News

ရန်ကုန်ရှိ စစ်ကောင်စီတပ်ဖွဲ့၊ မိသားစုဝင်များ နေပြည်တော်သို့ ပြောင်းရွှေ့နေ

ရန္ကုန္ရွိ စစ္ေကာင္စီတပ္ဖြဲ႕၊ မိသားစုဝင္မ်ား ေနျပည္ေတာ္သို႔ ေျပာင္းေ႐ႊ႕ေန

ၿမိဳ႕ျပတိုက္ပြဲ အရွိန္တက္ေနသည့္ ရန္ကုန္က လုံၿခဳံမႈ နည္းပါးလာခ်ိန္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တို႔၏ မိသားစုမ်ားက ေနျပည္ေတာ္တြင္ ေနထိုင္ရန္ ေ႐ြးခ်ယ္လာၾကသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ မိသားစုဝင္မ်ားသည္ လုံၿခဳံေရးစိုးရိမ္ခ်က္မ်ားေၾကာင့္ ရန္ကုန္ကို စြန္႔ခြာ၍ ေနရာေျပာင္းေ႐ႊ႕ေနၾကသည္ဟု သိရွိရသည္။

ရန္ကုန္ၿမိဳ႕ျပေပ်ာက္ၾကားတို႔ထံ လက္နက္အမ်ားအျပားေရာက္ရွိေနသည္ဟု သတင္းရရွိေၾကာင္း၊ ယင္းအေျခအေနတြင္ စစ္ေကာင္စီက စစ္တပ္မိသားစုဝင္မ်ားကို အကာကြယ္မေပးႏိုင္ဟု ယူဆကာ ေနျပည္ေတာ္သို႔ အစုလိုက္၊ အၿပဳံလိုက္ ေျပာင္းေ႐ႊ႕ေနျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ အမည္မေဖာ္လိုသူ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက ရန္ကုန္ၿမိဳ႕တြင္ စစ္ေကာင္စီ၏ ဗဟိုဘဏ္ဒုတိယဥကၠဌျဖစ္သူ ေဒၚသန္းသန္းေဆြ ေနအိမ္တြင္ တိုက္ခိုက္ခံရမႈ၊ လမ္းမေတာ္ၿမိဳ႕နယ္ စစ္ဘက္အုပ္ခ်ဳပ္ေရးတာဝန္ခံ ဗိုလ္မႈးကုေဋၿဖိဳးေအာင္ လမ္းေပၚတြင္ ပစ္ခတ္ခံရမႈတို႔အၿပီး ထိုအေျပာင္းအေ႐ႊ႕သတင္း ထြက္ေပၚလာျခင္းျဖစ္သည္။

PDF တို႔က စစ္ေကာင္စီဘက္ေတာ္သားတို႔ကို တိုက္ခိုက္ရာတြင္ မိသားစုဝင္မ်ားကို ပစ္မွတ္ထားျခင္း မရွိေသာ္လည္း ေျပာင္းေ႐ႊ႕မႈမ်ားက သိသိသာသာ ရွိလာေနသည္။

ယခုႏွစ္ဆန္းပိုင္းမွစ၍ စစ္ေကာင္စီ၏ အုပ္ခ်ဳပ္မႈၿမိဳ႕ေတာ္ ေနျပည္ေတာ္တြင္ လာေရာက္အေျခခ်ေနထိုင္သူမ်ား သိသိသာသာမ်ားလာေၾကာင္း၊ အမ်ားစုမွာ စစ္တပ္အရာရွိမိသားစုမ်ား၊ ၎တို႔ႏွင့္ ဆက္စပ္သူမ်ားျဖစ္ေၾကာင္း ေနျပည္ေတာ္ရွိ ေဒသခံအခ်ိဳ႕က ဆိုသည္။

