Horoscope

မြန်မာနှစ် ၁၃၈၄ခုနှစ်အတွက် တနင်္ဂနွေသားသမီးတစ်နှစ်စာဟောကိန်း

#၁၃၈၄ခုနှစ်အတွက် တနင်္ဂနွေသားသမီးတစ်နှစ်စာဟောကိန်း

တနင်္ဂနွေသားသမီးတွေက ဒီနှစ်ကံကို မျက်စိထဲမြင်အောင်ပြောရရင် တစ်ခုခုထမ်းပိုးပြီး လမ်းလျှောက် ဈေးရောင်းတဲ့ ခေါင်းရွက်ဖျက်ထိုးသည်နဲ့ တူပါတယ်။ မပေါ့ပါးဘူး။ တစ်ခုခုကိုလေးလံစွာ ထမ်းပိုးပြီး လျှောက်နေရ တဲ့နှစ်မျိုးပါပဲ။

မိသားစုထဲမှာဆိုလဲ မိသားစုတာဝန်တွေက မိမိပေါ်ကျလာတာမျိုး၊ ဝန်ထမ်းဆိုလဲ မိမိကို တာဝန် အလုပ်တွေပိုခိုင်းပြီး အချိန်ပြည့်အလုပ်များနေတာမျိုးဖြစ်တတ်တဲ့နှစ်ပါ။

အချို့အလုပ်ကြော်ငြာတွေလို ဖိအားတွေ အောက်မှာ လုပ်ကိုင်နိုင်သူဖြစ်ရမယ် ဆိုတဲ့စကားက ဒီနှစ်တနင်္ဂနွေသားသမီးတွေကို တင်စားပြောဆိုရမဲ့ နှစ်ပဲဖြစ်ပါတယ်။ ပင်ပန်းလိမ့်မယ်ပေါ့ဗျ။

ဒီနှစ်မျိုးဟာ တနင်္ဂနွေသားသမီးကံကြမ္မာက ဉာဏ်၊ဝီရိယဆိုတာထက် ကံကြမ္မာကသာ အလေးသာပြီးကံစီမံ ရာကို လွန်ဆန်ဖို့ ခက်ခဲနေတဲ့နှစ်လဲဖြစ်ပါတယ်။

ဒါကြောင့် ကုသိုလ်တရားတွေကို အမြဲတမ်းထုံမွှန်းထားသူတွေက တော့ဒီနှစ်မှာ ‌ကောင်းသောကံတွေဖြစ်လာပေမဲ့ ရတနာသုံးပါးကို မေ့နေသူတွေ အကုသိုလ်များသူတွေကတော့ဒီနှစ် မှာ အဆိုးများအညံ့များနိုင်တာကိုတွေ့ရပါတယ်။

#အလုပ်စီးပွားကံ

အလုပ်ကံတွေကောင်းနေပေမဲ့ ပင်ပန်းမှုတွေနဲ့ တွဲပါနေတတ်တဲ့နှစ်ပါပဲ။ နားလည်အောင်ပြောရရင် ဒီနှစ်မှာ အချိုအချောင် ရစရာများမရှိပါဘူး။ နည်းနည်းလုပ်ပြီး များများလိုချင်သူတွေ၊ သူများကိုအညွှန့်ခူးစားကြသူတွေ၊ ရေပေါ်ဆီတွေ၊ခေါင်းပုံဖြတ်သူတွေ ဒုက္ခများနိုင်တာကိုတွေ့ရပါတယ်။

အလုပ်နဲ့ပတ်သက်ရင် ဝန်ထမ်းဆိုလဲ မိမိကို စောင့်ကြည့်ပြီး မိမိလုပ်သမျှဂုဏ်တု ဂုဏ်ပြိုင်နဲ့ ပြိုင်ဆိုင်သူတွေပေါနေတတ်ပါတယ်။ အေးဆေးနေသူ၊အားနာတတ် သူ၊နှိမ်ချသူဆိုရင် ပြိုင်ဆိုင်သူမရှိပေမဲ့

