ေလာကမွာေၾကာက္စရာအေကာင္းဆုံးနဲ႔ အယုတ္ညံ့ဆုံးလုပ္ရပ္ေတြထဲမွာ သူတစ္ပါးအိမ္ေထာင္ကိုၿဖိဳခြဲတာလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒီလိုလူေတြက ယာယီေတာ့ေပ်ာ္ရႊင္ရမယ္ ဒါေပမယ့္ဘယ္ေတာ့မွၿငိမ္းခ်မ္းမႈ၊ ေပ်ာ္ရႊင္မႈကိုရရွိမွာမဟုတ္ပါဘူး။
သူတစ္ပါးမိသားစုကိုၿဖိဳခြဲတဲ့သူေတြ၊ ေဖာက္ျပန္တဲ့သူေတြခံစားရမယ့္ အရာေတြကိုေဖာ္ျပလိုက္ပါတယ္။ အားလုံးလည္းသတိထား ဆင္ျခင္နိုင္ၾကပါေစ။ (၁) ပူေလာင္ျခင္း၊ သူတစ္ပါးအိမ္ေထာင္ကိုၿဖိဳခြဲတဲ့သူေတြနဲ႔ ေဖာက္ျပန္တဲ့သူေတြ အျမဲတမ္းခံစားေနရမယ့္ အရာကေတာ့ပူေလာင္ျခင္းပါပဲ။
သူတို႔ရင္ထဲမွာေနာင္တရသလိုလို၊ ေက်နပ္သလိုလို၊ မွားေနသလိိုလို၊ မွန္ေနျပန္သလိုလို မေသခ်ာမေရရာတဲ့ခံစားခ်က္ေတြ အမ်ိဳးမ်ိဳးျဖစ္ေနၿပီး ဘယ္ေတာ့မွ ေအးခ်မ္းရမွာမဟုတ္ပါဘူး။ တစ္ခါတေလအလိုလိုေနရင္း ေဒါသေတြထြက္၊ ရႉးရႉးရွားရွားေတြျဖစ္ၿပီး ဘာေတြကိုေဒါသထြက္လို႔ထြက္မွန္း မသိေအာင္ကိုပူေလာင္ၿပီး အ႐ူးတစ္ေယာက္လိုျဖစ္ေနမွာပါ။
(၂) စိုးရိမ္ထိတ္လန္႔ျခင္း၊ ဒီလိုလူမ်ိဳးေတြရဲ့ပတ္သက္မႈဟာ မတရားသျဖင့္ရရွိထားတဲ့ ပတ္သက္မႈမ်ိဳးျဖစ္တာေၾကာင့္ အျမဲတမ္းပူပင္ေသာကေရာက္ေနရမွာပါ။ ဒါ့အျပင္ဘယ္ေတာ့ဝဋ္ျပန္လည္မလဲ၊ ဘယ္ေတာ့မ်ားတျခားသူေနာက္ ျပန္ပါသြားမလဲ၊
ကိုယ့္ကိုယ္ဘယ္ေတာ့ထားသြားမလဲဆိုၿပီး တစ္ခ်ိန္လုံးစိုးရိမ္ေသာကေရာက္ေနရမွာပါ။ ဒါ့အျပင္ၾကာလာတဲ့အခါ သူတို႔ၾကားမွာနည္းနည္းေလး ျပႆနာရွိလာတာနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္အျပစ္တင္ၿပီး စိတ္ညစ္ၿပီးရင္းညစ္လာရမွာပါ။
(၃) ဝဋ္လည္ျခင္း၊ ဝဋ္ဆိုတာကတကယ္ကိုလည္ပါတယ္။ ခုေခတ္မွာဝဋ္လည္တာ ပိုေတာင္ျမန္ပါေသးတယ္။ ဒါေၾကာင့္ဒီလိုလူေတြဟာ သူတစ္ပါးကိုမ်က္ရည္က်ေအာင္၊ ရင္ကြဲေအာင္၊ နာက်င္ေအာင္လုပ္ခဲ့သမၽွ သူတို႔ျပန္ခံစားရမွာပါ။
သူတစ္ပါးမ်က္ရည္နဲ႔တည္ေဆာက္ထားတဲ့ သူတို႔ေတြရဲ့ပတ္သက္မႈဟာ ဘယ္ေတာ့မွေပ်ာ္စရာေကာင္းလာမွာမဟုတ္သလို။ တစ္ခ်ိန္မွာက်ိန္းေသေပါက္ ဝဋ္ျပန္လည္လာတဲ့အခါက်ရင္ သူတို႔ကိုကူညီမယ့္သူ၊ သနားမယ့္သူတစ္ေယာက္မွေတာင္ ရွိမွာမဟုတ္ပါဘူး။
