Local News

စစ္ေဆး႐ုံမွ ဒုတပ္ၾကပ္ ျမင့္သိန္း မိသားစုႏွင့္အတူ CDM လုပ္

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ စစ္ေဆး႐ုံမွ ဒုတပ္ၾကပ္ ျမင့္သိန္း မိသားစုႏွင့္အတူ CDM လုပ္၊ လြတ္ေျမာက္နယ္ေျမသို႔ ပို႔ေဆာင္

ရန္ကုန္၊ ဧၿပီ ၂၁

ရခိုင္ျပည္နယ္ ၊ အမ္းၿမိဳ႕ ၊ အမွတ္ (၂) ကုတင္ ၃၀၀ ဆံ့ စစ္ေဆး႐ုံ တဆရ (၂/၃၀၀) တပ္ရင္းမွ ဒုတပ္ၾကပ္ ျမင့္သိန္း သည္ စစ္ေခါင္းေဆာင္မ်ား၏ မတရား အၾကမ္းဖက္သည့္ လုပ္ရပ္မ်ားကို မလိုလားသည့္အတြက္ဧၿပီလ ၁ ရက္ေန႔ Chinland Defense Force – Daai ထံသို႔ မိသားစုႏွင့္အတူ CDM ဝင္ေရာက္ လာေၾကာင္း သိရွိရသည္။

CDM လုပ္လာသည့္ ဒုတပ္ၾကပ္ျမင့္သိန္းႏွင့္မိသားစုကို ေႏြးေထြးစြာ ႀကိဳဆိုၿပီး လြက္ေျမာက္နယ္ေျမ တစ္ေနရာသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း၊

CDF-Daai အေနျဖင့္ အၾကမ္းဖက္ စစ္ေကာင္စီလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္လိုျခင္းမရွိသျဖင့္ (CDM ) ျပဳလုပ္၍ ျပည္သူ႔ရင္ခြင္ ခိုလႈံခ်င္သူ ျပည္သူ႔ တပ္မေတာ္သားမ်ားကို ေႏြးေထြးစြာ လက္ခံႀကိဳဆိုသြားမည္ ျဖစ္ေၾကာင္း တရားဝင္ ေၾကညာခ်က္ထုတ္ျပန္သည္။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် စစ်ဆေးရုံမှ ဒုတပ်ကြပ် မြင့်သိန်း မိသားစုနှင့်အတူ CDM လုပ်၊ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်

ရန်ကုန်၊ ဧပြီ ၂၁

ရခိုင်ပြည်နယ် ၊ အမ်းမြို့ ၊ အမှတ် (၂) ကုတင် ၃၀၀ ဆံ့ စစ်ဆေးရုံ တဆရ (၂/၃၀၀) တပ်ရင်းမှ ဒုတပ်ကြပ် မြင့်သိန်း သည် စစ်ခေါင်းဆောင်များ၏ မတရား အကြမ်းဖက်သည့် လုပ်ရပ်များကို မလိုလားသည့်အတွက်ဧပြီလ ၁ ရက်နေ့ Chinland Defense Force – Daai ထံသို့ မိသားစုနှင့်အတူ CDM ဝင်ရောက် လာကြောင်း သိရှိရသည်။

CDM လုပ်လာသည့် ဒုတပ်ကြပ်မြင့်သိန်းနှင့်မိသားစုကို နွေးထွေးစွာ ကြိုဆိုပြီး လွက်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊

CDF-Daai အနေဖြင့် အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် (CDM ) ပြုလုပ်၍ ပြည်သူ့ရင်ခွင် ခိုလှုံချင်သူ ပြည်သူ့ တပ်မတော်သားများကို နွေးထွေးစွာ လက်ခံကြိုဆိုသွားမည် ဖြစ်ကြောင်း တရားဝင် ကြေညာချက်ထုတ်ပြန်သည်။