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီသည် ဒီးမော့ဆိုမြို့နယ်၌ မြေပြင်ကသာမက ဝေဟင်ကပါ အင် အား ဖြည့်တင်းမှု ရှိနေပြီး ဒီးမော့ဆိုမြို့နယ် ဝန်းကျင်ရှိ ရွာများ၌ နေအိမ်မီးရှို့မှုများ နေ့စဉ် လုပ်ဆောင်နေကြောင်း DMO PDF က ဆိုသည်။

ဓာတ်ပုံ – KPDF