(၄) လူေတြရဲ့အထင္အျမင္ေသးျခင္း၊ သူတစ္ပါးအိမ္ေထာင္ကိုၿဖိဳခြဲတဲ့သူ၊ ေဖာက္ျပန္တဲ့သူေတြဟာ ဘယ္ေလာက္ပဲစည္းစိမ္ဥစၥာေတြရွိရွိ၊ ဘယ္ေလာက္ပဲ ပညာအရည္အခ်င္းျမင့္ျမင့္ ဘယ္သူကမွသူတို႔ကိုေလးစားေတာ့မွမဟုတ္သလို ဘယ္သူကမွလည္း သူတို႔ကိုယုံၾကည္ေတာ့မွာမဟုတ္ပါဘူး။
သူတို႔ရဲ့စည္းစိမ္ဥစၥာ၊ နာမည္၊ဂုဏ္ေၾကာင့္သာ အေပၚယံေပါင္းခ်င္ေပါင္းမယ္။ ဒါေပမယ့္စိတ္ထဲမွာေတာ့ သူတို႔ကိုအထင္အျမင္ အရမ္းေသးေနမွာျဖစ္ပါတယ္။ ဒုကၡေရာက္တဲ့အခ်ိန္ေတြမွာေတာင္ ကူညီမယ့္သူတစ္ေယာက္မွ ရွိမွာမဟုတ္ပါဘူး။
(၅) ေနာင္တတရား၊ သူတစ္ပါးရဲ့အိမ္ေထာင္ကို ၿဖိဳခြဲတဲ့သူေတြနဲ႔ေဖာက္ျပန္တဲ့သူေတြဟာ ေနာင္တတရားနဲ႔အဆုံးသတ္ရေလ့ရွိပါတယ္။ သူတို႔ရဲ့သားသမီးေတြရဲ့ နာက်ည္းျခင္းကိုခံရတဲ့အခါ အရာအားလုံးကိုေနာင္တရၿပီး စစ္မွန္တဲ့ေမတၱာတရားကို ေတာင့္တလာတဲ့အခါမွာ ဘယ္သူမွသူတို႔အနားမွာရွိေတာ့မွာမဟုတ္ပါဘူး။
အရင္အခ်ိန္ေတြ၊ အရင္တုန္းကျဖဴစင္ခဲ့တဲ့ အတိတ္ေတြကိုဘယ္ေလာက္ပဲ ျပန္လိုခ်င္လိုခ်င္ သူတို႔ကိုယ္တိုင္က အမဲစက္ျဖစ္ေနတဲ့အတြက္ ဘယ္ေတာ့မွျပန္ၿပီး မျဖဴစင္နိုင္ေတာ့ပါဘူး။
Credit
လောကမှာကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ဆုံးလုပ်ရပ်တွေထဲမှာ သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီလိုလူတွေက ယာယီတော့ပျော်ရွှင်ရမယ် ဒါပေမယ့်ဘယ်တော့မှငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာမဟုတ်ပါဘူး။
သူတစ်ပါးမိသားစုကိုဖြိုခွဲတဲ့သူတွေ၊ ဖောက်ပြန်တဲ့သူတွေခံစားရမယ့် အရာတွေကိုဖော်ပြလိုက်ပါတယ်။ အားလုံးလည်းသတိထား ဆင်ခြင်နိုင်ကြပါစေ။ (၁) ပူလောင်ခြင်း၊ သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေ အမြဲတမ်းခံစားနေရမယ့် အရာကတော့ပူလောင်ခြင်းပါပဲ။
သူတို့ရင်ထဲမှာနောင်တရသလိုလို၊ ကျေနပ်သလိုလို၊ မှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာတဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ အေးချမ်းရမှာမဟုတ်ပါဘူး။ တစ်ခါတလေအလိုလိုနေရင်း ဒေါသတွေထွက်၊ ရှူးရှူးရှားရှားတွေဖြစ်ပြီး ဘာတွေကိုဒေါသထွက်လို့ထွက်မှန်း မသိအောင်ကိုပူလောင်ပြီး အရူးတစ်ယောက်လိုဖြစ်နေမှာပါ။
(၂) စိုးရိမ်ထိတ်လန့်ခြင်း၊ ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိထားတဲ့ ပတ်သက်မှုမျိုးဖြစ်တာကြောင့် အမြဲတမ်းပူပင်သောကရောက်နေရမှာပါ။ ဒါ့အပြင်ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ ဘယ်တော့များတခြားသူနောက် ပြန်ပါသွားမလဲ၊
