Local News

စိုးဝင္းေၾကာင့္ ထသြားတဲ့ ျပည္ထဲေရး ဂယက္

စိုးဝင္းကို လက္အုပ္ခ်ီ ႀကိဳဆိုရန္ ျပည္ထဲေရးဒုဝန္ႀကီး အမိန႔္ေပးရာမွ ျပႆနာတက္ ရန္ျဖစ္၊ သၾကၤန္အမွီျပဳ၍ ဝန္ႀကီးမိန္းမ နီလာစိန္ပိုင္ စားေသာက္ ဆိုင္ႏွင့္အက်ႌမ်ား ေရာင္းခ် စီးပြားရွာ

ရန္ကုန္၊ ဧၿပီ ၂၂

ျမန္မာ့႐ိုးရာ သၾကၤန္ကာလ ျပည္ထဲေရးဝန္ႀကီးဌာန မ႑ပ္တြင္ အၾကမ္းဖက္ ဒုတိယစစ္ေခါင္းေဆာင္ စိုးဝင္း လာေရာက္မႈကို လက္အုပ္ခ်ီ ႀကိဳဆိုရန္ ျပည္ထဲေရးဒုဝန္ႀကီး စိုးတင့္ႏိုင္က အမိန႔္ေပးရာမွ ဝန္ထမ္းမ်ားက ဝိုင္းေအာ္ဟစ္ ျပႆနာရွာရန္ျဖစ္မႈ ျဖစ္ပြားခဲ့ကာ လက္ရွိအခ်ိန္အထိ ေနာက္ဆက္တြဲ အေရးယူမႈမ်ား ရွိေနေၾကာင္း ျပည္ထဲေရးအသိုင္းအဝိုင္းထံမွ သိရွိရသည္။

ဧၿပီလ ၁၅ ရက္ေန႔ သၾကၤန္အၾကတ္ေန႔ တြင္ ေနျပည္ေတာ္ ႐ုံးအမွတ္ ၃၈ရွိ ျပည္ထဲေရးဝန္ႀကီးဌာနမ႑ပ္သို႔ အၾကမ္းဖက္ ဒုတိယစစ္ေခါင္းေဆာင္ စိုးဝင္း ႏွင့္အဖြဲ႕ လာေရာက္ လည္ပတ္မည္ျဖစ္၍ ျပည္ထဲေရးဒုဝန္ႀကီးစိုးတင့္ႏိုင္က အရာရွိႀကီးမ်ားလက္တင္အေလးျပဳရန္၊ ကေတာ္မ်ားလက္အုပ္ခ်ီထားႀကိဳဆိုရန္၊ ဝန္ထမ္းႏွင့္တပ္ဖြဲ႕ဝင္ပရိသတ္မ်ားလည္း ဒုခ်ဳပ္လာရာဘက္လွည့္ၿပီး လက္အုပ္ခ်ီထားရန္ အမိန႔္ေပးရာတြင္ ဝန္ထမ္းတခ်ိဳ႕က လက္အုပ္မခ်ီႏိုင္ေၾကာင္း တစ္ေယာက္တစ္ေပါက္ျပန္ေအာ္ၾကေၾကာင္း သိရွိရသည္။

“အရာရွိႀကီးေတြနဲ႔ ကေတာ္ေတြကို ေျပာေတာ့ သူတို႔က လိုက္နာၾကတယ္။ ဒါေပမယ့္ တပ္ဖြဲ႕ဝင္ ပရိသတ္ ကို ေျပာတဲ့အခါမွာေတာ့ ဝိုင္းေအာ္ၾကေတာ့ စိုးတင့္ႏိုင္ ရွက္ၿပီးေဒါသထြက္သြားတယ္။ အဲ့ဒီမွာ ေတြ႕တဲ့ လူကို ဖမ္းၿပီး အခ်ဳပ္ထဲထည့္တယ္။ ေနာက္ပိုင္းသိရတာေတာ့ ရဲခ်ဳပ္႐ုံး ရဲတပ္ဖြဲ႕ဝင္တစ္ဦး လို႔ သိရတယ္။ သူ႔ကို စံနမူနာျပအေနနဲ႔ အခ်ဳပ္ထဲဖမ္းထည့္လိုက္တယ္။ တပ္ဖြဲ႕ဝင္ ပရိတ္သတ္ကိုလည္း ဆဲဆိုႀကိမ္းေမာင္းတယ္ ” ဟု ျပည္ထဲေရး သတင္းရင္းျမစ္ကေျပာသည္။

