မေကြးတိုင္း၊ မင္းတုန္းၿမိဳ႕မွာ ဧၿပီ ၂၂ ရက္က စစ္ေကာင္စီတပ္သားအခ်င္းခ်င္း ခိုက္ရန္ျဖစ္ၿပီး ေသနတ္နဲ႔ ပစ္ခတ္မိလို႔ တပ္သားငယ္ တေယာက္ ေသဆုံးသြားတယ္လို႔ ေဒသခံေတြထံကေန သိရပါတယ္။
အင္းလယ္ စစ္ေဆးေရးဂိတ္မွာ စစ္ေကာင္စီတပ္သားေတြ မူးယစ္ေသာက္စားၿပီး အခ်င္းခ်င္းရန္ျဖစ္ရာက တပ္ၾကပ္တေယာက္က စစ္သားငယ္တေယာက္ကို ပစ္ခတ္ခဲ့တာျဖစ္ၿပီး စစ္သားငယ္ဟာ ေသနတ္ဒဏ္ရာအျပင္ကို မ်က္ႏွာတခုလုံး ဖူးေရာင္ဒဏ္ရာနဲ႔ ေသဆုံးသြားတာလို႔ ၿမိဳ႕ခံတစ္ေယာက္က ေျပပါတယ္။
“သူတို႔က စီနီယာက ဂ်ဴနီယာကို ပညာေပး ဆုံးမတာဆိုၿပီး ႐ိုက္တာတဲ့။ ေနာက္ေတာ့ ပစ္ခတ္မႈအထိ ျဖစ္သြားတယ္ထင္တယ္။ ညက ေသနတ္အသံေတာ့ ၾကားလိုက္တယ္။ ၿမိဳ႕အဝင္ အင္းလယ္ဘက္က စစ္ေဆးေရးဂိတ္မွာဆိုေတာ့ ဘယ္သူမွ သြားမၾကည့္ရဲၾကဘူး။
သူတို႔ကလည္း အဲဒီကိစၥကို အတင္းလိုက္ဖုံးေနတယ္။ ေဆး႐ုံကဆရာဝန္ေတြ၊ သူနာျပဳေတြေတာင္ ေမးလို႔မရဘူး၊ ေသတဲ့တပ္သားက ကေလးစစ္သားေလးပဲ အသက္ ၁၆၊ ၁၇ ေလာက္ပဲရွိေသးတာ သင္တန္းေတာင္ မတက္ရေသးဘူးတဲ့။”
အင္းလယ္ စစ္ေဆးေရးဂိတ္မွာဟာ ေဒသခံေတြကို တင္းက်ပ္စစ္ေဆးေနတဲ့ ဂိတ္တခုျဖစ္ၿပီး ဆိုင္ကယ္ေတြ စက္ရပ္ၿပီးတြန္းသြားမွ ဝင္ခြင့္ျပဳတဲ့အေၾကာင္း၊ ကိုဗစ္-၁၉ ေဆးထိုးၿပီးတဲ့ လက္မွတ္ပါမွ သြားလာခြင့္ျပဳသလို မိန္းကေလးေတြ၊ သက္ႀကီး႐ြယ္အိုေတြ မေရွာင္ ေသနတ္နဲ႔ခ်ိန္ၿပီး ဆဲဆို ႐ိုင္းစိုင္းေနတဲ့ဂိတ္ ျဖစ္တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။
ေသဆုံးသြားတဲ့ စစ္သားရဲ႕ အေလာင္းကို ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားၿပီး ဧၿပီ ၂၂ ရက္မွာ သူ႔ရဲ႕ အေလာင္းကို သၿဂႋဳဟ္ဖို႔ ရွိေနပါတယ္။source-DVB
မကွေးတိုင်း၊ မင်းတုန်းမြို့မှာ ဧပြီ ၂၂ ရက်က စစ်ကောင်စီတပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်မိလို့ တပ်သားငယ် တယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အင်းလယ် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ မူးယစ်သောက်စားပြီး အချင်းချင်းရန်ဖြစ်ရာက တပ်ကြပ်တယောက်က စစ်သားငယ်တယောက်ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သားငယ်ဟာ သေနတ်ဒဏ်ရာအပြင်ကို မျက်နှာတခုလုံး ဖူးရောင်ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ မြို့ခံတစ်ယောက်က ပြေပါတယ်။
“သူတို့က စီနီယာက ဂျူနီယာကို ပညာပေး ဆုံးမတာဆိုပြီး ရိုက်တာတဲ့။ နောက်တော့ ပစ်ခတ်မှုအထိ ဖြစ်သွားတယ်ထင်တယ်။ ညက သေနတ်အသံတော့ ကြားလိုက်တယ်။ မြို့အဝင် အင်းလယ်ဘက်က စစ်ဆေးရေးဂိတ်မှာဆိုတော့ ဘယ်သူမှ သွားမကြည့်ရဲကြဘူး။
သူတို့ကလည်း အဲဒီကိစ္စကို အတင်းလိုက်ဖုံးနေတယ်။ ဆေးရုံကဆရာဝန်တွေ၊ သူနာပြုတွေတောင် မေးလို့မရဘူး၊ သေတဲ့တပ်သားက ကလေးစစ်သားလေးပဲ အသက် ၁၆၊ ၁၇ လောက်ပဲရှိသေးတာ သင်တန်းတောင် မတက်ရသေးဘူးတဲ့။”
အင်းလယ် စစ်ဆေးရေးဂိတ်မှာဟာ ဒေသခံတွေကို တင်းကျပ်စစ်ဆေးနေတဲ့ ဂိတ်တခုဖြစ်ပြီး ဆိုင်ကယ်တွေ စက်ရပ်ပြီးတွန်းသွားမှ ဝင်ခွင့်ပြုတဲ့အကြောင်း၊ ကိုဗစ်-၁၉ ဆေးထိုးပြီးတဲ့ လက်မှတ်ပါမှ သွားလာခွင့်ပြုသလို မိန်းကလေးတွေ၊ သက်ကြီးရွယ်အိုတွေ မရှောင် သေနတ်နဲ့ချိန်ပြီး ဆဲဆို ရိုင်းစိုင်းနေတဲ့ဂိတ် ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်သားရဲ့ အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ဧပြီ ၂၂ ရက်မှာ သူ့ရဲ့ အလောင်းကို သင်္ဂြိုဟ်ဖို့ ရှိနေပါတယ်။source-DVB