Local News

နယ်မြေတွေစိုးမိုးလာမှုလာကြီး


ရန်ကုန်၊ ဧပြီ ၂၃





ရေစကြို-ချောင်းဦးလမ်းကို PDF များ တားဆီးစစ်ဆေး၊ ပြည်သူများအနေဖြင့် လုံခြုံရေးအရ စစ်ဆေးမှုကို ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ ဧပြီ ၂၃

မကွေးတိုင်း၊ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းမကြီးပေါ်တွင် လုံခြုံရေးလိုအပ်ချက်အရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကားများကို တားဆီး စစ်ဆေးမှုများ လုပ်ဆောင်နေရပြီး ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် PDF က မေတ္တာရပ်ခံလိုက်ကြောင်း သိရှိရသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်က ရေစကြိုမြို့နယ်တွင်း လမ်းမကြီးများကို လိုအပ်လျင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သောကြောင့် ခရီး သွားကားများ အနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန်မေတ္တာ ရပ်ခံအပ်ပါကြောင်း၊

စစ်ရေးလိုအပ်ချက် ၊ လုံခြုံရေးလိုအပ်ချက်များအရ ရေစကြိုမြို့နယ်တွင်း လမ်းများအား ပိတ်သွားမည်ဖြစ်ကြောင်း၊

ကြိုတင်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်People Defense Force Yesagyoက သတင်းထုတ်ပြန်ထားသည်။