Knowledge

ႏြားလို မေတြးတတ္တဲ့လူနဲ႔ လူလို မေတြးတတ္တဲ့ ႏြား(တခ်ိဳ႕လူေတြနဲ႕ေတာ့ ကြက္တိပဲမွန္ေနေရာ)

ႏြားလို မေတြးတတ္တဲ့လူနဲ႔ လူလို မေတြးတတ္တဲ့ ႏြား(တခ်ိဳ႕လူေတြနဲ႕ေတာ့ ကြက္တိပဲမွန္ေနေရာ)

တခါက လူတစ္ေယာက္က အိမ္ေနာက္ဘက္ ကြက္လပ္မွာ ႏြားတစ္ေကာင္နဲ႔ ဆီဆုံ လွည့္ေနရင္း ခဏ ထားခဲ့ၿပီး အိမ္ေရွ႕မွာ ေရေႏြးၾကမ္းငွဲ႔ ေသာက္ေန သတဲ့။

အဲဒီတုန္းမွာ လမ္းေပၚမွာ လူစိမ္း ဧည့္တစ္ေယာက္ ျဖတ္လာတာ ျမင္လို႔ ေရေႏြးၾကမ္း ေသာက္လွမ္း ဖိတ္လိုက္ သတဲ့။

သူ႔အရပ္ ကိုယ့္ေဒသ မိုးေလဝသ အေၾကာင္း၊ စိုက္ေရးပ်ိဳးေရး အေၾကာင္း အလႅာပ သလႅာပေတြ ေျပာေနၾကရင္း

အိမ္ရွင္က ၾကမ္းျပင္ ကို ႏွင္တံ (ႏြားကန္) နဲ႔ “ ျဗန္းကနဲ ” ႐ိုက္လိုက္တယ္။ ၿပီးေတာ့… စကား ဆက္ေျပာၾကျပန္တယ္။ တေအာင့္ေလာက္ အၾကာ ၾကမ္းျပင္ကို ႐ိုက္လိုက္ျပန္ေရာ…

ဧည့္သည္ လူစိမ္းလည္း အိမ္ရွင္ရဲ႕ ထူးဆန္းတဲ့ အျပဳအမူေၾကာင့္ အေၾကာင္းရင္းကို ေမးၾကည့္မိသတဲ့။ “ ေမးစမ္းပါရေစဦး… ေနာင္ႀကီးရယ္… စကားေျပာေနရင္း ေနာင္ႀကီးက ၾကမ္းျပင္ကို ခဏခဏ ‘ တျဗန္းျဗန္း ’ ႐ိုက္ေနတာ ဘာသေဘာလဲဗ်

” အိမ္ရွင္က ” ဒီလိုဗ်… က်ဳပ္က အိမ္ေနာက္ေဖးမွာ ႏြားနဲ႔ ဆီပြတ္ေနတာေလ။ ခေလာက္သံက တိတ္သြားေတာ့ ဒီႏြား က ဆုံမလွည့္ပဲ ရပ္ေနလို႔ က်ဳပ္က ႏွင္တံ႐ိုက္ အသံ ေပးေနရတာ…။

ကိုင္း… အခု က်ဳပ္ႏြားရဲ႕ ခေလာက္သံကို မိတ္ေဆြၾကားတယ္ မဟုတ္လား၊ သူ ဆုံလွည့္ေနၿပီေလ” လူစိမ္းက ဘဝင္ မက်သလိုနဲ႔ “ ဒီလိုျဖင့္ ေနာင္ႀကီးရယ္…

ခင္ဗ်ားရဲ႕ ႏြားက ဆုံကို ဆြဲခ်င္ဟန္ေဆာင္ၿပီး ေျခစုံ ရပ္ေနရင္းက ေခါင္းကို လႈပ္ရမ္းၿပီး ခေလာက္သံ ေပးေနရင္ေရာဗ်ာ…”

