Knowledge

မြန်မာနှစ် ၁၃၈၄ ခုနှစ် အတွက် ဗုဒ္ဓဟူး၊ ရာဟုသားသမီး တစ်နှစ်စာဟောကိန်း

ဒီႏွစ္ဟာ ၾကာသပေတးသားသမီးေတြအတြက္ ကံၾကမၼာက ေႏွးေကြးေလးလံသြားတဲ့ႏွစ္ျဖစ္တာကိုေတြ႕ရပါ တယ္။

မႏွိုးတာၾကာၿပီျဖစ္တဲ့ အင္ဂ်င္တစ္လုံးလိုပဲ။ အားေကာင္းေကာင္းနဲ႔လည္ပတ္ဖို႔ ခက္ခဲတဲ့ႏွစ္အပိုင္းအျခားျဖစ္ ပါတယ္။

ဒါေၾကာင့္ပဲဒီႏွစ္မွာ ထင္သေလာက္မတိုးတတ္တာေတြ၊ လုပ္သေလာက္ေရွ႕မေရာက္တာေတြရွိရင္ စိတ္မပ်က္သြားပါနဲ႔။ ကံကိုယ္က ေႏွးေနတာပါ။

ပန္းပဲဖိုက ျပဳလုပ္ၿပီးစ ဓားတစ္လက္လိုပါပဲ။ ဖိုက ထြက္ထြက္ျခင္း မာေက်ာတဲ့ အရာေတြကို ခုတ္မိရင္ ပဲ့သြား၊က်ိဳးသြားတတ္တာမို႔ ေပါ့ပါးတဲ့ အရာေလးေတြကို

အရင္ခုတ္ထစ္ရတာ မ်ိဳးေပါ့။ ဒီႏွစ္မွာ သိေစခ်င္တာက မနိုင္ဝန္ေတြမထမ္းမိပါေစနဲ႔။ နိုင္သေလာက္ကိစၥေတြကိုပဲ ထပ္ခါထပ္ခါေဆာင္ ရြက္သြားဖို႔လိုပါတယ္။

ႀကီးမားတဲ့ရင္းႏွီးျမဳပ္ႏွံမႈေတြကို လုပ္ေတာ့မယ္ဆိုငါေငြနိုင္ရဲလား၊ေက်ာေထာက္ေနာက္ခံေငြက်န္ေသးလား ဆိုတာမ်ိဳး ခ်ိန္ဆၿပီးမွလုပ္ေစခ်င္ပါတယ္။

အခ်ိဳ႕ တစ္ခုခုကို ရွိသမၽွပုံေအာလိုက္တယ္။ အဲတစ္ခုကခ်က္ခ်င္းအဆင္ မေျပေသးေတာ့ ေငြလက္က်န္ကနည္း၊ေခ်းရငွားရနဲ႔ အေႂကြးပါဝိုင္းသြားတတ္ပါတယ္။

ဒီလိုႏွစ္မ်ိဳးဟာ ကိုယ္တိုင္က လိမၼာပါးနပ္မွသာအဆင္ေျပနိုင္တာမို႔ လည္ဝယ္သူေတြကေတာ့ အဆင္ေျပေပမဲ့ ေငြယားေလးေတြလက္ထဲရွိလို႔ တစ္ခုခုစမယ္ဆို မိမိပိုင္နိုင္တာကိုသာလုပ္ပါလို႔ အႀကံေပးခ်င္ပါတယ္။

အလုပ္စီးပြားကံ

အလုပ္ေတြပါးသြားတာ၊အေရာင္းထိုင္းသြားတာ၊ေဖာက္သည္ေတြသူမ်ားဆီေရာက္သြားတာမ်ိဳးေတြကအစ ဒီကာလမွာၾကဳံရတတ္ပါတယ္။

လမ္းခရီးတစ္ခုကို ဝန္အားမ်ားစြာေက်ာမွာပိုးၿပီးသြားရသလို ေျခလွမ္းေတြေႏွးေန တတ္ပါတယ္။

ဒါေၾကာင့္ စီးပြားေရးကို ဒီႏွစ္မွာ တာတိုအေျပးသမားလို ေဆာင္ရြက္လို႔ မရပါဘူး။

တာေဝးသမားလို ေျဖးေျဖးမွန္မွန္ေရွ႕ဆက္လုပ္ကိုင္ၾကပါ။ လုပ္ငန္းရွင္မ်ား မိမိလုပ္ငန္းကို ေအာက္ေျခကစလို႔ ျပန္သုံးသပ္ပါ။

လုံျခဳံေရးဌာနကစလို႔၊Management ဌာနထိ အစအဆုံးျပန္စစ္ေဆးပါ။ မလိုအပ္တာေတြကိုဖယ္ထုတ္ပါ။

