Local News

စစ္အာဏာရွင္အတြက္ ေႏြေရာက္ရင္ ေျခရာခြက္ထဲကေရ ခမ္းပါတယ္

စစ္အာဏာရွင္က်ဆုံးခန္းမွာေသေဖၚညႇိတာ၊ဘယ္သူမွမသိေလာက္ဘူး သူထင္ေနတာကိုက ႏိုင္ငံေတာ္အဆင့္ျပက္လုံးပါ

စစ္ဗိုလ္တပ္ခ်ဳပ္က အရပ္ဝတ္ႀကီးခပ္တည္တည္ေကာက္စြပ္ၿပီးထြက္ေပါက္ရွာေနတဲ့လုပ္ရပ္ ကိုအားလုံးသိၾကပါတယ္

NUG နဲ႔ တိုင္းရင္းသားေတြကိုေသြးခြဲဖို႔ႀကံေသးတယ္ ေႏြဦးေတာ္လွန္ေရးအပါဝင္တႏိုင္ငံလုံးစာမဟုတ္ပဲ သူေျပာသလိုတဖြဲ႕ျခင္းလူမ်ိဳးစုအလိုက္ရွင္းရေအာင္ သူ႔ကိုဘယ္ျပည္သူေတြက ေ႐ြးခ်ယ္တင္ေျမာက္ထားလို႔လဲ ဘယ္တုန္းကျပည္သူ႔ကိုယ္စားျပဳ mandate ေပးထားလို႔လဲစကစအတြက္ေမးခြန္းသတ္ျပန္ၿပီ။

သူတို႔မွာဘာ mandate မွမရွိရွာပါ စစ္တပ္ဆိုတာ Institution တခုမွ်သာပါ ၂၀၀၈ ေျခ/ဥရဲ႕ အႏိုင္က်င့္ဗိုလ္အက်ဆုံးျဖစ္တဲ့(စစ္တပ္ရဲ႕အနာဂါတ္ႏိုင္ငံေရးဦးေဆာင္မႈအခန္းက႑)ဝွက္ထားတဲ့ဓားကေဆြးေႏြးဝိုင္းမထိုင္ခင္ကထည္းကေပၚႏွင့္ၿပီ။

သူကေတာ့ထြက္ေပါက္အျဖစ္ တိုင္းရင္းသားဝတ္စုံေတြၿခံရံတဲ့ ဓာတ္ပုံအရမ္းလိုခ်င္ေနသူမို႔ မရရရာ ရွာႀကံ လုပ္ႀကံ ႐ိုက္ျပခ်င္ဦးမွာပဲ အဲဒီဓာတ္ပုံေတြ ရက္ျခားရက္ျခား ကမာၻကိုျပ ၊တဖက္ကျပည္သူေတြကိုေန႔စဥ္ဖမ္း ၊ ႏွိပ္စက္ ၊သတ္၊ လုပ္မွာကိုေကာ ဘယ္သူအာမခံမွာလဲ။

လြတ္လပ္စြာဆႏၵျပခြင့္ အေျခခံေတာင္ ခြင့္မျပဳပဲ အၾကမ္းဖက္ၿဖိဳခြင္းေနသူဆီက ဘာဒီမိုကေရစီရဖို႔ေမွ်ာ္သင့္ပါသလဲ သူ႔ဆီႏွစ္ေယာက္စီလာေတြ႕ပါဆိုရေအာင္ ၊တိုင္းရင္းသားေတြလိုခ်င္တဲ့ဖက္ဒရယ္က တပ္ပိုင္မိုင္တဲလ္ ဆင္းမ္ကဒ္ နံပါတ္အလွလို သူလက္မွတ္ထိုး ထုတ္ေပးလို႔ရတာမ်ိဳးလည္း မဟုတ္။