ဒီအလုပ်တွေကူပေးပါအုံး၊ဒီစာရင်းလေးတွေ လုပ်ပေးပါအုံး၊ ရက်ရှည်ခွင့် ယူမှာမို့ ငါ့ နေရာတာဝန်ယူပေးဖို့ လက်မှတ်ထိုးပေးပါအုံး..စတဲ့အနေအထားမျိုးတွေလဲ ကြုံရတတ်ပါတယ်။

ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းများ တစ်ခုသတိထားရမယ်။ အပြိုင်အဆိုင်အနီးအနားမှာရှိရင် မိမိကို ပြိုလဲသည်အထိတိုက် ခိုက်တာမျိုးတွေကြုံရတယ်။ မိမိလုပ်ငန်းအဆင်ပြေရင်တောင်မှာကြွားဝါတာမျိုးတွေကို ရှောင်ပါ။

တတ်နိုင်သမျှ ထုတ်ကြွားထုတ်ဝတ်တာတွေမလုပ်ပါနဲ့။ မိမိအဆင်ပြေနေတာကို မနာလိုသူမရှု့စိမ့်သူတွေများနေတာမို့ပါ။ လုပ်ငန်းသစ်စချင်သူများအတွက် အရင်းအနှီးရလွယ်သောနှစ်ပိုင်းဖြစ်ကြသလို သူများဆီက ငွေချေးငှားလို့ကောင်း တဲ့နှစ်လဲဖြစ်ပါတယ်။

ငွေရှာရလွယ်တယ်။ မိမိနားလည်တက်ကျွမ်းတဲ့ အလုပ်တွေမှာ ရင်းနှီးမြုပ်နှံမှုတွေဆောင်ရွက် လို့ကောင်းတဲ့နှစ်လဲဖြစ်ပါတယ်။ နိုင်ငံခြားနဲ့ဆက်စပ်လုပ်ငန်းများ၊နိုင်ငံခြားသွားဖို့ကြိုးစားနေသူများအဆင်ပြေပါ လိမ့်မယ်။

#လူမှုရေး

ဒီနှစ်မှာလူမှုရေးကံအားနည်းချက်တွေများပါတယ်။ အထူးသဖြင့်မိမိက ပရဟိတအားနည်းသူမျိုး ၊ကိုယ်ကျိုး ကြည့်ပြီး အတ္တကိုရှေ့တန်းတင်ထားသူဆို ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေကအစ မိမိကိုစွန့်ခွာသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။

ကိုယ်လိုဘက်ရှိမှ မိတ်ဆွေတွေဆက်သွယ်သူတွေ၊ သူများအခက်အခဲရှိရင် မသိချင်ယောင် ဆောင်တတ်သူများအထူးသတိထားပါ။ မိမိကိုမုန်းလို့ အပြုတ်တိုက်မဲ့သူတွေပေါင်းစုမိပြီး ဝိုင်းဝန်းချောက်ချတာမျိုး တွေဖြစ်တတ်ပါတယ်။

အရင်ကတည်းက အများအတွက် ဦးစားပေးသူကတော့ ဒီနှစ်မှာ အများရဲ့ အကူအညီအချီး အမြောက်ကိုခံရပါလိမ့်မယ်။ ကိုယ့်ရဲ့ညီအကိုမောင်နှမတွေထဲမှာ မိမိနဲ့မတည့်တဲ့သူရှိရင် ဒီနှစ်မှာပိုဆိုးလာဖွယ်ရာရှိ နိုင်တဲ့ကာလပဲဖြစ်ပါတယ်။

#အချစ်ရေးမေတ္တာရေး
အချစ်‌ရေးမေတ္တာရေးတွေမှာတော့ လျှို့ဝှက်တဲ့အနေအထားတွေများနေတတ်ပါတယ်။ ချစ်သူနဲ့ဝေးနေရ တာပဲဖြစ်ဖြစ်၊အများသိမှာဆိုးလို့ ခိုးတွဲတာမျိုးပဲဖြစ်ဖြစ် ဒီလိုနှစ်မျိုးမှာဖြစ်တတ်ပါတယ်။

