Local News

မအလ ရဲ႕ေဆြးေႏြးပြဲဖိတ္ေခၚမႈကို ျပတ္သားစြာ ေျပာလိုက္တဲ့ KNPP

၂၀၀၈ ဖြဲ႕စည္းပုံေအာက္ကေန ဘယ္ေဆြးေႏြးမႈကိုမွ လက္မခံဘူးလို႔ KNPP ေျပာ

လတ္တေလာ ျဖစ္ေနတဲ့ ေျမျပင္ အေျခအေနေရာ ၊ ႏိုင္ငံေရး အေျခအေနေတြနဲ႔ပါ ကြာဟမႈ ရွိေနတာေၾကာင့္ စစ္ေကာင္စီ ဥကၠ႒ ရဲ႕ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြကို ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမယ္ ဆိုတာကို လက္မခံသလို ၊ ထည့္သြင္း စဥ္းစားသြားမွာ မဟုတ္ဘူးလို႔ ကရင္နီ အမ်ိဳးသား တိုးတက္ေရးပါတီ KNPP ေျပာခြင့္ရ အတြင္းေရးမႉး ၂ ဦးေအာင္ဆန္းျမင့္က ဘီဘီစီကို ေျပာပါတယ္။

မေန႔က စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကို ၿငိမ္းခ်မ္းေရးအတြက္ သူကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမယ္ဆိုၿပီး ကမ္းလွမ္းတဲ့အေပၚ KNPP ရဲ႕ သေဘာထားေမးျမန္းတာကို ဦးေအာင္ဆန္းျမင့္က ဘီဘီစီကို ျပန္လည္ေျဖၾကားတာ ျဖစ္ပါတယ္။

စစ္ေကာင္စီက တိုင္းရင္းသားအဖြဲ႕ေတြကို ကမ္းလွမ္းေပမဲ့ အဲဒီထဲမွာ စစ္ေကာင္စီက အၾကမ္းဖက္လို႔ သတ္မွတ္ထားတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ ပီဒီအက္ဖ္ေတြ မပါဘူးလို႔ ေျပာထားပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ကလည္း ပီဒီအက္ဖ္အဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ရွိေနၿပီး စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ခိုက္မႈေတြ ရွိေနပါတယ္။

စစ္တပ္က အာဏာတည္ၿမဲဖို႔ ေရးဆြဲထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအရ NCA လမ္းေၾကာင္းနဲ႔ သြားဖို႔ စစ္ေကာင္စီ ဥကၠဌ က ကမ္းလွမ္းတာ ျဖစ္ၿပီး ဒါေတြဟာ KNPP က လိုလားတဲ့ အမ်ိဳးသား တန္းတူ ညီမွ်မႈ ရွိေရး ၊ ကိုယ္ပိုင္ ျပ႒ာန္းခြင့္အျပည့္အ၀ ရေရး ၊ ဖက္ဒရယ္ ဒီမိုကေရစီ ႏိုင္ငံ တည္ေဆာက္ေရး စတဲ့ ဦးတည္ခ်က္ေတြနဲ႔ ဆန႔္က်င္ေနတယ္လို႔ သူက ဆိုပါတယ္။

ဒါ့အျပင္ တကယ္ လက္ေတြ႕ ေျမျပင္မွာ တိုင္းျပည္အတြင္း လူအမ်ား ေသေၾကပ်က္စီး ေနရၿပီး ကယား (ကရင္နီ) ျပည္နယ္မွာ ဆိုရင္လည္း အျပစ္မဲ့ ျပည္သူ ၂၀၀ေက်ာ္ သတ္ျဖတ္ခံခဲ့ရသလို ေနာက္ထပ္ ၂၀၀ ေက်ာ္လဲ ဖမ္းဆီး ခံထားရကာ ၊ လူငယ္ေတြလည္း အသက္ေပးခဲ့ရၿပီး ၿမိဳ႕႐ြာေတြလည္း မီးရႈိ႕ခံထားရလို႔ ၿမိဳ႕ပ်က္ ႐ြာပ်က္ေတြ ျဖစ္ေနၿပီလို႔ သူက ေထာက္ျပခဲ့ပါတယ္။

အဲဒီလို အေျခအေနမွာ ၿငိမ္းခ်မ္းေရး စကားေျပာေနတာဟာ ေျမျပင္နဲ႔ သဟဇာတ မျဖစ္ဘဲ စစ္တပ္က လူမ်ိဳးတုန္း သတ္ျဖတ္ေနမႈေတြ ၊ လူသားမ်ိဳးႏြယ္ တရပ္လုံးအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြ ဘယ္လို ရပ္တန႔္မလဲ ဆိုတာက ပိုၿပီး အေရးႀကီးတယ္လို႔ ဦးေအာင္ဆန္းျမင့္က ေျပာပါတယ္။

