Local News

ဖမ္းခ်င္တဲ့သူ မေတြ႕လို႔ ကေလးအပါအဝင္ အိမ္ရွိလူအကုန္ ဖမ္းဆီး

ဖမ္းခ်င္တဲ့သူ မေတြ႕လို႔ ကေလးအပါအဝင္ အိမ္ရွိလူအကုန္ စစ္ေကာင္စီတပ္ကဖမ္းဆီး

BVJ_၂၀၂၂ဧၿပီလ၂၁ရက္။

ဧၿပီလ ၂၀ရက္(ယမန္ေန႔) ည ၈:၀၀အခ်ိန္ ရန္ကုန္ သဃၤန္းကၽြန္းၿမိဳ႕နယ္ စံျပရပ္ကြက္ စံျပ(၄)လမ္းမွာေနထိုင္တဲ့ အမ်ိဳးသမီးတဦးကို စစ္ေကာင္စီတပ္သားေတြ ဝင္ေရာက္ရွာေဖြခဲ့တယ္လို႔ လမ္းအတြင္းေနထိုင္သူ တဦးကေျပာပါတယ္

“တိုက္နံပါတ္ အခန္းနံပတ္ အတိအက် စစ္သားေတြနဲ႔ ရဲေတြလာရွာတာ။ သူတို႔လာရွာတဲ့ မိန္းကေလးနာမည္က ထက္ထက္။ အာဏာစသိမ္းတဲ့အခ်ိန္တုန္းက လမ္းထဲမွာ သံပုံးတီးတာတို႔ လမ္းထိပ္မွာ ဆႏၵျပတာတို႔မွာ ပါဖူးတယ္။အဲ့ဒီတုန္းက တလမ္းလုံးနီးပါးလည္းပါၾကတာပဲ

ခုက် PDF ထဲဝင္တယ္ဆိုၿပီး လာရွာတာ။ သူ႔မေတြ႕လို႔ သူ႔အေမ၊ သူ႔အမေတြေရာ ကေလးေတြပါ အိမ္ရွိ လူ၆ေယာက္လုံး ေခၚသြားၾကတယ္။ ညရွစ္နာရီ ကေန ညဆယ္ခြဲ ေလာက္အထိ လမ္းကို ပိတ္ၿပီးစစ္ေနတာ က်က္သေရကိုမရွိဘူး” လို႔ စံျပ(၄)လမ္းမွာ ေနထိုင္သူတဦးကေျပာပါတယ္။ မထက္ထက္ဆိုသူဟာ သူတို႔လာရွာတဲ့ အဲ့ဒီေနရာမွာ မေနတာၾကာၿပီလို႔လည္း သိရပါတယ္

စစ္ေကာင္စီတပ္ေတြက telegramမွာ သူတို႔ကိုေထာက္ခံသူေတြတင္သမၽွ ခိုင္းသမၽွကို လိုက္ဖမ္းဆီးတာ အိမ္ခ်ိတ္ပိတ္တာေတြလုပ္ေလ့ရွိၿပီး အဲဒီျဖစ္စဥ္ဟာလည္း ဒါေၾကာင့္ျဖစ္နိုင္တဲ့အျပင္ ရပ္ကြက္ထဲက စစ္တပ္ေထာက္ခံသူတခ်ိဳ႕ေၾကာင့္လည္း ျဖစ္နိုင္တယ္လို႔ စံျပရပ္ကြက္မွာ ေနထိုင္သူတဦးက မွတ္ခ်က္ျပဳပါတယ္

ၿပီးခဲ့တဲ့လပိုင္းအတြင္းတုန္းကလည္း စံျပရပ္ကြက္က ဒလန္တဦးျဖစ္တဲ့ မိုးျမင့္သန္းႂကြယ္ဆိုသူ ေသနတ္နဲ႔ အပစ္ခံရတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါေသးတယ္

ဓာတ္ပုံ – စံျပ၄လမ္းတေနရာ ကိုေတြ႕ရစဥ္ (BVJ)

ဖမ်းချင်တဲ့သူ မတွေ့လို့ ကလေးအပါအဝင် အိမ်ရှိလူအကုန် စစ်ကောင်စီတပ်ကဖမ်းဆီး

BVJ_၂၀၂၂ဧပြီလ၂၁ရက်။

ဧပြီလ ၂၀ရက်(ယမန်နေ့) ည ၈:၀၀အချိန် ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက် စံပြ(၄)လမ်းမှာနေထိုင်တဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ လမ်းအတွင်းနေထိုင်သူ တဦးကပြောပါတယ်

“တိုက်နံပါတ် အခန်းနံပတ် အတိအကျ စစ်သားတွေနဲ့ ရဲတွေလာရှာတာ။ သူတို့လာရှာတဲ့ မိန်းကလေးနာမည်က ထက်ထက်။ အာဏာစသိမ်းတဲ့အချိန်တုန်းက လမ်းထဲမှာ သံပုံးတီးတာတို့ လမ်းထိပ်မှာ ဆန္ဒပြတာတို့မှာ ပါဖူးတယ်။အဲ့ဒီတုန်းက တလမ်းလုံးနီးပါးလည်းပါကြတာပဲ

ခုကျ PDF ထဲဝင်တယ်ဆိုပြီး လာရှာတာ။ သူ့မတွေ့လို့ သူ့အမေ၊ သူ့အမတွေရော ကလေးတွေပါ အိမ်ရှိ လူ၆ယောက်လုံး ခေါ်သွားကြတယ်။ ညရှစ်နာရီ ကနေ ညဆယ်ခွဲ လောက်အထိ လမ်းကို ပိတ်ပြီးစစ်နေတာ ကျက်သရေကိုမရှိဘူး” လို့ စံပြ(၄)လမ်းမှာ နေထိုင်သူတဦးကပြောပါတယ်။ မထက်ထက်ဆိုသူဟာ သူတို့လာရှာတဲ့ အဲ့ဒီနေရာမှာ မနေတာကြာပြီလို့လည်း သိရပါတယ်

စစ်ကောင်စီတပ်တွေက telegramမှာ သူတို့ကိုထောက်ခံသူတွေတင်သမျှ ခိုင်းသမျှကို လိုက်ဖမ်းဆီးတာ အိမ်ချိတ်ပိတ်တာတွေလုပ်လေ့ရှိပြီး အဲဒီဖြစ်စဉ်ဟာလည်း ဒါကြောင့်ဖြစ်နိုင်တဲ့အပြင် ရပ်ကွက်ထဲက စစ်တပ်ထောက်ခံသူတချို့ကြောင့်လည်း ဖြစ်နိုင်တယ်လို့ စံပြရပ်ကွက်မှာ နေထိုင်သူတဦးက မှတ်ချက်ပြုပါတယ်

ပြီးခဲ့တဲ့လပိုင်းအတွင်းတုန်းကလည်း စံပြရပ်ကွက်က ဒလန်တဦးဖြစ်တဲ့ မိုးမြင့်သန်းကြွယ်ဆိုသူ သေနတ်နဲ့ အပစ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်

ဓာတ်ပုံ – စံပြ၄လမ်းတနေရာ ကိုတွေ့ရစဉ် (BVJ)