ချစ်သူနဲ့ လက်ထပ်ဖို့ကိစ္စ တွေက အလှမ်းဝေးနေတတ်ပါတယ်။ ကြိုတင်စီစဉ်ထားသူမဟုတ်ရင် ဒီနှစ်မှာ လက်ထပ်ဖို့ကိစ္စတွေမှာ မိခင်က သဘောမတူတာ..၊လက်ထပ်ဖို့ငွေစုရင်ပြန်ကုန်သွားတာမျိုးတွေဖြစ်တတ်တဲ့ကာလပဲဖြစ်ပါတယ်။

ချစ်သူလက်မဲ့ FA တွေကတော့ ဒီနှစ်မှာ ဖူးစာဖက်က နီးနီးနားနားမဟုတ်ဘဲ အဝေးကလူတွေ၊ အွန်လိုင်းကဆုံဆည်းရတာတွေ၊ခရီးသွား ရင်တွေ့တာမျိုးတွေ..ရေနဲ့နီးတဲ့နေရာတွေမှာ နေတဲ့ချစ်သူမျိုးတွေနဲ့ ကြုံရဆုံရတတ်ပါတယ်။

ဒီနှစ်ကတနင်္ဂနွေသားသ မီးအများစုက ကံညံ့နေတာမို့ ချစ်သူကိုဂရုစိုက်ဖို့ မေ့လျောတတ်တာမို့ ချစ်သူက ကိုယ့်ထက်သာသူနောက်ပါသွား တာမျိုးတွေကလဲ ဖြစ်တတ်တာမို့ ချစ်သူကိုအချိန်ပေးနိုင်ဖို့လိုပါတယ်။

#အိမ်ထောင်‌ရေး
အိမ်ထောင်ရေးမှာတော့ လျှို့ဝှက်အိမ်ထောင်ရေးကိစ္စတွေပေါ်တတ်ပါတယ်။ လင်ငယ်မယားငယ် ပြဿနာ တွေ၊ တိတ်တိတ်ပုန်းခြေရှုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

အေးဆေးတည်ငြိမ်သူတွေမှာတော့ မဖြစ်ပေမဲ့ အရင်က တည်းက ခြံခုန်ဖို့အရှိန်ယူနေသူကတော့ ဒီကာလမှာ တိတ်တိတ်ပုန်းအိမ်ထောင်ရေးတွေဖြစ်တတ်ပါတယ်။

မိမိကိုယ် တိုင်ကရှုပ်ချင်ရင် ရှုပ်ဖို့အခွင့်အလမ်းတွေရလာတယ်ပေါ့ဗျ..။ အထူးသတိထားရမှာက အမျိုးသားတွေပါ။ ဒီနှစ်မှာ ရှုပ်မိရင် အကုန်ဘူးပေါ်သလိုပေါ်ပြီးတော့ အိမ်ပေါ်က ခေါင်းနဲ့ ဆင်းမလား…။

တစ်လင်တမယားဥပဒေနဲ့ အတိုင်ခံ မလားဆိုတာမျိုးတွေထိ ဖြစ်တတ်တာမို့ ပါးနပ်တဲ့မိန်းမတွေကို ယူထားတဲ့ တနင်္ဂနွေသားတွေ မလည်ဘဲနဲ့ ရှုပ်ချင်ရင် သတိထားပေတော့။

#ကျန်းမာရေး

ဒီနှစ်မှာကျန်တာတွေမကောင်းဘူး.ညံ့တယ်ဆိုပေမဲ့..ကျန်းမာရေးလောက်တော့ မညံ့ပါဘူးနော်။ စနေဂြိုဟ်စီး နင်းခြင်းခံထားရတဲ့နှစ်ဖြစ်တာမို့ ရောဂါဟောင်း၊အနာဟောင်းတွေပေါ်တတ်ပါတယ်။