တိုင္းရင္းသားေတြ အေနနဲ႔ တန္းတူညီမွ်မႈ ၊ တရားမွ်တမႈ ၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ရွိၿပီး စစ္တပ္ အေနနဲ႔ ႏိုင္ငံေရးက စြန႔္ခြာမွသာလွ်င္ ေတြ႕ဆုံ ေဆြးေႏြးမႈကို လက္ခံ စဥ္းစားသြားမယ္လို႔ KNPP ေျပာခြင့္ရသူက ဆိုပါတယ္။

အခု စစ္ေကာင္စီ ဥကၠ႒ ကမ္းလွမ္းခ်က္ဟာ အာဆီယံ မူ ၅ခ်က္နဲ႔ အညီ သြားေနပါတယ္ ၊ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ ေဆြးေႏြးေနပါတယ္ ဆိုတာကို ႏိုင္ငံတကာမွာ ျပယုဂ္ေကာင္းေအာင္ ၊ ႏိုင္ငံကို သူက ထိန္းခ်ဳပ္ႏိုင္ေနပါၿပီ ၊ ၿငိမ္းခ်မ္းေရး ကိစၥေတြ ျပန္လည္ ေဆာင္႐ြက္ေနပါၿပီ ဆိုတာကို ျပခ်င္တဲ့ အေနအထားသာ ျဖစ္ၿပီး လက္ရွိမွာ သူတို႔လိုခ်င္တဲ့ ဖက္ဒရယ္ ႏိုင္ငံ တည္ေဆာက္ဖို႔ ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးလို႔ ဦးေအာင္ဆန္းျမင့္က သုံးသပ္ပါတယ္။

ကရင္နီ ( ကယား ) ျပည္နယ္မွာ ၿပီးခဲ့တဲ့ ခရစ္စမတ္ မတိုင္ခင္ က လူ ၄၀ နီးပါး သတ္ျဖတ္ မီးရႈိ႕ခံရတဲ့ ျဖစ္ရပ္ေတြက ရပ္တန႔္မသြားေသးဘဲ ႏွစ္ဆန္းပိုင္းကစလို႔ ေန႔စဥ္လိုလို သူတို႔ ျပည္နယ္အတြင္း ေလေၾကာင္းက ဗုံးႀကဲ ထိုးစစ္ဆင္မႈေတြကို စစ္ေကာင္စီတပ္ေတြက ဆက္လက္ လုပ္ေဆာင္ေနစဲလို႔ သူက ေထာက္ျပပါတယ္။

ဒီလို အေနအထားမွာ စစ္ေကာင္စီ တပ္ေတြဟာ ေျမျပင္မွာ လက္နက္ကိုင္ တပ္ဖြဲ႕ေတြကို ယွဥ္ႏိုင္ျခင္း မရွိတာေၾကာင့္ ဘယ္လိုပဲ ေလေၾကာင္းထိုးစစ္ေတြ တိုးလုပ္လာပါေစ ရတဲ့နည္းနဲ႔ ေနာက္မဆုတ္ဘဲ ဆက္လက္ တိုက္ပြဲ​၀င္သြားမယ္ ၊ တခ်ိန္တည္းမွာ စစ္အာဏာရွင္ ျပဳတ္က်ေရးအတြက္ တျခား Stakeholder ေတြ၊ အဖြဲ႕အစည္း အသီးသီးက ဟန္ခ်က္ညီညီ လႈပ္ရွားသြားမယ္ဆိုရင္ စစ္တပ္အေနနဲ႔ အာဏာတည္ၿမဲဖို႔ အခ်ိန္သိပ္မက်န္ေတာ့ပါဘူးလို႔ KNPP ေျပာခြင့္ရသူက ေျပာပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ၿငိမ္းခ်မ္းေရးကို ဖိတ္ေခၚထားသလို ၿငိမ္းခ်မ္းေရးေဆြးေႏြးဆဲ ကာလအတြင္း တပ္စခန္းေတြကို လာတိုက္တာေတြ လုပ္ရင္ တုံ႔ျပန္မယ္လို႔လည္း ေၾကညာထားပါတယ္။source-BBC

၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ဘယ်ဆွေးနွေးမှုကိုမှ လက်မခံဘူးလို့ KNPP ပြော

လတ်တလော ဖြစ်နေတဲ့ မြေပြင် အခြေအနေရော ၊ နိုင်ငံရေး အခြေအနေတွေနဲ့ပါ ကွာဟမှု ရှိနေတာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌ ရဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ် ဆိုတာကို လက်မခံသလို ၊ ထည့်သွင်း စဉ်းစားသွားမှာ မဟုတ်ဘူးလို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ပြောခွင့်ရ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

မနေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး ကမ်းလှမ်းတဲ့အပေါ် KNPP ရဲ့ သဘောထားမေးမြန်းတာကို ဦးအောင်ဆန်းမြင့်က ဘီဘီစီကို ပြန်လည်ဖြေကြားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားအဖွဲ့တွေကို ကမ်းလှမ်းပေမဲ့ အဲဒီထဲမှာ စစ်ကောင်စီက အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပီဒီအက်ဖ်တွေ မပါဘူးလို့ ပြောထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း ပီဒီအက်ဖ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