“တစ္လပိုင္းေလာက္ကတည္းက ေနျပည္ေတာ္မွာ လူအသစ္ေတြ အရမ္းမ်ားလာတယ္” ဟု လုံၿခဳံေရးအရ အမည္မေဖာ္လိုသည့္ ေနျပည္ေတာ္ေဒသခံ အငွားယာဥ္ေမာင္းတစ္ဦးက ေျပာျပသည္။

အထူးသျဖင့္ စစ္တပ္အသိုင္းအဝိုင္း အမ်ားစုေနထိုင္သည့္ ပုဗၺသီရိၿမိဳ႕နယ္သို႔ ေျပာင္းလာသူ မ်ားျပားၿပီး အိမ္ၿခံေျမေဈးပင္ မတန္တဆျမင့္တက္သြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

“လူအသစ္ေတြ အရမ္းမ်ားလာတာေတာ့ ေတာ္ေတာ္သိသာတယ္။ အထူးသျဖင့္ ပုဗၺဘက္မွာ အရင္က သိန္း ၄၀၊ ၅၀ ေတာင္ အဝယ္မရွိတဲ့ ေခ်ာင္ထဲကဟာ (ေျမကြက္) ေတြေတာင္ သိန္း ၂၀၀ေလာက္ ျဖစ္ကုန္တယ္” ဟု ပုဗၺသီရိၿမိဳ႕နယ္တြင္ ေနထိုင္သည့္ ၃၅ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာသည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၏ ဗဟိုခ်က္မတြင္ တည္ရွိေသာ ပုဗၺသိရိၿမိဳ႕နယ္ကို ေဒသအေခၚအားျဖင့္ တပ္ပုဗၺႏွင့္ အရပ္ပုဗၺဟူ၍ ေခၚဆိုၾကၿပီး ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တည္ရွိရာ တပ္ပုဗၺဘက္ျခမ္းတြင္ စစ္ေကာင္စီတပ္အရာရွိမိသားစုမ်ား၊ စစ္တပ္ႏွင့္ နီးစပ္သူမ်ား အမ်ားဆုံးေနထိုင္ၾကသည္။

ေလတပ္ ဗိုလ္ႀကီးေအာင္ေက်ာ္မင္းဆိုသူသည္ မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္တြင္ ေနထိုင္သည့္ ၎၏ မိဘႏွစ္ဦးအပါအဝင္ စုစုေပါင္း မိသားစုဝင္ ၃ ဦးကို ၿပီးခဲ့သည့္ ဇန္နဝါရီလအတြင္းက လုံၿခဳံေရးအေၾကာင္းျပခ်က္ျဖင့္ တပ္ပုဗၺသို႔ ေျပာင္းေ႐ႊ႕ေစခဲ့သည္ဟု ထိုၿမိဳ႕နယ္တြင္ ေနထိုင္ေသာ၊ ထိုအရာရွိႏွင့္ နီးစပ္ေသာ အမ်ိဳးသားတစ္ဦးက Myanmar Now ကို ေျပာသည္။

ေနျပည္ေတာ္တြင္ PDF လႈပ္ရွားမႈ မ်ားစြာ မရွိေသးေပ။

၂၀၂၁ ေဖေဖာ္ဝါရီ ၁ တြင္ စစ္တပ္က အာဏာသိမ္းစဥ္ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္သည့္ ျပည္သူမ်ားကို ပစ္ခတ္သတ္ျဖတ္ရာမွ လက္နက္ကိုင္ခုခံတြန္းလွန္မႈမ်ား ႏိုင္ငံအႏွံ႔ ေပၚေပါက္လာသည္။

စစ္အာဏာသိမ္းမႈဆန္႔က်င္သူမ်ားသည္ စစ္ေကာင္စီ၏ လုံၿခဳံေရးႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားကို မၾကာခဏ ခုခံတိုက္ခိုက္လ်က္ရွိသည္။