ရေဂြိုဟ်တွေနဲ့ ပက္ခတ်မိတာ မို့ အမျိုးသားတွေအနေနဲ့ အရက်နဲ့ပတ်သက်သော ရောဂါတွေဖြစ်တတ်ပါတယ်။ အရင်ကတည်းက အရက်ကျေးကျွန်ဖြစ်နေတဲ့ တနင်္ဂနွေသားတွေကတော့ ငွေသာရှာထားပေတော့ ..။

အမျိုးသမီးများ ဓမ္မတာသွေးနဲ့ ပတ်သက်တဲ့ရောဂါ တွေ၊ ဓမ္မတာမမှန်တာမျိုးတွေ၊ သားအိမ်နဲ့ပတ်သက်တာတွေသတိထားပါ။ ဒါအပြင် တနင်္ဂနွေသားသမီးများ လူကြီးလူငယ်မရွေး လေထဲမှာရှိတဲ့ကူးစက်ရောဂါတွေကိုသတိထားပါ။

ကူးစက်ရောဂါဖြစ်တတ်ပါတယ်။ လိုအပ်လို့ သွေးသွင်းကုသရမဲ့သူများ စိတ်ချရတဲ့သူတွေဆီက သွေးကိုဦးစားပေးသွင်းပါ။ သွေးကတဆင့်လဲ ကူးစက်ရောဂါတွေဖြစ်တတ်ပါတယ်။

ကလေးငယ်များကတော့ ဒီနှစ်မှာ ရေကို စိမ်ပြီးချိုးတာ၊ မြစ်ချောင်းအင်းအိုင်တွေမှာ ရေကူးတာမျိုးတွေသတိထားပါ။ လမ်းလျှောက်တက်ခါက ကလေးငယ် များရှိရင် သူတို့ လက်လှမ်းမီတဲ့ ရေအိုးရေကန်၊စဉ့်အိုးတွေကို သေချာဖုံးအုပ်ထားပါ။

#ပညာရေး

ပညာရေးကတော့ ကျောင်းပညာသင်နေသူတွေကတော့ သတိထားပါဗျ။ မိမိကိုလိုက်ပြိုင်ကြသူတွေကြောင့် အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ မိမိအဆင့်ဘယ်လောက်ရတယ်..အမှတ်ဘယ်လောက်ရတယ်ကအစလိုက် ကြည့်ပြီးပြိုင်ဆိုင်ကြသူတွေရှိနေတတ်ပါတယ်။

ပြည်ပကျောင်းတွေတက်ချင်သူတွေ၊ နိုင်ငံခြားပညာတော်သင် ၊နိုင်ငံ ခြားစကောလာရှစ်လျှောက်မဲ့သူတွေကတော့ အဆင်ပြေတတ်တာကိုတွေ့ရပါတယ်။ ပညာရေးမှာ ဇွဲနပဲနဲ့သာကြိုး စားပါ။ပညာရေးအခွင့်အလမ်းတွေက မိမိဆီရောက်လာပါလိမ့်မယ်။

ဘာသာစကားတစ်ခုခုသင်ဖို့ စဉ်းစားနေသူများ အချိန်ဆွဲမနေနဲ့ဗျ။ ဒီတစ်နှစ်သင်လိုက်ရင် ဘာသာစကားတစ်ခုကို မှန်ထားသည်ထက်ပိုမို သင်လွယ်တတ်လွယ်တာ မျိုးတွေ့ရတယ်။

မိမိသာအားထည့်ဖို့လိုတယ်။ ကျောင်းစနေမဲ့ ၅နှစ်ဝန်းကျင်ကလေးငယ်တွေကိုအဆင့်မြင့်ကျောင်း တွေထားဖို့ စိတ်ကူးနေရင် ရဲရဲသာထားလိုက်ပါ။ ရေရှည်အဆင်ပြေသွားပါလိမ့်မယ်။