လိုအပ္ တာေတြကိုေပါင္းစည္းပါ။ ဥပမာ Sale ဌာန နဲ႔ Marketing ဌာန သပ္သပ္စီျဖစ္ေနရင္ ေပါင္းစည္းလို႔ရမလား ေပါင္း ထုပ္လိုက္ၿပီး

မလိုအပ္သူေတြ လိုအပ္တဲ့ေနရာပို႔တာမ်ိဳးေတြ၊ Operation အလုပ္ထဲ ဘယ္ဌာနေတြေပါင္းထည့္ၿပီး လူစစ္ထုတ္မလဲ စသည္ျဖင့္ စဥ္းစားဖို႔လိုပါတယ္။

အဲလိုပဲ လမ္းသာတဲ့ေနရာမွာ ဆိုင္ခန္းငွားဖြင့္ထားၾကသူေတြဆို ငွားခပဲ တစ္လဆယ္ဂဏန္းေက်ာ္ျဖစ္ေနၿပီး အျမတ္ေငြကို ေကာင္းေကာင္းႀကီး ထိခိုက္လာၿပီးဆို ေနရာေျပာင္းဖို႔စဥ္းစားၿပီး

အြန္လိုင္းမွာအရွိန္ျပန္ျမႇင့္တာမ်ိဳး ေတြကို ေျပာင္းလဲ စဥ္းစားဖို႔လိုပါတယ္ အမွန္ေျပာရရင္ လုပ္ငန္းစီးပြားကို အေျပာင္းအလဲလုပ္ၿပီး ဆက္လက္လည္ ပတ္နိုင္ေအာင္ ထိန္းထားဖို႔ မွာခ်င္တာပါ

ဒီႏွစ္သာ ၾကာသပေတးသားသမီးေတြက ေတာင့္ခံနိုင္ရင္ လာမဲ့ ၁၃၈၅က စလို႔ ၃ႏွစ္ဆက္တိုက္ကံျမင့္မားမႈေတြ တစ္လွည့္ျပန္ၾကဳံရမွာမို႔ပါ။

ဝန္ထမ္းမ်ား ေနရာေျပာင္း၊ရာထူးေျပာင္း၊ဌာနေျပာင္းဆိုတာမ်ိဳးေတြၾကဳံရတတ္ပါတယ္။ အေျပာင္းအလဲကို လက္ခံလိုက္ပါ။

အေျပာင္းအလဲကပဲ မိမိကိုတိုးတတ္ေအာင္ေဆာင္ရြက္ေပးနိုင္ပါလိမ့္မယ္။ မေျပာင္းခ်င္ဘူး..ဒီေန ရာေလးမွာပဲ ေမွးေနခ်င္တဲ့ ၾကာသပေတးသားသမီးေတြအခက္အခဲျဖစ္ရတတ္ပါတယ္။

လူမႈေရး- လူမႈေရးကေတာ့ေကာင္းတစ္ဝက္ ဆိုးတစ္ဝက္ပါပဲ။ လူမႈေရးနယ္ပယ္က်ယ္ျပန႔္လာၿပီးေတာ့ ေပါက္ေရာက္တဲ့ အသိုင္းအဝိုင္းကလူေတြနဲ႔ရင္းႏွီးခြင့္ရတာမ်ိဳးေတြၾကဳံရတတ္ပါတယ္။အင္အားႀကီးနဲ႔ သူေတြနဲ႔ ေဆြမ်ိဳးသားခ်င္းသဖြယ္ ရင္းႏွီးကၽြမ္းဝင္ခြင့္ရနိုင္တာကိုေတြ႕ရပါတယ္။

အားနားတတ္သူမ်ားကေတာ့ ဒီႏွစ္ဒုကၡပင္လယ္ ေဝၿပီသာမွတ္ေတာ့..။ အားနာၿပီး ေခ်းလိုက္ငွားလိုက္တာေတြ၊အားနာၿပီးအာမခံလိုက္တာေတြ၊ အားနာၿပီး လက္မွတ္ ထိုးေပးလိုက္တာေတြက ကိုယ့္ကို ေကာင္းေကာင္းဒုကၡေရာက္ေစပါလိမ့္မယ္။

လူမႈေရးကိစၥေတြမွာေတာ့ ငါသိငါ တတ္လုပ္တာမ်ိဳးေတြေရွာင္ပါ။ မရွိတာကို အရွိလုပ္ၿပီး ႂကြားဝါသြားမ်ိဳးေတြေရွာင္ပါ။ ဟိုလူနဲ႔ပဲသိသလိုလို၊ ဘယ္ေန ရာထိ ေပါက္ေရာက္သလိုလို ႂကြားေျပာထားၿပီး အေရးအေၾကာင္းအကူအညီလဲ လာေတာင္းေရာအရွက္ကြဲေရာဆို တာေတြအလြန္ျဖစ္တတ္ပါတယ္။

