Local News

ပြဲစားစကားနဲ႔ေျပာရရင္ ဒင္း…..ဗိုက္နာေနၿပီ

တိုင္းရင္းသားလက္နက္ကိုင္မ်ားအားလုံးကို ဖက္ဆစ္ မင္းေအာင္လႈိင္က ကိုယ္ တိုင္ ေတြ႕ဆုံလိုဟု မ်က္စိပ်က္ မ်က္ႏွာပ်က္ျဖင့္ ဖိတ္ေခၚ၊ ေမလ ၉ ရက္ေန႔ ေနာက္ဆုံးထားစာရင္းေပးရန္ ေျပာ

အၾကမ္းဖက္ ဖက္ဆစ္ လူသတ္ စစ္ေခါင္းေဆာင္မင္းေအာင္လႈိင္က တိုင္းရင္း သား လက္နက္ကိုင္မ်ားအားလုံးကို ကိုယ္တိုင္ ေတြ႕ဆုံလိုေၾကာင္း သုန္မႈန္ေသာ မ်က္ႏွာအသြင္အျပင္၊ မ်က္စိပ်က္၊ မ်က္ႏွာပ်က္ျဖင့္ ၎၏ ဝါဒျဖန႔္ မီဒီယာမ်ားမွတစ္ဆင့္ ယေန႔ ဖိတ္ေခၚလိုက္သည္။

ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔အတြက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း EOAs ေခါင္းေဆာင္ေတြနဲ႔ ကိုယ္တိုင္ ေတြ႕ဆုံလိုတယ္လို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဧၿပီလ ၂၂ ရက္ေန႔မွာ ေျပာဆိုခဲ့ပါတယ္။

စစ္ေခါင္းေဆာင္က လက္နက္ကိုင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းဖို႔အတြက္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း ေခါင္းေဆာင္ေတြကို ကိုယ္တိုင္ ေတြ႕ဆုံလိုေၾကာင္းနဲ႔ တစ္ဖြဲ႕ ၂ ေယာက္ႏႈန္း တက္ေရာက္ေပးဖို႔ စစ္ေကာင္စီ ဝါဒျဖန႔္မီဒီယာ MRTV ကေန ဖိတ္ေခၚလိုက္တာပါ။

ဒါေၾကာင့္ ေတြ႕ဆုံပြဲ တက္ေရာက္မယ့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြ အေနနဲ႔ လာမယ့္ ေမလ ၉ ရက္ေန႔ မတိုင္မီ စာရင္းေပးဖို႔နဲ႔ ေဆြးေႏြးမယ့္ရက္ကို ႏွစ္ဖက္ညႇိႏႈိင္းၿပီး ရက္သတ္မွတ္သြားမယ္လို႔ ေျပာပါတယ္။

စစ္ေခါင္းေဆာင္ရဲ႕ ၿငိမ္းခ်မ္းေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္ေတြ ကို ဖိတ္ေခၚတဲ့ မိန႔္ခြန္းမွာေတာ့ တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕အစည္းေတြ အစဥ္အဆက္ ေတာင္းဆိုလာတဲ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စု ႏိုင္ငံတည္ေဆာက္ေရးကို ခိုင္ခိုင္မာမာ အာမခံထားၿပီးျဖစ္တယ္လို႔ ေျပာသြားပါတယ္။

ဒါေပမယ့္ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံမယ့္ ေဆြးေႏြးပြဲကိုေတာ့ အမ်ိဳးသားညီၫြတ္ ေရးအစိုးရ NUG နဲ႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြကို ဖိတ္ၾကားထားတာ မရွိပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်များအားလုံးကို ဖက်ဆစ် မင်းအောင်လှိုင်က ကိုယ် တိုင် တွေ့ဆုံလိုဟု မျက်စိပျက် မျက်နှာပျက်ဖြင့် ဖိတ်ခေါ်၊ မေလ ၉ ရက်နေ့ နောက်ဆုံးထားစာရင်းပေးရန် ပြော

အကြမ်းဖက် ဖက်ဆစ် လူသတ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းရင်း သား လက်နက်ကိုင်များအားလုံးကို ကိုယ်တိုင် တွေ့ဆုံလိုကြောင်း သုန်မှုန်သော မျက်နှာအသွင်အပြင်၊ မျက်စိပျက်၊ မျက်နှာပျက်ဖြင့် ၎င်း၏ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ယနေ့ ဖိတ်ခေါ်လိုက်သည်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EOAs ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေကို ကိုယ်တိုင် တွေ့ဆုံလိုကြောင်းနဲ့ တစ်ဖွဲ့ ၂ ယောက်နှုန်း တက်ရောက်ပေးဖို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာ MRTV ကနေ ဖိတ်ခေါ်လိုက်တာပါ။

ဒါကြောင့် တွေ့ဆုံပွဲ တက်ရောက်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ လာမယ့် မေလ ၉ ရက်နေ့ မတိုင်မီ စာရင်းပေးဖို့နဲ့ ဆွေးနွေးမယ့်ရက်ကို နှစ်ဖက်ညှိနှိုင်းပြီး ရက်သတ်မှတ်သွားမယ်လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ကို ဖိတ်ခေါ်တဲ့ မိန့်ခွန်းမှာတော့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေ အစဉ်အဆက် တောင်းဆိုလာတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမယ့် ဆွေးနွေးပွဲကိုတော့ အမျိုးသားညီညွတ် ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ဖိတ်ကြားထားတာ မရှိပါဘူး။