အျခားသတင္းရင္းျမစ္တစ္ခုကလည္း “မႀကိဳႏိုင္ဘူးလို႔ ထေအာ္တဲ့ ေကာင္ေလးကို အဲ့ေကာင္ဖမ္း အဲ့ေကာင္ဖမ္းဆိုၿပီး ခ်က္ခ်င္းဝိုင္းဖမ္းသြားၾကပါတယ္.. စိုးတင့္ႏိုင္က သူတို႔ႏိုင္ေနၿပီ။ PDF အၾကမ္းဖက္ေတြက ဟိုနားေဖာက္ ဒီနား ေဖာက္ပဲ လုပ္ႏိုင္ေတာ့တယ္ ဆိုၿပီးေျပာတာ.. ျပည္ထဲေရးမ႑ပ္မွာ ယုန္ေလး ဂ်င္းနီ ဒီၿဖိဳး လာဆိုၿပီး ဒိန္းေဒါင္ အုန္းသီး ၿငိမ္းခ်မ္း တို႔က အခမ္းအနားမႉးပါ.. ဖုန္းလုံးဝေပးမယူဘူး.. ဒိန္းေဒါင္က နီလာစိန္ကို ႀကီးႀကီး ဆိုၿပီး အေသကပ္ဖားတာပါ ေတာ္ေတာ္႐ြံစရာေကာင္းပါတယ္” ဟု ေျပာဆိုသည္။

စိုးဝင္းကို လက္အုပ္ခ်ီႀကိဳဆိုရန္ ေစခိုင္းသည့္အတြက္ တပ္ဖြဲ႕ဝင္မ်ားက သၾကၤန္ မ႑ပ္မွ ထျပန္မည္ျပဳသျဖင့္ စစ္ေကာင္စီခန႔္ ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္၏ ကေတာ္ နီလာစိန္က ဝင္ေရာက္ ေခ်ာ့ေမာ့ရေၾကာင္း သိရွိရသည္။

“နီလာစိန္ က စိုးတင့္ႏိုင္က စစ္သားမို႔ စကားေျပာမတတ္တာ ဆိုၿပီး ပရိသတ္ကို ျပန္ေျပာၿပီး ေခ်ာ့တယ္။ မျပန္ၾကပါနဲ႔ေပါ့” ဟု သတင္းရင္းျမစ္ကေျပာသည္။

အၾကမ္းဖက္ ဒုတိယစစ္ေခါင္းေဆာင္ စိုးဝင္းႏွင့္အဖြဲ႕လာေရာက္ခ်ိန္တြင္ အရာရွိမ်ားႏွင့္ ကေတာ္မ်ားမွလြဲ၍ က်န္တပ္ဖြဲ႕ဝင္မ်ားက မည္သူကမွ လက္အုပ္ မခ်ီၾကေၾကာင္း သိရွိရသည္။

ျပည္ထဲေရးမ႑ပ္တြင္ လူစည္ကားသေယာင္ ပုံေဖာ္ႏိုင္ရန္ သၾကၤန္အႀကိဳေန႔မွ အတက္ေန႔အထိ အက်ဥ္းဦးစီးဌာန၊ မီးသတ္၊ ရဲ၊ ေထြအုပ္၊ စသုံးလုံးဌာနမ်ားမွ Non CDM ဝန္ထမ္း/တပ္ဖြဲ႕ဝင္ အင္အား၃၀၀၀ မျဖစ္မေန ေန႔စဥ္ တက္ေရာက္ေရကစားရန္ ျပည္ထဲေရးဝန္ႀကီးမိန္းမ ေဒၚနီလာစိန္က စီစဥ္ၫႊန္ၾကားခဲ့ေၾကာင္း သိရွိရသည္။