အခ်စ္ေရး ေမတၱာေရး

အခ်စ္ေရးကံေကာင္းေနတဲ့ႏွစ္အပိုင္းအျခားပါပဲ။ မိမိထက္အဘက္ဘက္က သာသူတစ္ဦးက ခ်စ္ခြင့္ပန္တာ မ်ိဳး၊လူႀကီးေတြကေနတဆင့္ေတာင္းရမ္းတာမ်ိဳးေတြအထူးၾကဳံရတတ္ပါတယ္။

အရြယ္လြန္ အပ်ိဳဟိုင္းႀကီးမ်ား ေကာင္ေလးငယ္ငယ္ေလးေတြနဲ႔ခ်စ္ႀကိဳးသြယ္မိတတ္တဲ့ကာလပါပဲ။ ေတာ္ၿပီ..ဒီတစ္သက္အိမ္ေထာင္မျပဳေတာ့ဘူး။ လူပ်ိဳႀကီး/အပ်ိဳႀကီးဘဝနဲ႔ အရိုးထုတ္မယ္လို႔

ႀကံရြယ္ထားသူေတြ ျမႇားနတ္ေမာင္ ျမႇားပစ္ခ်က္ေတြေအာက္မွာက်ရႈံး သြားပါလမ့္မယ္။အသက္ ၅၀ေက်ာ္ လူလြတ္၊ တစ္ခုလတ္၊ မုဆိုးဖို/မ ေတြေတာင္ လက္တြဲေဖာ္ရၿပီး အိမ္ေထာင္က် ဖို႔ အခြင့္အလမ္းသာတဲ့ကာလပဲျဖစ္ပါတယ္။

အိမ္ေထာင္ေရး

အိမ္ေထာင္ေရးကံကလဲ ဒီႏွစ္ကေတာ္႐ုံမညံ့ပါဘူး။ အိမ္ေထာင္ေရးသာယာတယ္လို႔ေတာင္ ေျပာလို႔ရပါ တယ္။ ရင္ေသြးယူဖို႔ ႀကိဳးစားေနတဲ့ အိမ္ေထာင္သည္ေတြ ရင္ေသြးရလာတတ္ပါတယ္။

တစ္ခုပဲ ရင္ေသြးပ်က္လြယ္ တာမ်ိဳး၊အဖတ္မတင္တာမ်ိဳးေတြ ၾကဳံရတတ္တာမို႔ အေနအထိုင္အစားအေသာက္ဆင္ျခင္ပါ။ ေငြကံေကာင္းေနေပမဲ့ မိသားစုအတြက္ သားသမီးအတြက္ ေငြကုန္ရတတ္တဲ့ႏွစ္ပဲျဖစ္ပါတယ္။

တစ္ခုသတိထားရမွာက အိမ္မွာေတာက္တို မယ္ရခိုင္းဖို႔အတြက္ ေျခႏွစ္ေခ်ာင္းအဝင္ခံမယ္ဆိုရင္ေတာ့ သတိထားပါ။ အိမ္အကူေတြကိုအေၾကာင္းျပဳၿပီးအိမ္ ေထာင္ေရးအဆင္မေျပျဖစ္ရတတ္ပါတယ္။

က်န္းမာေရး

က်န္းမာေရးကေတာ့ ဒီႏွစ္မွာေလခ်ဳပ္/ဝမ္းခ်ဳပ္စာေတြ သိပ္မစားမိပါေစနဲ႔။ လက္ဖက္သုပ္ေတြ၊ ေကာက္ ညႇင္းေတြ၊ အစာေၾကဖို႔ ခက္ခဲတဲ့အစားအေသာက္ေတြအထူးေရွာင္လိုက္ေစခ်င္ပါတယ္။

ျပေနၾကဆရာဝန္ေတြနဲ႔ ကုရင္ ေပ်ာက္ဖို႔ခက္ခဲတဲ့ ကာလမို႔ ေရာဂါမသက္သာရင္ ဆရာဝန္ေျပာင္းျပလိုက္တာ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ပါလိမ့္မယ္။

ခ်ဥ္ပတ္ေတြ အိုးနဲ႔တည္ၿပီးအျမဲစားတတ္သူေတြ ဒီႏွစ္ေလၽွာ့စားပါ။ လမ္းေဘးက ဆိုင္ေတြထဲကမွ မသန႔္ရွင္းတဲ့ ဆိုင္ေတြေရွာင္ပါ။ အထူးသျဖင့္ ယင္နားစာေတြအထူးေရွာင္လိုက္ေစခ်င္ပါတယ္။

