Local News

မီတာမဆောင်လို့ဆိုပြီး တရပ်ကွက်လုံးနီးပါးမီးဖြတ်ခံထားရ

လှိုင်သာယာ၊ ၁၆ ရပ်ကွက်မှာ မီတာမဆောင်လို့ဆိုပြီး တရပ်ကွက်လုံးနီးပါးမီးဖြတ်ခံထားရ

ဧပြီလ ၂၂ ရက် ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ အမှတ် ၁၆ ရပ် ကွက်မှာ မီတာခမပေးဆောင်တဲ့ နေအိမ်များကို ယမန်နေ့ ဧပြီ ၂၁ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် လျှပ်စစ်ဝန်ထမ်းများပူး ပေါင်းပြီး လျှပ်စစ်မီး လိုက်လံဖြတ်တောက်နေကြောင်း မြို့ခံများထံကသိရသည်

အဆိုပါ မီတာ မီးလိုင်းများဖြတ်တောက်ခံရသည့် ၁၆ ရပ် ကွက်သည် အိမ်ခြေ ၃၀၀၀ ကျော်နေထိုင်လျက်ရှိကာ စစ်ကောင်စီတပ်နှင့် EPCက မီတာဆောင်၊မဆောင်မေးမြန်းကာ မဆောင်နိုင်ပါက မီးဖြတ်တောက်သွားကြောင်း သိရသည်

မနေ့က မနက်ပိုင်းက ရပ်ကွက်ထဲကို ကားနှစ်စီးနဲ့ စစ်တပ်နဲ့ လျှပ်စစ်ဝန်ထမ်းတွေဝင်လာတယ် တအိမ်တက်တအိမ်ဆင်း မီတာခဆောင်မှာလား၊ မ​ဆောင်ဘူးလားမေးတယ်

မေးပြီး မဆောင်ဘူးဆိုရင် ဓာတ်တိုင်ပေါ်တက်ပီး မီတာကိုဆက်သွယ်ထားတဲဲ့ကြိုးတွေကိုဖြတ်ကြတယ် လို့ လှိုင်သာယာမြို့ခံတဦးက ပြောသည်

မီတာစာရွက်ဖြင့်ကျသင့်နှုန်းထားကိုမီတာကောက်ခံခြင်း မဟုတ်ပဲ နှုတ်ဖြင့်သာတွက်ချက်ပြီး အိမ်အမျိုးအစားခွဲခြားကာ ၁ဝသိန်း၊ ၅ သိန်း ၊ ၂ သိန်း စသည်ဖြင့် တောင်း ခံနေခြင်းဖြစ်သည်ဟုဆိုသည်

ဘယ်လောက်ကျတယ်ဆိုတာမျိုးမီတာစာရွက်နဲ့ မဟုတ် ဘူး။ အိမ်ကြီးတယ် အဲကွန်းတွေဘာတွေနဲ့ မီးသုံးများတယ် ဆို ၁ဝသိန်းဆောင်ခိုင်းတယ်အလယ်အလတ်ဆို ၅သိန်း ၊ အသေးဆို ၂ သိန်း အဲ့ဒီလိုတွေ တောင်းတာ ဟု ၄င်းက ဆက်လက်ပြောသည်

ယင်းကဲ့သို့ တောင်းခံမှုများကြောင့် နေအိမ်အများစုက မပေးဆောင်နိုင်သဖြင့် ရပ်ကွက် တခုလုံးနီးပါးမီး ဖြတ်တောက် ခံထားရပြီး စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူ နေအိမ် အချို့သာ မီတာပေးဆောင်သဖြင့် မီးရရှိနေကြောင်း ဒေသခံများထံက သိရသည် ဓာတ်ပုံ-ရန်ကုန်မြို့တွင် မီးဖြတ်နေသည့်ပုံဟောင်းဖြစ်သည် Crd- ဧရာဝတီတိုင်းမ်