ၿပီးခဲ့သည့္ ဧၿပီ ၇ နံနက္ပိုင္းက ရန္ကုန္၊ ဗဟန္းၿမိဳ႕နယ္ ေ႐ႊဂုံရိပ္မြန္အိမ္တြင္ ေနထိုင္သည့္ ဗဟိုဘဏ္ဒုတိယဥကၠဌျဖစ္သူ ေဒၚသန္းသန္းေဆြကို အမ်ိဳးသားညီၫႊတ္ေရးအစိုးရ (NUG) လက္ေအာက္ရွိ ရန္ကုန္တိုင္းစစ္ေဒသခြဲ ကြပ္ကဲေရးအဖြဲ႕က တိုက္ခိုက္ခဲ့သည္။

ခုခံတြန္းလွန္စစ္ပြဲ စတင္သည့္ ၂၀၂၁ စက္တင္ဘာ ၇ မွစ၍ ယခုႏွစ္ ဧၿပီ ၇ အထိ စစ္ေကာင္စီ၊ ၎တို႔အုပ္ခ်ဳပ္ေရး၊ စီးပြားေရးပစ္မွတ္ေပါင္း ၁၁၂၈ ခု ကို ပ်ံလႊားေအာင္စစ္ဆင္ေရးေခါင္းစဥ္ျဖင့္ တိုက္ခိုက္ခဲ့သည္ဟု ရန္ကုန္တိုင္းစစ္ေဒသခြဲ ကြပ္ကဲေရးအဖြဲ႕က ထုတ္ျပန္ထားသည္။

ထို႔ျပင္ ဧၿပီ ၁၀ ညေန ၆ နာရီခန္႔တြင္လည္း ရန္ကုန္ ေမာ္တင္ဆိပ္ကမ္းတြင္ရွိေသာ လမ္းမေတာ္ၿမိဳ႕နယ္ စစ္ဘက္အုပ္ခ်ဳပ္ေရးတာဝန္ခံ ဗိုလ္မႉးကုေဋၿဖိဳးေအာင္ကိုလည္း ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕တစ္ခုက ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ရန်ကုန်ရှိ စစ်ကောင်စီတပ်ဖွဲ့၊ မိသားစုဝင်များ နေပြည်တော်သို့ ပြောင်းရွှေ့နေ

မြို့ပြတိုက်ပွဲ အရှိန်တက်နေသည့် ရန်ကုန်က လုံခြုံမှု နည်းပါးလာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ မိသားစုများက နေပြည်တော်တွင် နေထိုင်ရန် ရွေးချယ်လာကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များသည် လုံခြုံရေးစိုးရိမ်ချက်များကြောင့် ရန်ကုန်ကို စွန့်ခွာ၍ နေရာပြောင်းရွှေ့နေကြသည်ဟု သိရှိရသည်။

ရန်ကုန်မြို့ပြပျောက်ကြားတို့ထံ လက်နက်အများအပြားရောက်ရှိနေသည်ဟု သတင်းရရှိကြောင်း၊ ယင်းအခြေအနေတွင် စစ်ကောင်စီက စစ်တပ်မိသားစုဝင်များကို အကာကွယ်မပေးနိုင်ဟု ယူဆကာ နေပြည်တော်သို့ အစုလိုက်၊ အပြုံလိုက် ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်ဒုတိယဥက္ကဌဖြစ်သူ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် တိုက်ခိုက်ခံရမှု၊ လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှုးကုဋေဖြိုးအောင် လမ်းပေါ်တွင် ပစ်ခတ်ခံရမှုတို့အပြီး ထိုအပြောင်းအရွှေ့သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

PDF တို့က စစ်ကောင်စီဘက်တော်သားတို့ကို တိုက်ခိုက်ရာတွင် မိသားစုဝင်များကို ပစ်မှတ်ထားခြင်း မရှိသော်လည်း ပြောင်းရွှေ့မှုများက သိသိသာသာ ရှိလာနေသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ကောင်စီ၏ အုပ်ချုပ်မှုမြို့တော် နေပြည်တော်တွင် လာရောက်အခြေချနေထိုင်သူများ သိသိသာသာများလာကြောင်း၊ အများစုမှာ စစ်တပ်အရာရှိမိသားစုများ၊ ၎င်းတို့နှင့် ဆက်စပ်သူများဖြစ်ကြောင်း နေပြည်တော်ရှိ ဒေသခံအချို့က ဆိုသည်။