ပညာေရး

ပညာေရးမွာေတာ့ ေက်ာင္းေျပာင္း၊ဆရာေျပာင္းဆိုတာမ်ိဳးေတြအထူးၾကဳံရတတ္ပါတယ္။ ပညာေရး နယ္ပယ္ က်ယ္ျပန႔္ၿပီးေရြးခ်ယ္စရာမ်ားပါလိမ့္မယ္။ လူလတ္ပိုင္းမ်ားက ဟိုသင္တန္းတက္ရမလို

ဒီသင္တန္း တက္ရ မလိုဆိုတာမ်ိဳးနဲ႔ ေရြးရခက္ေနတတ္ပါတယ္။ ပညာေရးကံ မညံ့ေပမဲ့ ေကာင္းတယ္လို႔လဲေျပာ လို႔မရတဲ့ႏွစ္အပိုင္းအျခားပါပဲ။အခ်ိန္ရရင္ေတာ့ လူမႈဆက္ဆံေရးပညာေတြေလ့လာပါ။

အႏွစ္ခ်ဳပ္

အႏွစ္ခ်ဳပ္အေနနဲ႔ ေျပာရရင္ အလုပ္ထဲမွာျဖစ္ေစ၊မိသားစုထဲမွာျဖစ္ေစ..ကိုယ္နဲ႔မဆိုင္ရင္ ဝင္မပါတာ အေကာင္း ဆုံး ပါပဲ။ ငါသိငါတတ္လုပ္ၿပီးသူမ်ားကိစၥဝင္ေျဖရွင္းတာမ်ိဳးေတြမလုပ္ပါနဲ႔။

တစ္ဦးတစ္ေယာက္ အေၾကာင္းေသခ်ာမသိဘဲ အာမခံေပးတာမ်ိဳးေတြ၊ သက္ေသအျဖစ္လက္မွတ္ထိုးေပးတာမ်ိဳး ေတြ သူမ်ား ပစၥည္းေတြ ခိုးရာပါပစၥည္းလာမသိဘဲ လက္ခံတာမ်ိဳးမလုပ္မိပါေစနဲ႔။

ဘယ္သူကိုမွအားမနာနဲ႔။ ဘယ္သူ အေၾကာင္း မွလဲ စိတ္မဝင္းစားနဲ႔။ ဒီတစ္ႏွစ္ကိုယ့္ကိစၥကိုယ္လုပ္ပါ။ ကိုယ့္အေၾကာင္းပဲကိုယ္ေတြးပါ။

အေျပာင္းအလဲမ်ားစြာၾကဳံရတတ္တဲ့ႏွစ္ျဖစ္တာမို႔ ဘာမွမေျပာင္းရင္ ဆံပင္ပုံစံေျပာင္းပါ။ စတိုင္ေျပာင္းပါ။ အရင္ႏွစ္နဲ႔ မတူကိုယ့္ပုံစံက အသစ္ျဖစ္ေနဖို႔လိုပါတယ္။

တစ္ခုခုအခက္အခဲၾကဳံရင္ ေအာက္လက္ငယ္သားေတြထဲ ကကူညီမဲ့သူေတြေပၚလာတတ္ပါတယ္။ အကူအညီမ်ားစြာရလြယ္တဲ့ႏွစ္ျဖစ္တာမို႔ ေတာ္႐ုံအခက္အခဲလဲေက်ာ္လႊား သြားနိုင္ဖို႔ရွိပါတယ္။

ရပ္ေဝးက မိတ္ေဆြေတြ၊သားသမီးေတြရွိရင္ အေထာက္အပံ့ေတြရလာတတ္ပါတယ္။ ရပ္ေဝးကေကာင္း ေသာအကူအညီေတြ၊ ေက်းဇူးရွိဖူးသူကေက်းဇူးျပန္ဆပ္တာမ်ိဳးေတြအထူးပဲၾကဳံရတတ္တဲ့ႏွစ္ျဖစ္ပါတယ္။

ေနာက္ဆုံးမွာခ်င္တာက ၾကာသပေတးသားသမီးမ်ားတစ္ေယာက္ထဲေန တစ္စိတ္ထဲထားေနသင့္တဲ့ႏွစ္ပဲျဖစ္ပါ တယ္။ အေျပာင္းအလဲေတြကို လက္ခံက်တဲ့ေနရာမွာ အံဝင္ခြင္က်ျဖစ္ေအာင္ေနၾကပါလို႔ ေျပာၾကားရင္းနိဂုံးခ်ဳပ္ အပ္ပါတယ္။

