News

မင်းအောင်လှိုင် ကိုယ်တိုင် တွေ့ဆုံမယ်လို့ ကမ်းလှမ်းလိုက် အပြီးမှာပဲ ငြိမ်းချမ်းရေးကာလ တိုက်ခိုက်ရင် တုံ့ပြန်မယ်လို့ စစ်ကောင်စီ ကြေညာ

ငြိမ်းချမ်းရေးကာလ တိုက်ခိုက်ရင် တုံ့ပြန်မယ်လို့ စစ်ကောင်စီ ကြေညာ

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ကမ်းလှမ်းလိုက် အပြီးမှာပဲ

ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတဲ့ ကာလနဲ့ ဆွေးနွေး နေချိန်တွေမှာ ငြိမ်းချမ်းရေး ပျက်စီးစေမှာတွေ လုပ်ဆောင်ရင် အရေးယူ တုံ့ပြန်မယ်လို့ ကြေညာလာပါတယ်

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အသိပေး ထုတ်ပြန်ချက်ဆိုပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ ကြေညာခဲ့တာပါ

၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၂ ရက် ဒီကနေ့မှာ မိန့်ခွန်းထွက်ပြောပြီး ဖိတ်ခေါ်ထားခဲ့ပါတယ်

အဲဒီနောက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားချိန်နဲ့ ဆွေးနွေးနေစဉ်တွေမှာ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် အင်အားစုဆောင်းတာ

လှုပ်ရှားတာ၊ နယ်မြေချဲ့ထွင်တာ၊ တပ်စခန်းနဲ့ တပ်ဌာနချုပ် တွေကို တိုက်တာတွေ မလုပ်ဖို့နဲ့ အဲဒီလို လုပ်ဆောင်လာရင် လိုအပ်တဲ့ အရေးယူ တုံ့ပြန်မှုတွေ ဆောင်ရွက်မယ်ဆိုပြီး ကြေညာလာတာ ဖြစ်ပါတယ်

တိုင်းရင်းသား EROs အဖွဲ့တွေကို ကမ်းလှမ်းထားပေမဲ့ ဒီဖိတ်ကြားချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ မပါဘူးလို့ စစ်ကောင်စီက ပြောထားပါတယ်

လက်ရှိမှာတော့ တိုင်းရင်းသားအဖွဲ့တချို့က ပီဒီအက်ဖ်တပ်ဖွဲတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာတွေနဲ့ ပီဒီအက်ဖ်တပ်ဖွဲ့ဝင်တွေကို လေ့ကျင်သင်ကြားပေးတာတွေ ပြုလုပ်နေပါတယ် Crd- ဘီဘီစီ မြန်မာပိုင်း

ၿငိမ္းခ်မ္းေရးကာလ တိုက္ခိုက္ရင္ တုံ႔ျပန္မယ္လို႔ စစ္ေကာင္စီ ေၾကညာ

စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ကိုယ္တိုင္ တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံမယ္လို႔ ကမ္းလွမ္းလိုက္ အၿပီးမွာပဲ

ၿငိမ္းခ်မ္းေရး ဖိတ္ေခၚထားတဲ့ ကာလနဲ႔ ေဆြးေႏြး ေနခ်ိန္ေတြမွာ ၿငိမ္းခ်မ္းေရး ပ်က္စီးေစမွာေတြ လုပ္ေဆာင္ရင္ အေရးယူ တုံ႔ျပန္မယ္လို႔ ေၾကညာလာပါတယ္

ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ အသိေပး ထုတ္ျပန္ခ်က္ဆိုၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ဒီကေန႔ ေၾကညာခဲ့တာပါ

၂၀၂၂ ကို ၿငိမ္းခ်မ္းေရးႏွစ္လို႔ သတ္မွတ္ထားၿပီး တိုင္းရင္းသား ေခါင္းေဆာင္ေတြနဲ႔ ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမယ္လို႔ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ဧၿပီ ၂၂ ရက္ ဒီကေန႔မွာ မိန႔္ခြန္းထြက္ေျပာၿပီး ဖိတ္ေခၚထားခဲ့ပါတယ္

အဲဒီေနာက္ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚထားခ်ိန္နဲ႔ ေဆြးေႏြးေနစဥ္ေတြမွာ တိုင္းရင္းသားအဖြဲ႕ေတြ အေနနဲ႔ ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစမယ့္ အင္အားစုေဆာင္းတာ

လႈပ္ရွားတာ၊ နယ္ေျမခ်ဲ႕ထြင္တာ၊ တပ္စခန္းနဲ႔ တပ္ဌာနခ်ဳပ္ ေတြကို တိုက္တာေတြ မလုပ္ဖို႔နဲ႔ အဲဒီလို လုပ္ေဆာင္လာရင္ လိုအပ္တဲ့ အေရးယူ တုံ႔ျပန္မႈေတြ ေဆာင္ရြက္မယ္ဆိုၿပီး ေၾကညာလာတာ ျဖစ္ပါတယ္

တိုင္းရင္းသား EROs အဖြဲ႕ေတြကို ကမ္းလွမ္းထားေပမဲ့ ဒီဖိတ္ၾကားခ်က္မွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF ေတြ မပါဘူးလို႔ စစ္ေကာင္စီက ေျပာထားပါတယ္

လက္ရွိမွာေတာ့ တိုင္းရင္းသားအဖြဲ႕တခ်ိဳ႕က ပီဒီအက္ဖ္တပ္ဖြဲေတြနဲ႔ ပူးေပါင္းၿပီး စစ္ေကာင္စီကို တိုက္ခိုက္ေနတာေတြနဲ႔ ပီဒီအက္ဖ္တပ္ဖြဲ႕ဝင္ေတြကို ေလ့က်င္သင္ၾကားေပးတာေတြ ျပဳလုပ္ေနပါတယ္ Crd- ဘီဘီစီ ျမန္မာပိုင္း