Knowledge

ထူးဆန်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ သဘာဝအလျောက် မိုးသီးကြွေခြင်း ဆိုတာ

ထူးဆန်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ သဘာဝအလျောက် မိုးသီးကြွေခြင်း ဆိုတာ

မိုးသီး Hail များဟာ မိုးတိမ်တောင်များမှ အများဆုံးကြွေကျတတ်ကြပါတယ်။

မိုးတိမ်တောင်ဆိုတာ အခုလိုနွေဦး ကာလမျိုးမှာ အပူချိန် မြင့်မားခြင်းကြောင့်ဖြစ်ပေါ်လာရတဲ့ တိမ်တိုက်ကြီးတွေဖြစ်ပါတယ်။

အင်္ဂလိပ်လိုThunderstormsလို့ခေါ်ပါတယ်။ လေပူ-လေအေးတွေအထက်အောက် စုန်ဆန်တိုက်ခတ်နေတဲ့ တိမ်တိုက်ကြီးတစ်ခုပါပဲ။

အပူဟာ လေနဲ့ရေကို ပွစေပြီး အထက်သို့တက်စေပါတယ်။အထက်သို့တက်သွားတဲ့ လေနေရာကိုအေးသောလေများကဝင်ရောက်နေရာယူပါတယ်။

လေပူတွေဟာအထက်သို့ ဆန်တက်ပြီးလေအေးတွေကတော့အောက်သို့စိုက်ဆင်းပါတယ်။အထက်သို့ရောက်လာတဲ့လေနဲ့အတူ ရေခိုးရေငွေ့တွေဟာ

မိုးတိမ်တောင်ရဲ့အပေါ်ဖက်မှာရေခဲခြင်း(တနည်း) မိုးသီးများဖြစ်လို့လာပါတယ်။

မိုးတိမ်တောင်ဖြစ်စဉ်မှာ အပူချိန်အတက်အကျပြင်းထန်တဲ့အတွက်လေတိုက်ခတ်မှုလည်းအားကောင်းပါတယ်။

အဲ့ဒီလေပြင်းများကြောင့်မိုးသီးများဟာကြွေကျဖို့အကြောင်းဖန်လာပါတော့တယ်။

ဒါပေမဲ့မိုးတိမ်တောင်ထဲမှာအောက်ကပင့်တဲ့လေအားကလည်းရှိနေပြန်တော့ မိုးသီးများဟာမကြွေကျပဲတိမ်တိုက်အထက်သို့ပြန်ဆန်တက်ကြပြန်ပါတယ်။

အဲ့ဒီအခါမှာ တိမ်တိုက်ထဲကရေတွေကိုထပ်မံပွတ်တိုက်မိပြီး ရေခဲတွေထပ်မံပေါင်းစပ်ဖြစ်ပေါ်လာပါတယ်။

အဲ့ဒါကြောင့်မိုးသီးတစ်လုံးကိုကြည့်လိုက်လျှင်ကြည်လင်ပြတ်သားတဲ့(မူလ)ရေခဲ(Glaze)နေတဲ့နေရာတွေကြားမှာ ပုံစံမမှန်တဲ့ရေခဲသီး (Rime)လေးတွေကပ်နေတာကိုတွေ့ရမှာပါ။

ရေခဲတွေတဖြည်းဖြည်းစုကပ်ရင်း အလေးချိန်များလာတဲ့အခါ(သို့မဟုတ်)အပေါ်ကိုဆန်တက်နေတဲ့လေကြောင်းအားလျော့သွားတဲ့အခါမှာတော့မိုးသီးတွေဟာအခဲလိုက်မြေပေါ်သို့ကျရောက်လာပါတော့တယ်။

မိုးတိမ်တောင်ရာသီဥတုတွေ အများဆုံးဖြစ်တတ်တဲ့ဧပြီလနဲ့မေလတို့မှာရံဖန်ရံခါမိုးသီးများကြွေကျခြင်းကိုကျနော်တို့ကြုံတွေ့ကြရပါတယ်။

Crd- သန့်ဦး(အာကာသနှင့်စကြဝဠာသင်ထောက်ကူ)

Zawgyi

ထူးဆန္းၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ သဘာဝအေလ်ာက္ မိုးသီးေႂကြျခင္း ဆိုတာ