“ဖက္ဒရယ္နဲ႔ဒီမိုကေရစီဟာ ေႏြဦးေတာ္လွန္ေရးမွာတသားထည္းျဖစ္ခဲ့ၿပီ “ဒဂၤါးတခ်ပ္ကို ေခါင္းပန္းႏွစ္ျခမ္းခြဲမရေတာ့ပါ ဒါႏွစ္ေပါင္းမ်ားစြာ တိုင္းရင္းသားျပည္သူေတြ အသက္ ဘဝ မ်ားစြာရင္း တိုက္ယူလာ ေပါင္းစုမိတဲ့ဆုံမွတ္ရလဒ္ပါပဲ။

အခုထိ ေနစရာလည္းမွ်ေပး ၊စားစရာလည္းမွ်ေကြၽး၊ စစ္ပညာေတြလည္းသင္ေပးတဲ့ေက်းဇူးတရားေတြ၊ ဒီေန႔ ျပည္သူေတာ္လွန္ေရးနဲ႔အတူရပ္ျပေနသူ၊ အားေပးစကားေျပာသူ တိုင္းရင္းသားေခါင္းေဆာင္ေတြအေပၚ ျပည္သူေတြထားရွိတဲ့ယုံၾကည္အားကိုးမႈေတြကိုၾကည့္ပါ။ အမ်ား ျပည္သူရဲ႕ ယုံၾကည္မႈကိုရတယ္ဆိုတာ အျမင့္ျမတ္ဆုံးဆုလာဘ္ပါ။

ပါဠိစာလုံးေတြေရာေထြး ၊ လုံးေရးေပးတိုင္းျဖစ္တဲ့ ဘြဲ႕တံဆိပ္မ်ားနဲ႔ လားလားမွမတူပါ။ ေသြးခြဲဖို႔ႀကံတာကိုက အမွားႀကီးပါ ခက္တာက သူကိုယ္တိုင္ ဒီစကားကို တပ္ခ်ဳပ္ပီပီ စစ္ဝတ္စုံဝတ္ၿပီးမေျပာဝံ့တာပဲသူကျပည္သူေ႐ြးထားတဲ့အစိုးရလိုလို စစ္ဗိုလ္ခ်ဳပ္မဟုတ္သလိုလို အရပ္ဝတ္ကိုမွေ႐ြးဝတ္ျပတာ ၾကည့္ပါ။

ကိုယ္တာဝန္ယူထားတဲ့အဖြဲ႕အစည္းဝတ္စုံ၊ စစ္ဝတ္စုံကို ဒီလို တကူးတကန္႔ဖန္တီးယူတဲ့ပြဲေတြမွာဘာေၾကာင့္ဝတ္မျပရဲတာလဲ။ သူကသပ္သပ္အရပ္သားလား၊ စစ္တပ္ကသပ္သပ္လား ၊ အရွိတရားကို ကမာၻထံအမွန္အတိုင္းမျပရဲ၊ အာဏာလုတပ္ခ်ဳပ္ဆိုတာ ေမ့ေနေစခ်င္တာ စစ္သားေတြကိုယ္တိုင္စဥ္းစားဖို႔ပါ။ ဦးေႏွာက္ဆိုတာစစ္ေျမျပင္မွာ ျပန္႔က်ဲၿပီးမွေခါင္းခြံထဲျပန္ထည့္ စဥ္းစားတဲ့အလုပ္လုပ္ခ်င္ပါတယ္ဆို မရေတာ့ေၾကာင္း စစ္သားေတြသိဖို႔ပါ။

ဒီရက္ထဲ ျပည္သူ႔ဘက္သားေတြရတဲ့ စခန္းသိမ္းေအာင္ပြဲေတြ နဲ႔ အဓမၼစစ္ေကာင္စီၿပိဳလဲမႈေတြက အစပဲရွိပါေသးတယ္ ဒီတခါ ျပည္သူ႔အလွည့္ပါ ျပည္သူညီတာ “ဤ “ကို “ကြၽဲ “ဖတ္ဖို႔မဟုတ္၊ ျပည္သူညီရင္ အာဏာရွင္ကို ဒီလို ၿဖိဳခ်ရပါတယ္ဆိုတာ ကမာၻကိုျပဖို႔ပါ (စစ္အာဏာရွင္အတြက္)ေႏြေရာက္ရင္ ေျခရာခြက္ထဲကေရ ခမ္းပါတယ္ (ျပည္သူ ဆိုတဲ့)သမုဒၵယာႀကီးကေတာ့ခမ္းနားထည္ဝါ က်န္ၿမဲပါ။