“တစ်လပိုင်းလောက်ကတည်းက နေပြည်တော်မှာ လူအသစ်တွေ အရမ်းများလာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နေပြည်တော်ဒေသခံ အငှားယာဉ်မောင်းတစ်ဦးက ပြောပြသည်။

အထူးသဖြင့် စစ်တပ်အသိုင်းအဝိုင်း အများစုနေထိုင်သည့် ပုဗ္ဗသီရိမြို့နယ်သို့ ပြောင်းလာသူ များပြားပြီး အိမ်ခြံမြေဈေးပင် မတန်တဆမြင့်တက်သွားသည်ဟု ဒေသခံများက ပြောသည်။

“လူအသစ်တွေ အရမ်းများလာတာတော့ တော်တော်သိသာတယ်။ အထူးသဖြင့် ပုဗ္ဗဘက်မှာ အရင်က သိန်း ၄၀၊ ၅၀ တောင် အဝယ်မရှိတဲ့ ချောင်ထဲကဟာ (မြေကွက်) တွေတောင် သိန်း ၂၀၀လောက် ဖြစ်ကုန်တယ်” ဟု ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်သည့် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေ၏ ဗဟိုချက်မတွင် တည်ရှိသော ပုဗ္ဗသိရိမြို့နယ်ကို ဒေသအခေါ်အားဖြင့် တပ်ပုဗ္ဗနှင့် အရပ်ပုဗ္ဗဟူ၍ ခေါ်ဆိုကြပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တည်ရှိရာ တပ်ပုဗ္ဗဘက်ခြမ်းတွင် စစ်ကောင်စီတပ်အရာရှိမိသားစုများ၊ စစ်တပ်နှင့် နီးစပ်သူများ အများဆုံးနေထိုင်ကြသည်။

လေတပ် ဗိုလ်ကြီးအောင်ကျော်မင်းဆိုသူသည် မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် နေထိုင်သည့် ၎င်း၏ မိဘနှစ်ဦးအပါအဝင် စုစုပေါင်း မိသားစုဝင် ၃ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက လုံခြုံရေးအကြောင်းပြချက်ဖြင့် တပ်ပုဗ္ဗသို့ ပြောင်းရွှေ့စေခဲ့သည်ဟု ထိုမြို့နယ်တွင် နေထိုင်သော၊ ထိုအရာရှိနှင့် နီးစပ်သော အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

နေပြည်တော်တွင် PDF လှုပ်ရှားမှု များစွာ မရှိသေးပေ။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းစဉ် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ရာမှ လက်နက်ကိုင်ခုခံတွန်းလှန်မှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်သူများသည် စစ်ကောင်စီ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီ ၇ နံနက်ပိုင်းက ရန်ကုန်၊ ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန်အိမ်တွင် နေထိုင်သည့် ဗဟိုဘဏ်ဒုတိယဥက္ကဌဖြစ်သူ ဒေါ်သန်းသန်းဆွေကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။

ခုခံတွန်းလှန်စစ်ပွဲ စတင်သည့် ၂၀၂၁ စက်တင်ဘာ ၇ မှစ၍ ယခုနှစ် ဧပြီ ၇ အထိ စစ်ကောင်စီ၊ ၎င်းတို့အုပ်ချုပ်ရေး၊ စီးပွားရေးပစ်မှတ်ပေါင်း ၁၁၂၈ ခု ကို ပျံလွှားအောင်စစ်ဆင်ရေးခေါင်းစဉ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ဧပြီ ၁၀ ညနေ ၆ နာရီခန့်တွင်လည်း ရန်ကုန် မော်တင်ဆိပ်ကမ်းတွင်ရှိသော လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်ကိုလည်း မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။