မိုးသီး Hail မ်ားဟာ မိုးတိမ္ေတာင္မ်ားမွ အမ်ားဆုံးေႂကြက်တတ္ၾကပါတယ္။

မိုးတိမ္ေတာင္ဆိုတာ အခုလိုေႏြဦး ကာလမ်ိဳးမွာ အပူခ်ိန္ ျမင့္မားျခင္းေၾကာင့္ျဖစ္ေပၚလာရတဲ့ တိမ္တိုက္ႀကီးေတြျဖစ္ပါတယ္။

အဂၤလိပ္လိုThunderstormsလို႔ေခၚပါတယ္။ ေလပူ-ေလေအးေတြအထက္ေအာက္ စုန္ဆန္တိုက္ခတ္ေနတဲ့ တိမ္တိုက္ႀကီးတစ္ခုပါပဲ။

အပူဟာ ေလနဲ႔ေရကို ပြေစၿပီး အထက္သို႔တက္ေစပါတယ္။အထက္သို႔တက္သြားတဲ့ ေလေနရာကိုေအးေသာေလမ်ားကဝင္ေရာက္ေနရာယူပါတယ္။

ေလပူေတြဟာအထက္သို႔ ဆန္တက္ၿပီးေလေအးေတြကေတာ့ေအာက္သို႔စိုက္ဆင္းပါတယ္။အထက္သို႔ေရာက္လာတဲ့ေလနဲ႔အတူ ေရခိုးေရေငြ႕ေတြဟာ

မိုးတိမ္ေတာင္ရဲ့အေပၚဖက္မွာေရခဲျခင္း(တနည္း) မိုးသီးမ်ားျဖစ္လို႔လာပါတယ္။

မိုးတိမ္ေတာင္ျဖစ္စဥ္မွာ အပူခ်ိန္အတက္အက်ျပင္းထန္တဲ့အတြက္ေလတိုက္ခတ္မႈလည္းအားေကာင္းပါတယ္။

အဲ့ဒီေလျပင္းမ်ားေၾကာင့္မိုးသီးမ်ားဟာေႂကြက်ဖို႔အေၾကာင္းဖန္လာပါေတာ့တယ္။

ဒါေပမဲ့မိုးတိမ္ေတာင္ထဲမွာေအာက္ကပင့္တဲ့ေလအားကလည္းရွိေနျပန္ေတာ့ မိုးသီးမ်ားဟာမေႂကြက်ပဲတိမ္တိုက္အထက္သို႔ျပန္ဆန္တက္ၾကျပန္ပါတယ္။

အဲ့ဒီအခါမွာ တိမ္တိုက္ထဲကေရေတြကိုထပ္မံပြတ္တိုက္မိၿပီး ေရခဲေတြထပ္မံေပါင္းစပ္ျဖစ္ေပၚလာပါတယ္။

အဲ့ဒါေၾကာင့္မိုးသီးတစ္လုံးကိုၾကည့္လိုက္လၽွင္ၾကည္လင္ျပတ္သားတဲ့(မူလ)ေရခဲ(Glaze)ေနတဲ့ေနရာေတြၾကားမွာ ပုံစံမမွန္တဲ့ေရခဲသီး (Rime)ေလးေတြကပ္ေနတာကိုေတြ႕ရမွာပါ။

ေရခဲေတြတျဖည္းျဖည္းစုကပ္ရင္း အေလးခ်ိန္မ်ားလာတဲ့အခါ(သို႔မဟုတ္)အေပၚကိုဆန္တက္ေနတဲ့ေလေၾကာင္းအားေလ်ာ့သြားတဲ့အခါမွာေတာ့မိုးသီးေတြဟာအခဲလိုက္ေျမေပၚသို႔က်ေရာက္လာပါေတာ့တယ္။

မိုးတိမ္ေတာင္ရာသီဥတုေတြ အမ်ားဆုံးျဖစ္တတ္တဲ့ဧၿပီလနဲ႔ေမလတို႔မွာရံဖန္ရံခါမိုးသီးမ်ားေႂကြက်ျခင္းကိုက်ေနာ္တို႔ၾကဳံေတြ႕ၾကရပါတယ္။

Crd- သန႔္ဦး(အာကာသႏွင့္စၾကဝဠာသင္ေထာက္ကူ)