ယၾတာ

တတ္နိုင္သမၽွ ဒီႏွစ္မွာ ဘုရားေစတီေရာက္ခဲ့ပါက တနလၤာေထာင့္မွာ သစ္သီးေျခာက္မ်ိဳးကပ္လႉဆုေတာင္းပါ။

အမွိုက္ေတာင္းတို႔ ၊ေထြးခံတို႔ စတဲ့အညစ္အေၾကးစြန႔္တဲ့ ပစၥည္းေတြကို အဆင္သင့္တဲ့ေနရာေတြမွာလႉေပးပါ။

မိမိထက္ငယ္သူေတြကို ဖုန္းအားသြင္းႀကိဳးေတြ၊ဖုန္းေဘေတြ လက္ေဆာင္မၾကာခဏေပးပါ………

ၾကာသပေတးသားသမီးအေပါင္း သူေတာ္ေကာင္းတို႔ ႏွစ္သစ္မွစ၍ ရန္သူမ်ိဳးငါးပါးေဘးမွကင္းေဝးၾကပါေစ.. ဆရာ ၿငိမ္းေအးလူ

ဒီနှစ်ဟာ ကြာသပတေးသားသမီးတွေအတွက် ကံကြမ္မာက နှေးကွေးလေးလံသွားတဲ့နှစ်ဖြစ်တာကိုတွေ့ရပါ တယ်။

မနှိုးတာကြာပြီဖြစ်တဲ့ အင်ဂျင်တစ်လုံးလိုပဲ။ အားကောင်းကောင်းနဲ့လည်ပတ်ဖို့ ခက်ခဲတဲ့နှစ်အပိုင်းအခြားဖြစ် ပါတယ်။

ဒါကြောင့်ပဲဒီနှစ်မှာ ထင်သလောက်မတိုးတတ်တာတွေ၊ လုပ်သလောက်ရှေ့မရောက်တာတွေရှိရင် စိတ်မပျက်သွားပါနဲ့။ ကံကိုယ်က နှေးနေတာပါ။

ပန်းပဲဖိုက ပြုလုပ်ပြီးစ ဓားတစ်လက်လိုပါပဲ။ ဖိုက ထွက်ထွက်ခြင်း မာကျောတဲ့ အရာတွေကို ခုတ်မိရင် ပဲ့သွား၊ကျိုးသွားတတ်တာမို့ ပေါ့ပါးတဲ့ အရာလေးတွေကို

အရင်ခုတ်ထစ်ရတာ မျိုးပေါ့။ ဒီနှစ်မှာ သိစေချင်တာက မနိုင်ဝန်တွေမထမ်းမိပါစေနဲ့။ နိုင်သလောက်ကိစ္စတွေကိုပဲ ထပ်ခါထပ်ခါဆောင် ရွက်သွားဖို့လိုပါတယ်။

ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုတွေကို လုပ်တော့မယ်ဆိုငါငွေနိုင်ရဲလား၊ကျောထောက်နောက်ခံငွေကျန်သေးလား ဆိုတာမျိုး ချိန်ဆပြီးမှလုပ်စေချင်ပါတယ်။

အချို့ တစ်ခုခုကို ရှိသမျှပုံအောလိုက်တယ်။ အဲတစ်ခုကချက်ချင်းအဆင် မပြေသေးတော့ ငွေလက်ကျန်ကနည်း၊ချေးရငှားရနဲ့ အကြွေးပါဝိုင်းသွားတတ်ပါတယ်။

ဒီလိုနှစ်မျိုးဟာ ကိုယ်တိုင်က လိမ္မာပါးနပ်မှသာအဆင်ပြေနိုင်တာမို့ လည်ဝယ်သူတွေကတော့ အဆင်ပြေပေမဲ့ ငွေယားလေးတွေလက်ထဲရှိလို့ တစ်ခုခုစမယ်ဆို မိမိပိုင်နိုင်တာကိုသာလုပ်ပါလို့ အကြံပေးချင်ပါတယ်။

အလုပ်စီးပွားကံ

အလုပ်တွေပါးသွားတာ၊အရောင်းထိုင်းသွားတာ၊ဖောက်သည်တွေသူများဆီရောက်သွားတာမျိုးတွေကအစ ဒီကာလမှာကြုံရတတ်ပါတယ်။

လမ်းခရီးတစ်ခုကို ဝန်အားများစွာကျောမှာပိုးပြီးသွားရသလို ခြေလှမ်းတွေနှေးနေ တတ်ပါတယ်။