မင္းကိုႏိုင္

စစ်အာဏာရှင်ကျဆုံးခန်းမှာသေဖေါ်ညှိတာ၊ဘယ်သူမှမသိလောက်ဘူး သူထင်နေတာကိုက နိုင်ငံတော်အဆင့်ပြက်လုံးပါ

စစ်ဗိုလ်တပ်ချုပ်က အရပ်ဝတ်ကြီးခပ်တည်တည်ကောက်စွပ်ပြီးထွက်ပေါက်ရှာနေတဲ့လုပ်ရပ် ကိုအားလုံးသိကြပါတယ်

NUG နဲ့ တိုင်းရင်းသားတွေကိုသွေးခွဲဖို့ကြံသေးတယ် နွေဦးတော်လှန်ရေးအပါဝင်တနိုင်ငံလုံးစာမဟုတ်ပဲ သူပြောသလိုတဖွဲ့ခြင်းလူမျိုးစုအလိုက်ရှင်းရအောင် သူ့ကိုဘယ်ပြည်သူတွေက ရွေးချယ်တင်မြောက်ထားလို့လဲ ဘယ်တုန်းကပြည်သူ့ကိုယ်စားပြု mandate ပေးထားလို့လဲစကစအတွက်မေးခွန်းသတ်ပြန်ပြီ။

သူတို့မှာဘာ mandate မှမရှိရှာပါ စစ်တပ်ဆိုတာ Institution တခုမျှသာပါ ၂၀၀၈ ခြေ/ဥရဲ့ အနိုင်ကျင့်ဗိုလ်အကျဆုံးဖြစ်တဲ့(စစ်တပ်ရဲ့အနာဂါတ်နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ)ဝှက်ထားတဲ့ဓားကဆွေးနွေးဝိုင်းမထိုင်ခင်ကထည်းကပေါ်နှင့်ပြီ။

သူကတော့ထွက်ပေါက်အဖြစ် တိုင်းရင်းသားဝတ်စုံတွေခြံရံတဲ့ ဓာတ်ပုံအရမ်းလိုချင်နေသူမို့ မရရရာ ရှာကြံ လုပ်ကြံ ရိုက်ပြချင်ဦးမှာပဲ အဲဒီဓာတ်ပုံတွေ ရက်ခြားရက်ခြား ကမ္ဘာကိုပြ ၊တဖက်ကပြည်သူတွေကိုနေ့စဉ်ဖမ်း ၊ နှိပ်စက် ၊သတ်၊ လုပ်မှာကိုကော ဘယ်သူအာမခံမှာလဲ။

လွတ်လပ်စွာဆန္ဒပြခွင့် အခြေခံတောင် ခွင့်မပြုပဲ အကြမ်းဖက်ဖြိုခွင်းနေသူဆီက ဘာဒီမိုကရေစီရဖို့မျှော်သင့်ပါသလဲ သူ့ဆီနှစ်ယောက်စီလာတွေ့ပါဆိုရအောင် ၊တိုင်းရင်းသားတွေလိုချင်တဲ့ဖက်ဒရယ်က တပ်ပိုင်မိုင်တဲလ် ဆင်းမ်ကဒ် နံပါတ်အလှလို သူလက်မှတ်ထိုး ထုတ်ပေးလို့ရတာမျိုးလည်း မဟုတ်။

“ဖက်ဒရယ်နဲ့ဒီမိုကရေစီဟာ နွေဦးတော်လှန်ရေးမှာတသားထည်းဖြစ်ခဲ့ပြီ “ဒင်္ဂါးတချပ်ကို ခေါင်းပန်းနှစ်ခြမ်းခွဲမရတော့ပါ ဒါနှစ်ပေါင်းများစွာ တိုင်းရင်းသားပြည်သူတွေ အသက် ဘဝ များစွာရင်း တိုက်ယူလာ ပေါင်းစုမိတဲ့ဆုံမှတ်ရလဒ်ပါပဲ။