လွိုင္သာယာ၊ ၁၆ ရပ္ကြက္မွာ မီတာမေဆာင္လို႔ဆိုၿပီး တရပ္ကြက္လုံးနီးပါးမီးျဖတ္ခံထားရ

ဧၿပီလ ၂၂ ရက္ ရန္ကုန္တိုင္း၊လွိုင္သာယာၿမိဳ႕နယ္၊ အမွတ္ ၁၆ ရပ္ ကြက္မွာ မီတာခမေပးေဆာင္တဲ့ ေနအိမ္မ်ားကို ယမန္ေန႔ ဧၿပီ ၂၁ ရက္မွစ၍ စစ္ေကာင္စီတပ္ႏွင့္ လၽွပ္စစ္ဝန္ထမ္းမ်ားပူး ေပါင္းၿပီး လၽွပ္စစ္မီး လိုက္လံျဖတ္ေတာက္ေနေၾကာင္း ၿမိဳ႕ခံမ်ားထံကသိရသည္

အဆိုပါ မီတာ မီးလိုင္းမ်ားျဖတ္ေတာက္ခံရသည့္ ၁၆ ရပ္ ကြက္သည္ အိမ္ေၿခ ၃၀၀၀ ေက်ာ္ေနထိုင္လ်က္ရွိကာ စစ္ေကာင္စီတပ္ႏွင့္ EPCက မီတာေဆာင္၊မေဆာင္ေမးျမန္းကာ မေဆာင္နိုင္ပါက မီးျဖတ္ေတာက္သြားေၾကာင္း သိရသည္

မေန႔က မနက္ပိုင္းက ရပ္ကြက္ထဲကို ကားႏွစ္စီးနဲ႔ စစ္တပ္နဲ႔ လၽွပ္စစ္ဝန္ထမ္းေတြဝင္လာတယ္ တအိမ္တက္တအိမ္ဆင္း မီတာခေဆာင္မွာလား၊ မ​ေဆာင္ဘူးလားေမးတယ္

ေမးၿပီး မေဆာင္ဘူးဆိုရင္ ဓာတ္တိုင္ေပၚတက္ပီး မီတာကိုဆက္သြယ္ထားတဲဲ့ႀကိဳးေတြကိုျဖတ္ၾကတယ္ လို႔ လွိုင္သာယာၿမိဳ႕ခံတဦးက ေျပာသည္

မီတာစာရြက္ျဖင့္က်သင့္ႏႈန္းထားကိုမီတာေကာက္ခံျခင္း မဟုတ္ပဲ ႏႈတ္ျဖင့္သာတြက္ခ်က္ၿပီး အိမ္အမ်ိဳးအစားခြဲျခားကာ ၁ဝသိန္း၊ ၅ သိန္း ၊ ၂ သိန္း စသည္ျဖင့္ ေတာင္း ခံေနျခင္းျဖစ္သည္ဟုဆိုသည္

ဘယ္ေလာက္က်တယ္ဆိုတာမ်ိဳးမီတာစာရြက္နဲ႔ မဟုတ္ ဘူး။ အိမ္ႀကီးတယ္ အဲကြန္းေတြဘာေတြနဲ႔ မီးသုံးမ်ားတယ္ ဆို ၁ဝသိန္းေဆာင္ခိုင္းတယ္အလယ္အလတ္ဆို ၅သိန္း ၊ အေသးဆို ၂ သိန္း အဲ့ဒီလိုေတြ ေတာင္းတာ ဟု ၄င္းက ဆက္လက္ေျပာသည္

ယင္းကဲ့သို႔ ေတာင္းခံမႈမ်ားေၾကာင့္ ေနအိမ္အမ်ားစုက မေပးေဆာင္နိုင္သျဖင့္ ရပ္ကြက္ တခုလုံးနီးပါးမီး ျဖတ္ေတာက္ ခံထားရၿပီး စစ္ေကာင္စီအသိုင္းအဝိုင္းႏွင့္ နီးစပ္သူ ေနအိမ္ အခ်ိဳ႕သာ မီတာေပးေဆာင္သျဖင့္ မီးရရွိေနေၾကာင္း ေဒသခံမ်ားထံက သိရသည္ ဓာတ္ပုံ-ရန္ကုန္ၿမိဳ႕တြင္ မီးျဖတ္ေနသည့္ပုံေဟာင္းျဖစ္သည္ Crd- ဧရာဝတီတိုင္းမ္