ငပုေတာၿမိဳ႕နယ္မွ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ပိုင္စိုးကို မေတြ႕၍ အသက္ ၁၀ လအ႐ြယ္ သမီးငယ္ႏွင့္ဇနီးျဖစ္သူ အပါအဝင္ အတူေန မိသားစုဝင္ ၆ ဦးကိုပါ စစ္တပ္က ဖမ္းဆီး
ရန္ကုန္၊ ဧၿပီ ၂၃
ဧရာ၀တီတိုင္း၊ ပုသိမ္ခ႐ိုင္ ငပုေတာၿမိဳ႕နယ္ ကညင္ေခ်ာင္း႐ြာတြင္ ေနထိုင္ေနသည့္ ငပုေတာၿမိဳ႕နယ္ တိုင္း ေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ပိုင္စိုး၏ ဇနီး မနန္းယုသိန္းႏွင့္ ၁၀ လအ႐ြယ္ သမီးငယ္ မဆုျမတ္ပိုင္ အပါအဝင္
၎တို႔ကို ေစာင့္ေရွာက္ေပးထားေသာ ဦးေလးျဖစ္သူ ဦးတင္ဦးႏွင့္ သမီးျဖစ္သူ အသက္ ၁၃ ႏွစ္အ႐ြယ္ မလုံးခ်စ္၊ အိမ္နီးခ်င္းျဖစ္သူ ဦးေက်ာ္စြာဝင္းႏွင့္ ေဒၚအငယ္မ တို႔ကို အၾကမ္းဖက္စစ္ေကာင္စီဝင္မ်ားက ယေန႔ ဧၿပီ ၂၃ ရက္ေန႔ ေန႔လယ္ ၁၂ နာရီအခ်ိန္ခန႔္တြင္ လာေရာက္ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
ဖမ္းဆီးေခၚေဆာင္သြားသည့္အေၾကာင္းအရင္းကို အတိအက် မသိရွိရေသးေသာ္ လည္း တစ္ရပ္ကြက္ထဲေန စစ္တပ္သတင္းေပး ေဇာ္ေဇာ္က PDF မ်ားရွိသည္ဟု ေခ်ာက္ခ်သတင္းေပးမႈေၾကာင့္ ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာၾကားသည္။
“တစ္ရပ္ကြက္ထဲေန ေဇာ္ေဇာ္ဆိုသူ စစ္ေကာင္စီ ဒလန္က အဲဒီမိသားစုက ဦးေလးႀကီး ဦးတင္ဦးကို PDF လို႔ ေခ်ာက္ခ်တယ္။ သူ႔ခမ်ာ သူ႔သား မဂၤလာ ေဆာင္အတြက္ ဖိတ္စာကမ္းၿပီး အျပန္မွာ ဘုမသိ ဘမသိ အဖမ္းခံရတာ” ဟု ေဒသခံတစ္ဦးက ရန္ကုန္ ေခတ္သစ္သို႔ ေျပာဆိုသည္။
ငပုေတာၿမိဳ႕နယ္ မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ပိုင္စိုး သည္ ပုဒ္မ ၅၀၅ ထုတ္ျပန္ခံရမႈေၾကာင့္ ေရွာင္ေနသည္မွာ ၾကာၿပီျဖစ္ၿပီး ကညင္ေခ်ာင္း႐ြာတြင္ မိသားစုမ်ား ေရွာင္တိမ္းေနစဥ္ ယခုကဲ့သို႔ ၁၀ အ႐ြယ္ ကေလးငယ္အပါအဝင္ ဖမ္းဆီးခံလိုက္ရျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ဦးသက္ပိုင္စိုး၏ ဇနီး၊ ၁၀ လအ႐ြယ္ သမီးငယ္ႏွင့္ ေစာင့္ေရွာက္ေပး ေနသည့္ ဦးေလး မိသားစု။
ငပုတောမြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးကို မတွေ့၍ အသက် ၁၀ လအရွယ် သမီးငယ်နှင့်ဇနီးဖြစ်သူ အပါအဝင် အတူနေ မိသားစုဝင် ၆ ဦးကိုပါ စစ်တပ်က ဖမ်းဆီး
ရန်ကုန်၊ ဧပြီ ၂၃
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် ကညင်ချောင်းရွာတွင် နေထိုင်နေသည့် ငပုတောမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး၏ ဇနီး မနန်းယုသိန်းနှင့် ၁၀ လအရွယ် သမီးငယ် မဆုမြတ်ပိုင် အပါအဝင်
၎င်းတို့ကို စောင့်ရှောက်ပေးထားသော ဦးလေးဖြစ်သူ ဦးတင်ဦးနှင့် သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မလုံးချစ်၊ အိမ်နီးချင်းဖြစ်သူ ဦးကျော်စွာဝင်းနှင့် ဒေါ်အငယ်မ တို့ကို အကြမ်းဖက်စစ်ကောင်စီဝင်များက ယနေ့ ဧပြီ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့်အကြောင်းအရင်းကို အတိအကျ မသိရှိရသေးသော် လည်း တစ်ရပ်ကွက်ထဲနေ စစ်တပ်သတင်းပေး ဇော်ဇော်က PDF များရှိသည်ဟု ချောက်ချသတင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။
“တစ်ရပ်ကွက်ထဲနေ ဇော်ဇော်ဆိုသူ စစ်ကောင်စီ ဒလန်က အဲဒီမိသားစုက ဦးလေးကြီး ဦးတင်ဦးကို PDF လို့ ချောက်ချတယ်။ သူ့ခမျာ သူ့သား မင်္ဂလာ ဆောင်အတွက် ဖိတ်စာကမ်းပြီး အပြန်မှာ ဘုမသိ ဘမသိ အဖမ်းခံရတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောဆိုသည်။
ငပုတောမြို့နယ် မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး သည် ပုဒ်မ ၅၀၅ ထုတ်ပြန်ခံရမှုကြောင့် ရှောင်နေသည်မှာ ကြာပြီဖြစ်ပြီး ကညင်ချောင်းရွာတွင် မိသားစုများ ရှောင်တိမ်းနေစဉ် ယခုကဲ့သို့ ၁၀ အရွယ် ကလေးငယ်အပါအဝင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဦးသက်ပိုင်စိုး၏ ဇနီး၊ ၁၀ လအရွယ် သမီးငယ်နှင့် စောင့်ရှောက်ပေး နေသည့် ဦးလေး မိသားစု။