ကိုယ့်ကိုယ်ဘယ်တော့ထားသွားမလဲဆိုပြီး တစ်ချိန်လုံးစိုးရိမ်သောကရောက်နေရမှာပါ။ ဒါ့အပြင်ကြာလာတဲ့အခါ သူတို့ကြားမှာနည်းနည်းလေး ပြဿနာရှိလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်းညစ်လာရမှာပါ။
(၃) ဝဋ်လည်ခြင်း၊ ဝဋ်ဆိုတာကတကယ်ကိုလည်ပါတယ်။ ခုခေတ်မှာဝဋ်လည်တာ ပိုတောင်မြန်ပါသေးတယ်။ ဒါကြောင့်ဒီလိုလူတွေဟာ သူတစ်ပါးကိုမျက်ရည်ကျအောင်၊ ရင်ကွဲအောင်၊ နာကျင်အောင်လုပ်ခဲ့သမျှ သူတို့ပြန်ခံစားရမှာပါ။
သူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့ သူတို့တွေရဲ့ပတ်သက်မှုဟာ ဘယ်တော့မှပျော်စရာကောင်းလာမှာမဟုတ်သလို။ တစ်ချိန်မှာကျိန်းသေပေါက် ဝဋ်ပြန်လည်လာတဲ့အခါကျရင် သူတို့ကိုကူညီမယ့်သူ၊ သနားမယ့်သူတစ်ယောက်မှတောင် ရှိမှာမဟုတ်ပါဘူး။
(၄) လူတွေရဲ့အထင်အမြင်သေးခြင်း၊ သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေဟာ ဘယ်လောက်ပဲစည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်ပဲ ပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကိုလေးစားတော့မှမဟုတ်သလို ဘယ်သူကမှလည်း သူတို့ကိုယုံကြည်တော့မှာမဟုတ်ပါဘူး။
သူတို့ရဲ့စည်းစိမ်ဥစ္စာ၊ နာမည်၊ဂုဏ်ကြောင့်သာ အပေါ်ယံပေါင်းချင်ပေါင်းမယ်။ ဒါပေမယ့်စိတ်ထဲမှာတော့ သူတို့ကိုအထင်အမြင် အရမ်းသေးနေမှာဖြစ်ပါတယ်။ ဒုက္ခရောက်တဲ့အချိန်တွေမှာတောင် ကူညီမယ့်သူတစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။
(၅) နောင်တတရား၊ သူတစ်ပါးရဲ့အိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ဖောက်ပြန်တဲ့သူတွေဟာ နောင်တတရားနဲ့အဆုံးသတ်ရလေ့ရှိပါတယ်။ သူတို့ရဲ့သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါ အရာအားလုံးကိုနောင်တရပြီး စစ်မှန်တဲ့မေတ္တာတရားကို တောင့်တလာတဲ့အခါမှာ ဘယ်သူမှသူတို့အနားမှာရှိတော့မှာမဟုတ်ပါဘူး။
အရင်အချိန်တွေ၊ အရင်တုန်းကဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲ ပြန်လိုချင်လိုချင် သူတို့ကိုယ်တိုင်က အမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး။
Credit