ျပည္ထဲေရးဝန္ႀကီး မိန္းမ နီလာစိန္က အရာရွိႏွင့္အရာရွိကေတာ္မ်ားကိုလည္း သူ၏ လုပ္ငန္းျဖစ္ေသာ Smart အမွတ္တံဆိပ္အက်ႌမ်ားကို ေန႔/ညအလိုက္ အေရာင္ဒီဇိုင္းသတ္မွတ္ဝယ္ယူ ဝတ္ဆင္တက္ေရာက္ေစခဲ့‌ေၾကာင္း၊ နီလာစိန္ပိုင္ဆိုင္ေသာ Green Gate စားေသာက္ ဆိုင္မွ အစားအေသာက္မ်ားကို မတန္တဆေဈးျဖင့္ဝယ္ယူ‌ေစၿပီး တစ္ဖက္ လွည့္ျဖင့္ပရိသတ္ကိုျပန္လည္ဧည့္ခံေစခဲ့ေၾကာင္း၊ ထို႔အျပင္ နီလာစိန္ က သၾကၤန္မ႑ပ္တြင္ ဝင္ေရာက္ ေပ်ာ္ပါး ကခုန္ျခင္းမရွိသည့္ အရာရွိကေတာ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ားပါမက်န္ ဆဲဆိုႀကိမ္းေမာင္းျခင္း၊ ျငဴစူျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Credit

စိုးဝင်းကို လက်အုပ်ချီ ကြိုဆိုရန် ပြည်ထဲရေးဒုဝန်ကြီး အမိန့်ပေးရာမှ ပြဿနာတက် ရန်ဖြစ်၊ သင်္ကြန်အမှီပြု၍ ဝန်ကြီးမိန်းမ နီလာစိန်ပိုင် စားသောက် ဆိုင်နှင့်အင်္ကျီများ ရောင်းချ စီးပွားရှာ

ရန်ကုန်၊ ဧပြီ ၂၂

မြန်မာ့ရိုးရာ သင်္ကြန်ကာလ ပြည်ထဲရေးဝန်ကြီးဌာန မဏ္ဍပ်တွင် အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း လာရောက်မှုကို လက်အုပ်ချီ ကြိုဆိုရန် ပြည်ထဲရေးဒုဝန်ကြီး စိုးတင့်နိုင်က အမိန့်ပေးရာမှ ဝန်ထမ်းများက ဝိုင်းအော်ဟစ် ပြဿနာရှာရန်ဖြစ်မှု ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ နောက်ဆက်တွဲ အရေးယူမှုများ ရှိနေကြောင်း ပြည်ထဲရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ တွင် နေပြည်တော် ရုံးအမှတ် ၃၈ရှိ ပြည်ထဲရေးဝန်ကြီးဌာနမဏ္ဍပ်သို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း နှင့်အဖွဲ့ လာရောက် လည်ပတ်မည်ဖြစ်၍ ပြည်ထဲရေးဒုဝန်ကြီးစိုးတင့်နိုင်က အရာရှိကြီးများလက်တင်အလေးပြုရန်၊ ကတော်များလက်အုပ်ချီထားကြိုဆိုရန်၊ ဝန်ထမ်းနှင့်တပ်ဖွဲ့ဝင်ပရိသတ်များလည်း ဒုချုပ်လာရာဘက်လှည့်ပြီး လက်အုပ်ချီထားရန် အမိန့်ပေးရာတွင် ဝန်ထမ်းတချို့က လက်အုပ်မချီနိုင်ကြောင်း တစ်ယောက်တစ်ပေါက်ပြန်အော်ကြကြောင်း သိရှိရသည်။

“အရာရှိကြီးတွေနဲ့ ကတော်တွေကို ပြောတော့ သူတို့က လိုက်နာကြတယ်။ ဒါပေမယ့် တပ်ဖွဲ့ဝင် ပရိသတ် ကို ပြောတဲ့အခါမှာတော့ ဝိုင်းအော်ကြတော့ စိုးတင့်နိုင် ရှက်ပြီးဒေါသထွက်သွားတယ်။ အဲ့ဒီမှာ တွေ့တဲ့ လူကို ဖမ်းပြီး အချုပ်ထဲထည့်တယ်။ နောက်ပိုင်းသိရတာတော့ ရဲချုပ်ရုံး ရဲတပ်ဖွဲ့ဝင်တစ်ဦး လို့ သိရတယ်။ သူ့ကို စံနမူနာပြအနေနဲ့ အချုပ်ထဲဖမ်းထည့်လိုက်တယ်။ တပ်ဖွဲ့ဝင် ပရိတ်သတ်ကိုလည်း ဆဲဆိုကြိမ်းမောင်းတယ် ” ဟု ပြည်ထဲရေး သတင်းရင်းမြစ်ကပြောသည်။