ဒါကြောင့် စီးပွားရေးကို ဒီနှစ်မှာ တာတိုအပြေးသမားလို ဆောင်ရွက်လို့ မရပါဘူး။

တာဝေးသမားလို ဖြေးဖြေးမှန်မှန်ရှေ့ဆက်လုပ်ကိုင်ကြပါ။ လုပ်ငန်းရှင်များ မိမိလုပ်ငန်းကို အောက်ခြေကစလို့ ပြန်သုံးသပ်ပါ။

လုံခြုံရေးဌာနကစလို့၊Management ဌာနထိ အစအဆုံးပြန်စစ်ဆေးပါ။ မလိုအပ်တာတွေကိုဖယ်ထုတ်ပါ။

လိုအပ် တာတွေကိုပေါင်းစည်းပါ။ ဥပမာ Sale ဌာန နဲ့ Marketing ဌာန သပ်သပ်စီဖြစ်နေရင် ပေါင်းစည်းလို့ရမလား ပေါင်း ထုပ်လိုက်ပြီး

မလိုအပ်သူတွေ လိုအပ်တဲ့နေရာပို့တာမျိုးတွေ၊ Operation အလုပ်ထဲ ဘယ်ဌာနတွေပေါင်းထည့်ပြီး လူစစ်ထုတ်မလဲ စသည်ဖြင့် စဉ်းစားဖို့လိုပါတယ်။

အဲလိုပဲ လမ်းသာတဲ့နေရာမှာ ဆိုင်ခန်းငှားဖွင့်ထားကြသူတွေဆို ငှားခပဲ တစ်လဆယ်ဂဏန်းကျော်ဖြစ်နေပြီး အမြတ်ငွေကို ကောင်းကောင်းကြီး ထိခိုက်လာပြီးဆို နေရာပြောင်းဖို့စဉ်းစားပြီး

အွန်လိုင်းမှာအရှိန်ပြန်မြှင့်တာမျိုး တွေကို ပြောင်းလဲ စဉ်းစားဖို့လိုပါတယ် အမှန်ပြောရရင် လုပ်ငန်းစီးပွားကို အပြောင်းအလဲလုပ်ပြီး ဆက်လက်လည် ပတ်နိုင်အောင် ထိန်းထားဖို့ မှာချင်တာပါ

ဒီနှစ်သာ ကြာသပတေးသားသမီးတွေက တောင့်ခံနိုင်ရင် လာမဲ့ ၁၃၈၅က စလို့ ၃နှစ်ဆက်တိုက်ကံမြင့်မားမှုတွေ တစ်လှည့်ပြန်ကြုံရမှာမို့ပါ။

ဝန်ထမ်းများ နေရာပြောင်း၊ရာထူးပြောင်း၊ဌာနပြောင်းဆိုတာမျိုးတွေကြုံရတတ်ပါတယ်။ အပြောင်းအလဲကို လက်ခံလိုက်ပါ။

အပြောင်းအလဲကပဲ မိမိကိုတိုးတတ်အောင်ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။ မပြောင်းချင်ဘူး..ဒီနေ ရာလေးမှာပဲ မှေးနေချင်တဲ့ ကြာသပတေးသားသမီးတွေအခက်အခဲဖြစ်ရတတ်ပါတယ်။

လူမှုရေး- လူမှုရေးကတော့ကောင်းတစ်ဝက် ဆိုးတစ်ဝက်ပါပဲ။ လူမှုရေးနယ်ပယ်ကျယ်ပြန့်လာပြီးတော့ ပေါက်ရောက်တဲ့ အသိုင်းအဝိုင်းကလူတွေနဲ့ရင်းနှီးခွင့်ရတာမျိုးတွေကြုံရတတ်ပါတယ်။အင်အားကြီးနဲ့ သူတွေနဲ့ ဆွေမျိုးသားချင်းသဖွယ် ရင်းနှီးကျွမ်းဝင်ခွင့်ရနိုင်တာကိုတွေ့ရပါတယ်။

အားနားတတ်သူများကတော့ ဒီနှစ်ဒုက္ခပင်လယ် ဝေပြီသာမှတ်တော့..။ အားနာပြီး ချေးလိုက်ငှားလိုက်တာတွေ၊အားနာပြီးအာမခံလိုက်တာတွေ၊ အားနာပြီး လက်မှတ် ထိုးပေးလိုက်တာတွေက ကိုယ့်ကို ကောင်းကောင်းဒုက္ခရောက်စေပါလိမ့်မယ်။

လူမှုရေးကိစ္စတွေမှာတော့ ငါသိငါ တတ်လုပ်တာမျိုးတွေရှောင်ပါ။ မရှိတာကို အရှိလုပ်ပြီး ကြွားဝါသွားမျိုးတွေရှောင်ပါ။ ဟိုလူနဲ့ပဲသိသလိုလို၊ ဘယ်နေ ရာထိ ပေါက်ရောက်သလိုလို ကြွားပြောထားပြီး အရေးအကြောင်းအကူအညီလဲ လာတောင်းရောအရှက်ကွဲရောဆို တာတွေအလွန်ဖြစ်တတ်ပါတယ်။