အခုထိ နေစရာလည်းမျှပေး ၊စားစရာလည်းမျှကျွေး၊ စစ်ပညာတွေလည်းသင်ပေးတဲ့ကျေးဇူးတရားတွေ၊ ဒီနေ့ ပြည်သူတော်လှန်ရေးနဲ့အတူရပ်ပြနေသူ၊ အားပေးစကားပြောသူ တိုင်းရင်းသားခေါင်းဆောင်တွေအပေါ် ပြည်သူတွေထားရှိတဲ့ယုံကြည်အားကိုးမှုတွေကိုကြည့်ပါ။ အများ ပြည်သူရဲ့ ယုံကြည်မှုကိုရတယ်ဆိုတာ အမြင့်မြတ်ဆုံးဆုလာဘ်ပါ။

ပါဠိစာလုံးတွေရောထွေး ၊ လုံးရေးပေးတိုင်းဖြစ်တဲ့ ဘွဲ့တံဆိပ်များနဲ့ လားလားမှမတူပါ။ သွေးခွဲဖို့ကြံတာကိုက အမှားကြီးပါ ခက်တာက သူကိုယ်တိုင် ဒီစကားကို တပ်ချုပ်ပီပီ စစ်ဝတ်စုံဝတ်ပြီးမပြောဝံ့တာပဲသူကပြည်သူရွေးထားတဲ့အစိုးရလိုလို စစ်ဗိုလ်ချုပ်မဟုတ်သလိုလို အရပ်ဝတ်ကိုမှရွေးဝတ်ပြတာ ကြည့်ပါ။

ကိုယ်တာဝန်ယူထားတဲ့အဖွဲ့အစည်းဝတ်စုံ၊ စစ်ဝတ်စုံကို ဒီလို တကူးတကန့်ဖန်တီးယူတဲ့ပွဲတွေမှာဘာကြောင့်ဝတ်မပြရဲတာလဲ။ သူကသပ်သပ်အရပ်သားလား၊ စစ်တပ်ကသပ်သပ်လား ၊ အရှိတရားကို ကမ္ဘာထံအမှန်အတိုင်းမပြရဲ၊ အာဏာလုတပ်ချုပ်ဆိုတာ မေ့နေစေချင်တာ စစ်သားတွေကိုယ်တိုင်စဉ်းစားဖို့ပါ။ ဦးနှောက်ဆိုတာစစ်မြေပြင်မှာ ပြန့်ကျဲပြီးမှခေါင်းခွံထဲပြန်ထည့် စဉ်းစားတဲ့အလုပ်လုပ်ချင်ပါတယ်ဆို မရတော့ကြောင်း စစ်သားတွေသိဖို့ပါ။

ဒီရက်ထဲ ပြည်သူ့ဘက်သားတွေရတဲ့ စခန်းသိမ်းအောင်ပွဲတွေ နဲ့ အဓမ္မစစ်ကောင်စီပြိုလဲမှုတွေက အစပဲရှိပါသေးတယ် ဒီတခါ ပြည်သူ့အလှည့်ပါ ပြည်သူညီတာ “ဤ “ကို “ကျွဲ “ဖတ်ဖို့မဟုတ်၊ ပြည်သူညီရင် အာဏာရှင်ကို ဒီလို ဖြိုချရပါတယ်ဆိုတာ ကမ္ဘာကိုပြဖို့ပါ (စစ်အာဏာရှင်အတွက်)နွေရောက်ရင် ခြေရာခွက်ထဲကရေ ခမ်းပါတယ် (ပြည်သူ ဆိုတဲ့)သမုဒ္ဒယာကြီးကတော့ခမ်းနားထည်ဝါ ကျန်မြဲပါ။

မင်းကိုနိုင်