အခြားသတင်းရင်းမြစ်တစ်ခုကလည်း “မကြိုနိုင်ဘူးလို့ ထအော်တဲ့ ကောင်လေးကို အဲ့ကောင်ဖမ်း အဲ့ကောင်ဖမ်းဆိုပြီး ချက်ချင်းဝိုင်းဖမ်းသွားကြပါတယ်.. စိုးတင့်နိုင်က သူတို့နိုင်နေပြီ။ PDF အကြမ်းဖက်တွေက ဟိုနားဖောက် ဒီနား ဖောက်ပဲ လုပ်နိုင်တော့တယ် ဆိုပြီးပြောတာ.. ပြည်ထဲရေးမဏ္ဍပ်မှာ ယုန်လေး ဂျင်းနီ ဒီဖြိုး လာဆိုပြီး ဒိန်းဒေါင် အုန်းသီး ငြိမ်းချမ်း တို့က အခမ်းအနားမှူးပါ.. ဖုန်းလုံးဝပေးမယူဘူး.. ဒိန်းဒေါင်က နီလာစိန်ကို ကြီးကြီး ဆိုပြီး အသေကပ်ဖားတာပါ တော်တော်ရွံစရာကောင်းပါတယ်” ဟု ပြောဆိုသည်။

စိုးဝင်းကို လက်အုပ်ချီကြိုဆိုရန် စေခိုင်းသည့်အတွက် တပ်ဖွဲ့ဝင်များက သင်္ကြန် မဏ္ဍပ်မှ ထပြန်မည်ပြုသဖြင့် စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၏ ကတော် နီလာစိန်က ဝင်ရောက် ချော့မော့ရကြောင်း သိရှိရသည်။

“နီလာစိန် က စိုးတင့်နိုင်က စစ်သားမို့ စကားပြောမတတ်တာ ဆိုပြီး ပရိသတ်ကို ပြန်ပြောပြီး ချော့တယ်။ မပြန်ကြပါနဲ့ပေါ့” ဟု သတင်းရင်းမြစ်ကပြောသည်။

အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနှင့်အဖွဲ့လာရောက်ချိန်တွင် အရာရှိများနှင့် ကတော်များမှလွဲ၍ ကျန်တပ်ဖွဲ့ဝင်များက မည်သူကမှ လက်အုပ် မချီကြကြောင်း သိရှိရသည်။

ပြည်ထဲရေးမဏ္ဍပ်တွင် လူစည်ကားသယောင် ပုံဖော်နိုင်ရန် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ အကျဉ်းဦးစီးဌာန၊ မီးသတ်၊ ရဲ၊ ထွေအုပ်၊ စသုံးလုံးဌာနများမှ Non CDM ဝန်ထမ်း/တပ်ဖွဲ့ဝင် အင်အား၃၀၀၀ မဖြစ်မနေ နေ့စဉ် တက်ရောက်ရေကစားရန် ပြည်ထဲရေးဝန်ကြီးမိန်းမ ဒေါ်နီလာစိန်က စီစဉ်ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီး မိန်းမ နီလာစိန်က အရာရှိနှင့်အရာရှိကတော်များကိုလည်း သူ၏ လုပ်ငန်းဖြစ်သော Smart အမှတ်တံဆိပ်အင်္ကျီများကို နေ့/ညအလိုက် အရောင်ဒီဇိုင်းသတ်မှတ်ဝယ်ယူ ဝတ်ဆင်တက်ရောက်စေခဲ့‌ကြောင်း၊ နီလာစိန်ပိုင်ဆိုင်သော Green Gate စားသောက် ဆိုင်မှ အစားအသောက်များကို မတန်တဆဈေးဖြင့်ဝယ်ယူ‌စေပြီး တစ်ဖက် လှည့်ဖြင့်ပရိသတ်ကိုပြန်လည်ဧည့်ခံစေခဲ့ကြောင်း၊ ထို့အပြင် နီလာစိန် က သင်္ကြန်မဏ္ဍပ်တွင် ဝင်ရောက် ပျော်ပါး ကခုန်ခြင်းမရှိသည့် အရာရှိကတော်များ၊ သက်ကြီးရွယ်အိုများပါမကျန် ဆဲဆိုကြိမ်းမောင်းခြင်း၊ ငြူစူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Credit