အချစ်ရေး မေတ္တာရေး

အချစ်ရေးကံကောင်းနေတဲ့နှစ်အပိုင်းအခြားပါပဲ။ မိမိထက်အဘက်ဘက်က သာသူတစ်ဦးက ချစ်ခွင့်ပန်တာ မျိုး၊လူကြီးတွေကနေတဆင့်တောင်းရမ်းတာမျိုးတွေအထူးကြုံရတတ်ပါတယ်။

အရွယ်လွန် အပျိုဟိုင်းကြီးများ ကောင်လေးငယ်ငယ်လေးတွေနဲ့ချစ်ကြိုးသွယ်မိတတ်တဲ့ကာလပါပဲ။ တော်ပြီ..ဒီတစ်သက်အိမ်ထောင်မပြုတော့ဘူး။ လူပျိုကြီး/အပျိုကြီးဘဝနဲ့ အရိုးထုတ်မယ်လို့

ကြံရွယ်ထားသူတွေ မြှားနတ်မောင် မြှားပစ်ချက်တွေအောက်မှာကျရှုံး သွားပါလမ့်မယ်။အသက် ၅ဝကျော် လူလွတ်၊ တစ်ခုလတ်၊ မုဆိုးဖို/မ တွေတောင် လက်တွဲဖော်ရပြီး အိမ်ထောင်ကျ ဖို့ အခွင့်အလမ်းသာတဲ့ကာလပဲဖြစ်ပါတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ရေးကံကလဲ ဒီနှစ်ကတော်ရုံမညံ့ပါဘူး။ အိမ်ထောင်ရေးသာယာတယ်လို့တောင် ပြောလို့ရပါ တယ်။ ရင်သွေးယူဖို့ ကြိုးစားနေတဲ့ အိမ်ထောင်သည်တွေ ရင်သွေးရလာတတ်ပါတယ်။

တစ်ခုပဲ ရင်သွေးပျက်လွယ် တာမျိုး၊အဖတ်မတင်တာမျိုးတွေ ကြုံရတတ်တာမို့ အနေအထိုင်အစားအသောက်ဆင်ခြင်ပါ။ ငွေကံကောင်းနေပေမဲ့ မိသားစုအတွက် သားသမီးအတွက် ငွေကုန်ရတတ်တဲ့နှစ်ပဲဖြစ်ပါတယ်။

တစ်ခုသတိထားရမှာက အိမ်မှာတောက်တို မယ်ရခိုင်းဖို့အတွက် ခြေနှစ်ချောင်းအဝင်ခံမယ်ဆိုရင်တော့ သတိထားပါ။ အိမ်အကူတွေကိုအကြောင်းပြုပြီးအိမ် ထောင်ရေးအဆင်မပြေဖြစ်ရတတ်ပါတယ်။

ကျန်းမာရေး

ကျန်းမာရေးကတော့ ဒီနှစ်မှာလေချုပ်/ဝမ်းချုပ်စာတွေ သိပ်မစားမိပါစေနဲ့။ လက်ဖက်သုပ်တွေ၊ ကောက် ညှင်းတွေ၊ အစာကြေဖို့ ခက်ခဲတဲ့အစားအသောက်တွေအထူးရှောင်လိုက်စေချင်ပါတယ်။

ပြနေကြဆရာဝန်တွေနဲ့ ကုရင် ပျောက်ဖို့ခက်ခဲတဲ့ ကာလမို့ ရောဂါမသက်သာရင် ဆရာဝန်ပြောင်းပြလိုက်တာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။

ချဉ်ပတ်တွေ အိုးနဲ့တည်ပြီးအမြဲစားတတ်သူတွေ ဒီနှစ်လျှော့စားပါ။ လမ်းဘေးက ဆိုင်တွေထဲကမှ မသန့်ရှင်းတဲ့ ဆိုင်တွေရှောင်ပါ။ အထူးသဖြင့် ယင်နားစာတွေအထူးရှောင်လိုက်စေချင်ပါတယ်။

ပညာရေး

ပညာရေးမှာတော့ ကျောင်းပြောင်း၊ဆရာပြောင်းဆိုတာမျိုးတွေအထူးကြုံရတတ်ပါတယ်။ ပညာရေး နယ်ပယ် ကျယ်ပြန့်ပြီးရွေးချယ်စရာများပါလိမ့်မယ်။ လူလတ်ပိုင်းများက ဟိုသင်တန်းတက်ရမလို