ဒီအခါမွာ အိမ္ရွင္က အခုလို ျပန္ေျပာလိုက္ ပါတယ္။ “ ဒါကေတာ့… မိတ္ေဆြက လူဆိုေတာ့ လူလို ေတြးတာကိုး ဗ်။ သူက ႏြားေလဗ်ာ… ႏြားလိုပဲ ေတြးေတာ့မွာေပါ့တဲ့။

လူထုဦးလွ ျမန္မာ့႐ိုးရာ ပုံျပင္မ်ားမွ

Unicode

နွားလို မတွေးတတ်တဲ့လူနဲ့ လူလို မတွေးတတ်တဲ့ နွား(တချို့လူတွေနဲ့တော့ ကွက်တိပဲမှန်နေရော)
တခါက လူတစ်ယောက်က အိမ်နောက်ဘက် ကွက်လပ်မှာ နွားတစ်ကောင်နဲ့ ဆီဆုံ လှည့်နေရင်း ခဏ ထားခဲ့ပြီး အိမ်ရှေ့မှာ ရေနွေးကြမ်းငှဲ့ သောက်နေ သတဲ့။

အဲဒီတုန်းမှာ လမ်းပေါ်မှာ လူစိမ်း ဧည့်တစ်ယောက် ဖြတ်လာတာ မြင်လို့ ရေနွေးကြမ်း သောက်လှမ်း ဖိတ်လိုက် သတဲ့။

သူ့အရပ် ကိုယ့်ဒေသ မိုးလေဝသ အကြောင်း၊ စိုက်ရေးပျိုးရေး အကြောင်း အလ္လာပ သလ္လာပတွေ ပြောနေကြရင်း

အိမ်ရှင်က ကြမ်းပြင် ကို နှင်တံ (နွားကန်) နဲ့ “ ဗြန်းကနဲ ” ရိုက်လိုက်တယ်။ ပြီးတော့… စကား ဆက်ပြောကြပြန်တယ်။ တအောင့်လောက် အကြာ ကြမ်းပြင်ကို ရိုက်လိုက်ပြန်ရော…

ဧည့်သည် လူစိမ်းလည်း အိမ်ရှင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် အကြောင်းရင်းကို မေးကြည့်မိသတဲ့။ “ မေးစမ်းပါရစေဦး… နောင်ကြီးရယ်… စကားပြောနေရင်း နောင်ကြီးက ကြမ်းပြင်ကို ခဏခဏ ‘ တဗြန်းဗြန်း ’ ရိုက်နေတာ ဘာသဘောလဲဗျ

” အိမ်ရှင်က ” ဒီလိုဗျ… ကျုပ်က အိမ်နောက်ဖေးမှာ နွားနဲ့ ဆီပွတ်နေတာလေ။ ခလောက်သံက တိတ်သွားတော့ ဒီနွား က ဆုံမလှည့်ပဲ ရပ်နေလို့ ကျုပ်က နှင်တံရိုက် အသံ ပေးနေရတာ…။

ကိုင်း… အခု ကျုပ်နွားရဲ့ ခလောက်သံကို မိတ်ဆွေကြားတယ် မဟုတ်လား၊ သူ ဆုံလှည့်နေပြီလေ” လူစိမ်းက ဘဝင် မကျသလိုနဲ့ “ ဒီလိုဖြင့် နောင်ကြီးရယ်…

ခင်ဗျားရဲ့ နွားက ဆုံကို ဆွဲချင်ဟန်ဆောင်ပြီး ခြေစုံ ရပ်နေရင်းက ခေါင်းကို လှုပ်ရမ်းပြီး ခလောက်သံ ပေးနေရင်ရောဗျာ…”

ဒီအခါမှာ အိမ်ရှင်က အခုလို ပြန်ပြောလိုက် ပါတယ်။ “ ဒါကတော့… မိတ်ဆွေက လူဆိုတော့ လူလို တွေးတာကိုး ဗျ။ သူက နွားလေဗျာ… နွားလိုပဲ တွေးတော့မှာပေါ့တဲ့။

လူထုဦးလှ မြန်မာ့ရိုးရာ ပုံပြင်များမှ