Knowledge

ဆီစျေး တတ်လာတာနဲ့အမျှ အရည်အသွေးမပြည့်မှီတဲ့အတွက် ခဏအတွင်း ပျက်စီးနေရတဲ့ ပလပ်များအကြောင်း














Credit

ဈေးတက်ပြီး ပြန်မကျတတ်တဲ့ စက်သုံးဆီဆိုင်းများနှင့် ဆီအရည်အသွေးမပြည့်မှီတဲ့အတွက် အချိန်မတိုင်မှီ ပျက်စီးနေရတဲ့ မော်တော်ယာဉ် ပလပ်များအကြောင်း

လက်ရှိပြည်တွင်း စက်သုံးဆီတွေမှာ အရည်အသွေးမပြည့်မှီတဲ့အကြောင်းကို ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)ဆရာမှ ကိုယ်တွေ့နဲ့ယှဉ်ပြီး ပြည်တွင်းစက်သုံးဆီတွေအကြောင်းကို အကြံပြုတင်ပြပေးထားတာဖြစ်ပါတယ်။

ပြောပြချက်မှာ ”အရင်တုန်းက ဗဟိုဘဏ်ကနေပြီး ဒေါ်လာကို ၁၈၅၀ ဝန်းကျင်ဈေးနဲ့ ရောင်းပေးတုန်း က ၁၈၅၀ ဈေးနဲ့ဝယ်၊ အပြင်ဈေး ၂၀၇၀ လောက်နဲ့ တွက်ပြီးကြာရှည်စွာရောင်းခဲ့တဲ့ ဆီဆိုင်တွေဟာ မော်တော်ယာဉ်အသုံးပြုသူတွေကို အမြတ်ကြီးစားခဲ့ကြတယ်…။

အခု ဗဟိုဘဏ်ပေါက်ဈေး ၁၈၅၀ ဈေးနဲ့တွက်ပြီးရောင်းရတော့ ခုလိုပုံစံမျိုးတွေဈေးကစားချင်တဲ့ပုံစံမျိုးတွေလုပ်လာတော့တာတော့မဟုတ်သေးဘူးထင်တယ်…။

နိုင်ငံတကာဈေးကွက်မှာ ရေနံစိမ်းဈေး တက်တာနဲ့ မြန်မာပြည်မှာ စက်သုံးဆီဈေးက မိနစ်မခြား ချက်ချင်းဈေးတက်ပြီးပြီ၊ ဒေါ်လာဈေးတက်တာနဲ့ မိနစ်မခြား Hypersonic Speed နဲ့ဈေးတက်လိုက်ပြန်တယ်။

နိုင်ငံတကာရေနံစိမ်းဈေးကျပြီ မြန်မာပြည်ထဲမှာ ဒေါ်လာဈေးကျပြီဆိုရင် ဆီဆိုင်တွေမှ ၂ ရက် ၃ ရက်နဲ့ဈေးပြန်မချပေးဘူး…။ တက်ဈေးနဲ့ဝယ်ထားရလို့ဆိုပြီး မှိန်းရောင်းတယ်…။ရေနံစိမ်းဈေး ဒေါ်လာဈေးတက်တော့ကျဈေးနဲ့ဝယ်ထားရလို့ဆိုပြီးအရင်ဈေးနဲ့ ဆက်မရောင်းပေးဘူး၊ချက်ချင်း ဈေးတက်ရောင်းတယ်၊

ဆီအရည်အသွေးကျပြန်တော့လည်း ထိုင်းဆီကို ခြေဖျားတောင်မမှီပြန်ဘူး၊ တာချီလိတ်နဲ့ မြဝတီမှာထိုင်းဆီထည့်မောင်းနေတဲ့ ကားတွေရဲ့ ပလပ်ခေါင်းကို ချွတ်ကြည့်ရင် လျှပ်ကာကြွေခေါင်းတွေဖွေးနေတာမြင်ရမယ်။ရန်ကုန်မှာ မောင်းနေတဲ့ကားတွေရဲ့ ပလပ်တွေကိုချွတ်ကြည့်လိုက်ရင်မီးခိုးတွေမဲနေတာနဲ့ထုံးမှုန့်လို အဖြူမှုန်တွေကပ်နေတာကို တွေ့ရတယ်၊

ထိုင်းမှာ Genuine Part ဖြစ်တဲ့မူရင်းပလပ်အမျိုးအစားသုံးရင်ကီလိုမီတာ ၅၀၀၀၀ ကျော်တာတောင်ကားအဆွဲအရုန်း ကောင်းပြီးလဲစရာမလိုသေးဘူး၊မြန်မာပြည်မှာ Genuine Partပလပ်မကလို့ သိကြားမင်းပေးတဲ့ပလပ်တွေပဲထည့်သုံးသုံးကီလိုမီတာ ၂၀၀၀၀ နားနီးရင်ကားအဆွဲအရုန်းကျပြီးပလပ်တွေ မလဲမဖြစ် လဲရပြီ၊

အချင်အတွယ်ကျတော့လည်းမြန်မာပြည်ထဲမှာ မပြည့်တဲ့ဆိုင်တွေ အများကြီးပါသေးတယ်…ကိုယ်တိုင်ကြုံခဲ့ရလို့မေးကြည့်တာ တစ်ဂါလံကိုလေးလီတာနှုန်းပါတဲ့…။

ဂါလံနဲ့ဝယ်တာမဟုတ်ဘူးလီတာနဲ့ဝယ်တာဆိုပြီးပြန်ပြော ဖြေရှင်းခိုင်းတော့တောင်းပန်ပါတယ်ဆိုတာကလွဲပြီး ဘာမှ မဖြေရှင်းပေးလို့ဆီအသင်းက တာဝန်ရှိသူကိုