ရွာသွန်းမြဲထက် ၂ဆ၊၃ဆထိ ရွာဦးမယ့် မေလမိုးနှင့် တစ်နိုင်ငံလုံး မိုးဦးစောမည့် မြန်မာပြည်
၂၀၂၂ မေလ မှာ မြန်မာ တစ်နိုင်ငံလုံးမှာ မိုးဦးစောစွာ ရရှိနိုင်ပြီး
မွန်ပြည်နယ် ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း
ချင်းပြည်နယ် စစ်ကိုင်းတိုင်း ဒေသတွေမှာ ရွာသွန်းမြဲထက် ၂ဆ ပိုမိုရွာသွန်းနိုင်ကာ
ဧရာဝတီ မြစ်ဖျားပိုင်း ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ၃ဆ ပိုမို ရွာသွန်းနိုင်သဖြင့်
ဧရာဝတီမြစ်ရေ အထူး သတိပြုရမည့် လဖြစ်ပါတယ်။
မကွေးတိုင်း အတွင်း ဧရာဝတီမြစ် အနောက်ဖက် ရခိုင်ရိုးမ ပေါ်တွင်လည်း
ရွာသွန်းမြဲထက် ၂ဆ ပိုမို ရွာသွန်းနိုင်သဖြင့် မုန်းဆည် ကြီးအုံကြီးဝဆည်
မန်းဆည် စလင်းဆည် အိုင်းမဆည် တွေလည်း စီးဝင် ရေအား ကောင်းနိုင်ပါတယ်။
ခန့်မှန်းချိန် 22/04/2022 at 9:30AM (MMT)
စုစုစံ (မိုးလေဝသ)
22/04/2022 တမူး ဟုမ္မလင်း ထမံသီ နန်းယွန်း ခန္တီး
လဟယ် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့
ဖားကန့် မိုးရွာနိုင်ပါတယ် at 9:14AM(MMT)
Credit