#အနှစ်ချုပ်

ဒီနှစ်ဟာ တနင်္ဂနွေသားသမီးများဟာ ယေဘုယျအားဖြင့်ကံနိမ့်နေ တယ်လို့ပဲ ယူဆရမှာဖြစ်ပါတယ်။ မူလဖွားဇာတာအရ ​ကောင်းသောဒသာကာလအပိုင်းအခြားတွေကိုဖြတ်သန်းနေရတဲ့ သူတွေအတွက် တော့ အဆိုးတွေ ကျ ရောက်မှာမဟုတ်ပေမဲ့

မူလဇာတာအရလဲ ဒီနှစ်ပိုင်းမှာ အညံ့တွေကြုံရနိုင်သူတွေက တော့ အဆိုးတွေကိုမဖြစ် မ နေ ရင်ဆိုင်ကြရပါလိမ့်မယ်။ ခရီး သွားရင် အန္တရာယ်ကြုံရတတ်တဲ့နှစ်ဖြစ်တာမို့

မိမိတို့ အေနနဲ့ မလိုအပ်ဘဲ ခရီးသွားတာမျိုး အ​ပျော်အပါးအတွက် ခရီးသွားတာမျိုးတွေ တတ်နိုင်သ လောက်လျှော့ချထားနိုင်ဖို့လိုပါ တယ်၊ ပင်ပန်းမှုတွေကို ကြံ့ကြံ့ခံပြီးကျော်ဖြတ်သူတွေက တော့ နေရာကောင်းရခြင်း၊ရာထူး တိုးခြင်း၊ ဆုထူးဆုလာဘ်တွေရခြင်းမျိုးတွေကြုံလာရပါလိမ့်မယ်

#ယတြာ

ကံညံ့နေတဲ့နှစ်တွေကို ဖြတ်သန်းနေရသူတွေက ဆန်းဗေဒင်မှာ အနိဌ သ ဘောမို့ အနိဌယတြာတွေလုပ်ရတယ်၊ ဘုရားရောက်ရင် တံမြက်စည်းလှဲတာမျိုးတွေ၊ဘုန်းကြီးကျောင်းတွေ မှာ အမှိုက်ကောက် ကုဋီရေဖြည့်တာမျိုးတွေ ဆောင်ရွက်လို့ကောင်းပါတယ်၊

ပရဟိတအလုပ်တွေ လုပ်ရတယ်၊ လမ်းပြင်ရတယ်၊ ဘုရားစေတီတွေကို ထုံးသင်္ကန်းကပ်တာမျိုးတွေ ဆောင်ရွက် ပေးရပါတယ်၊၊ စိတ်ရှည်ရတယ်၊ဇွဲရှိရမယ်။ အပင်ပန်းခံနိုင်ရမယ်။

စကားနည်းရန်စဲဆိုတာမျိုး နေသင့်တဲ့နှစ်ပဲဖြစ်ပါတယ်၊ တစ်နှစ်လုံးဆောင်ရွက်သင့်တဲ့ အထူးယတြာက တော့ အားတဲ့ နေ့မှာနီးစပ်ရာစေတီကိုသွားပါ၊ ပွင့်တော်မူပြီးသော စ ေနေန့ဖွားဘုရားရှင်တွေကိုရည်မှန်းပြီး ဒိန်ချဉ်တစ်ခွက်နဲ့ နှင်းဆီပန်း ရပွင့် စနေထောင့်မှာ ကပ်လှူပါ

ဘုရားရှစ်ခိုးပြီးလို့ မေတ္တာပို့အမျှေဝချိန်ကျရင် စေန ဂြိုဟ်မင်းနှင့် တကွ စ နေသားသမီးတွေကို မေတ္တာပို့ အမျှေဝေပးတာမျိုး မကြာခဏ ဆောင်ရွက်ပေးခြင်းဖြင့် အဆိုးတွေ လျော့ပါးပြီးကောင်းသောကံတွေ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

တနင်္ဂ နွေသားသမီး အ ပေါင်းသူတော်ကောင်းတို့ မြန်မာနှစ်သစ်ကစလို့ ကံကောင်းခြင်းတွေ ရောက်ရှိလာကြပါစေ Crd- ဆရာ ငြိမ်းအေးလူ
09775555695