Knowledge

သံပုရာသီးကို အသီးများများတင်အောင်ပြုလုပ်နည်း

နည်းလမ်း ၁- သံပရာ ပင်အားရေဖြတ်တောက် သည့်နည်း နှင့် နည်း စနစ် နည်း လမ်း ၂ – အ ခေါက်ခွာနည်း

ပထမ နည်းဖြစ်တဲ့ နည်းလမ်း ၁- က တော့ သံပုရာ ပင်ကိုပန်းအိုး သို့ မ ဟုတ် ကျော က် ခွေ နဲ့ စိုက် ပျိုး ထား တဲ့ သံ ပု ရာ ပင် ကို ရေ အ ဝ လောင်း ပြီး တ ပါတ် ကျော် နှစ် ပါတ် လောက် ထိ အောင် ရေ မ လော င်း ဘဲ နဲ့ ရေ ဖြတ် ထား ကြ ရ ပါ့ မယ်

၄င်းနောက် ရေ ဖြတ် ထား သော အ ပင် ကို နေ ရောင် ခြည် မပေါက် သော ကျွတ် ကျွတ်အိတ် အ မဲ ဖြင့် သံ ပု ရာ အိုး သို့ မ ဟုတ်ကျောက်ခွေအိုးကို အလုံအုပ်ပေးထားကြရပါမယ်

ကိုင်းဖျားတွေဆခြာက်သွေ့ပြီး အ ရွက်များလိပ်သွားပါလိမ့်မယ်။ ထိုသို့ဖြစ်သွားပြီဆိုမှ အုပ်ထားသာပလပ်စတစ် အ နက်စကို ပြန်လည်ဖွင့်ပေးပြီး ခြောက်သွေ့နေသော အကိုင်းဖျားများကို နှစ်လက်မ က နေ ရှစ်လက်မလောက်ထိ ဖြတ်တောက်ပေးရပါ့မယ်

ထိုသို့ပြု လုပ်ပြီးသည့်အချိန်မှစ တင်၍ ၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာကို ထည့်သွင်းပြီးသကာလ ရေအဝတိုက်ပါ့မယ်

အ သီးအပွင့်တင်စေသော ဟော်မုန်းပါသည့် ဆေးရည်များ ဖြန်းပေးကြရပါ့မယ် ၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာဝယ်

ဝယ်ယူလို့ မရရှိပါက နွားချေး တပြည်သားခန့်နှင့် အရွက်ခြောက် သစ်ရွက်ဆွေး သုံးပြည်သားခန့်ကို ရောမွှေပြီး အပင်ခြေတွင် အုပ်ပေးကာ

ရေတိုက် ဟော်မုန်းဆေး အ သီး/အပွင့်အတွက် ဖြန်းပေးရပါ့မယ် ဒီပထမနည်းကတော့ နွေရာသီမှာ သံပုရာသီးအသီးများပြွတ်သိပ်သီးပြီး

စျေးကောင်းရတဲ့အချိန်မှာ အ သီး သီးစေနိုင်ဖို့ ဆောင်ရွက်တဲ့ပထမနည်းလမ်းပါခင်ဗျ

ဒုတိ ယနည်းလမ်း ၂- ကတော့ သံပုရာပင်ကို အခေါက်ခွာတဲ့နည်းလမ်းဘဲဖြစ်ပါတယ်။ ဒီလိုအ ခေါက်ခွာတဲ့နေရာမှာ ဓါးဒဏ်ရာများမွှစာကျဲပြီး နှစ်ချက်သုံးချက်ဖြစ်မနေဖို့လိုအပ်ပါတယ်

ဓါးဒဏ်ရာတွေမွှစာကျဲပြီး သုံးလေးနေရာဖြစ်နေခဲ့ရင်တော့ အပင်ကသေသွားမှာဖြစ်ပါတယ်

ကိုင်းကူးတဲ့နည်းစနစ်များအတိုင်း အပင်ရင်းမြေပေါ်ကနေခြော က်လက်မလောက်ကနေ အပင်ပါတ်လည်ကို နှစ်လက်မလောက် ပါတ်လည်ကို အ ခေါက်ခွာပေးရမှာဖြစ်ပါတယ်

ဓါးထက်ထက်ဖြင့် ဒဏ်ရာတစ်ခုတည်းဖြစ်အောင် စ နစ်တကျခွာပေးကြရပါမယ်

ဒီလို အခေါက်ခွာပြီးသည်နှင့် အစာနှင့်ရေ အသီးအပွင့်ဟော်မုန်းဆေး ပုံမှန်အတိုင်း တိုက်ကျွေးသွားမယ်ဆိုရင် နွေရာသီမှာ သံပုရာသီး အ သီးများပြွတ်သိပ်နေအောင် ရရှိမှာဖြစ်ပါတယ်

သံပုရာသီးပင် မသီးလို့ စိတ်ညစ်နေတာလား ပိုးတွေကျမှာစိုးရိမ်နေတာလား လွယ်လွယ်လေးပါ။သံပုရာသီး အပင်ခြေ နမ်းဖတ် ပုတ်စိမ်ပြီးဖြန်းလိုက်ပါ

နောက် ကြက်ဥဟောမုန်းလေးတစ်ပါတ်တစ်ကြိမ်ဖြန်းပေးပါ အသီးတွေ ကောင်းကောင်းသီးလာမယ်

ကြက်ဥ ၄ လုံးနို့ချဉ်၁ ဇွန်းသ ကြားညို ၁ ဇွန်းဗူးအလွတ် ၁ ဗူး ထည့်ရန် အားလုံးရောစပ်ပြီးလျင် နေမပြရပါဘူး၊ နေရောင်မရှိတဲ့အရိပ်အောက်မှာပဲ ၃ ရက်ထားပြီးလျင် အသုံးပြုနိုင်ပါပြီ။ ကြက်ဥဟော်မုန် ၁ ဇွန်း ကို ရေ ၂၀ လီတာဖြင့် အ ပင်နဲ့အရွက်တွေကို ဖျန်းပက်နိုင်ပါပြီ Crd