စစ်တပ်က အာဏာတည်မြဲဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ NCA လမ်းကြောင်းနဲ့ သွားဖို့ စစ်ကောင်စီ ဥက္ကဌ က ကမ်းလှမ်းတာ ဖြစ်ပြီး ဒါတွေဟာ KNPP က လိုလားတဲ့ အမျိုးသား တန်းတူ ညီမျှမှု ရှိရေး ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အပြည့်အ၀ ရရေး ၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး စတဲ့ ဦးတည်ချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တကယ် လက်တွေ့ မြေပြင်မှာ တိုင်းပြည်အတွင်း လူအများ သေကြေပျက်စီး နေရပြီး ကယား (ကရင်နီ) ပြည်နယ်မှာ ဆိုရင်လည်း အပြစ်မဲ့ ပြည်သူ ၂၀၀ကျော် သတ်ဖြတ်ခံခဲ့ရသလို နောက်ထပ် ၂၀၀ ကျော်လဲ ဖမ်းဆီး ခံထားရကာ ၊ လူငယ်တွေလည်း အသက်ပေးခဲ့ရပြီး မြို့ရွာတွေလည်း မီးရှို့ခံထားရလို့ မြို့ပျက် ရွာပျက်တွေ ဖြစ်နေပြီလို့ သူက ထောက်ပြခဲ့ပါတယ်။

အဲဒီလို အခြေအနေမှာ ငြိမ်းချမ်းရေး စကားပြောနေတာဟာ မြေပြင်နဲ့ သဟဇာတ မဖြစ်ဘဲ စစ်တပ်က လူမျိုးတုန်း သတ်ဖြတ်နေမှုတွေ ၊ လူသားမျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဘယ်လို ရပ်တန့်မလဲ ဆိုတာက ပိုပြီး အရေးကြီးတယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

တိုင်းရင်းသားတွေ အနေနဲ့ တန်းတူညီမျှမှု ၊ တရားမျှတမှု ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိပြီး စစ်တပ် အနေနဲ့ နိုင်ငံရေးက စွန့်ခွာမှသာလျှင် တွေ့ဆုံ ဆွေးနွေးမှုကို လက်ခံ စဉ်းစားသွားမယ်လို့ KNPP ပြောခွင့်ရသူက ဆိုပါတယ်။

အခု စစ်ကောင်စီ ဥက္ကဋ္ဌ ကမ်းလှမ်းချက်ဟာ အာဆီယံ မူ ၅ချက်နဲ့ အညီ သွားနေပါတယ် ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးနေပါတယ် ဆိုတာကို နိုင်ငံတကာမှာ ပြယုဂ်ကောင်းအောင် ၊ နိုင်ငံကို သူက ထိန်းချုပ်နိုင်နေပါပြီ ၊ ငြိမ်းချမ်းရေး ကိစ္စတွေ ပြန်လည် ဆောင်ရွက်နေပါပြီ ဆိုတာကို ပြချင်တဲ့ အနေအထားသာ ဖြစ်ပြီး လက်ရှိမှာ သူတို့လိုချင်တဲ့ ဖက်ဒရယ် နိုင်ငံ တည်ဆောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဦးအောင်ဆန်းမြင့်က သုံးသပ်ပါတယ်။

ကရင်နီ ( ကယား ) ပြည်နယ်မှာ ပြီးခဲ့တဲ့ ခရစ်စမတ် မတိုင်ခင် က လူ ၄၀ နီးပါး သတ်ဖြတ် မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေက ရပ်တန့်မသွားသေးဘဲ နှစ်ဆန်းပိုင်းကစလို့ နေ့စဉ်လိုလို သူတို့ ပြည်နယ်အတွင်း လေကြောင်းက ဗုံးကြဲ ထိုးစစ်ဆင်မှုတွေကို စစ်ကောင်စီတပ်တွေက ဆက်လက် လုပ်ဆောင်နေစဲလို့ သူက ထောက်ပြပါတယ်။

ဒီလို အနေအထားမှာ စစ်ကောင်စီ တပ်တွေဟာ မြေပြင်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို ယှဉ်နိုင်ခြင်း မရှိတာကြောင့် ဘယ်လိုပဲ လေကြောင်းထိုးစစ်တွေ တိုးလုပ်လာပါစေ ရတဲ့နည်းနဲ့ နောက်မဆုတ်ဘဲ ဆက်လက် တိုက်ပွဲဝင်သွားမယ် ၊ တချိန်တည်းမှာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တခြား Stakeholder တွေ၊ အဖွဲ့အစည်း အသီးသီးက ဟန်ချက်ညီညီ လှုပ်ရှားသွားမယ်ဆိုရင် စစ်တပ်အနေနဲ့ အာဏာတည်မြဲဖို့ အချိန်သိပ်မကျန်တော့ပါဘူးလို့ KNPP ပြောခွင့်ရသူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ထားသလို ငြိမ်းချမ်းရေးဆွေးနွေးဆဲ ကာလအတွင်း တပ်စခန်းတွေကို လာတိုက်တာတွေ လုပ်ရင် တုံ့ပြန်မယ်လို့လည်း ကြေညာထားပါတယ်။source-BBC