ဒီသင်တန်း တက်ရ မလိုဆိုတာမျိုးနဲ့ ရွေးရခက်နေတတ်ပါတယ်။ ပညာရေးကံ မညံ့ပေမဲ့ ကောင်းတယ်လို့လဲပြော လို့မရတဲ့နှစ်အပိုင်းအခြားပါပဲ။အချိန်ရရင်တော့ လူမှုဆက်ဆံရေးပညာတွေလေ့လာပါ။

အနှစ်ချုပ်

အနှစ်ချုပ်အနေနဲ့ ပြောရရင် အလုပ်ထဲမှာဖြစ်စေ၊မိသားစုထဲမှာဖြစ်စေ..ကိုယ်နဲ့မဆိုင်ရင် ဝင်မပါတာ အကောင်း ဆုံး ပါပဲ။ ငါသိငါတတ်လုပ်ပြီးသူများကိစ္စဝင်ဖြေရှင်းတာမျိုးတွေမလုပ်ပါနဲ့။

တစ်ဦးတစ်ယောက် အကြောင်းသေချာမသိဘဲ အာမခံပေးတာမျိုးတွေ၊ သက်သေအဖြစ်လက်မှတ်ထိုးပေးတာမျိုး တွေ သူများ ပစ္စည်းတွေ ခိုးရာပါပစ္စည်းလာမသိဘဲ လက်ခံတာမျိုးမလုပ်မိပါစေနဲ့။

ဘယ်သူကိုမှအားမနာနဲ့။ ဘယ်သူ အကြောင်း မှလဲ စိတ်မဝင်းစားနဲ့။ ဒီတစ်နှစ်ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ ကိုယ့်အကြောင်းပဲကိုယ်တွေးပါ။

အပြောင်းအလဲများစွာကြုံရတတ်တဲ့နှစ်ဖြစ်တာမို့ ဘာမှမပြောင်းရင် ဆံပင်ပုံစံပြောင်းပါ။ စတိုင်ပြောင်းပါ။ အရင်နှစ်နဲ့ မတူကိုယ့်ပုံစံက အသစ်ဖြစ်နေဖို့လိုပါတယ်။

တစ်ခုခုအခက်အခဲကြုံရင် အောက်လက်ငယ်သားတွေထဲ ကကူညီမဲ့သူတွေပေါ်လာတတ်ပါတယ်။ အကူအညီများစွာရလွယ်တဲ့နှစ်ဖြစ်တာမို့ တော်ရုံအခက်အခဲလဲကျော်လွှား သွားနိုင်ဖို့ရှိပါတယ်။

ရပ်ဝေးက မိတ်ဆွေတွေ၊သားသမီးတွေရှိရင် အထောက်အပံ့တွေရလာတတ်ပါတယ်။ ရပ်ဝေးကကောင်း သောအကူအညီတွေ၊ ကျေးဇူးရှိဖူးသူကကျေးဇူးပြန်ဆပ်တာမျိုးတွေအထူးပဲကြုံရတတ်တဲ့နှစ်ဖြစ်ပါတယ်။

နောက်ဆုံးမှာချင်တာက ကြာသပတေးသားသမီးများတစ်ယောက်ထဲနေ တစ်စိတ်ထဲထားနေသင့်တဲ့နှစ်ပဲဖြစ်ပါ တယ်။ အပြောင်းအလဲတွေကို လက်ခံကျတဲ့နေရာမှာ အံဝင်ခွင်ကျဖြစ်အောင်နေကြပါလို့ ပြောကြားရင်းနိဂုံးချုပ် အပ်ပါတယ်။

ယတြာ

တတ်နိုင်သမျှ ဒီနှစ်မှာ ဘုရားစေတီရောက်ခဲ့ပါက တနင်္လာထောင့်မှာ သစ်သီးခြောက်မျိုးကပ်လှူဆုတောင်းပါ။

အမှိုက်တောင်းတို့ ၊ထွေးခံတို့ စတဲ့အညစ်အကြေးစွန့်တဲ့ ပစ္စည်းတွေကို အဆင်သင့်တဲ့နေရာတွေမှာလှူပေးပါ။

မိမိထက်ငယ်သူတွေကို ဖုန်းအားသွင်းကြိုးတွေ၊ဖုန်းဘေတွေ လက်ဆောင်မကြာခဏပေးပါ………

ကြာသပတေးသားသမီးအပေါင်း သူတော်ကောင်းတို့ နှစ်သစ်မှစ၍ ရန်သူမျိုးငါးပါးဘေးမှကင်းဝေးကြပါစေ.. ဆရာ ငြိမ်းအေးလူ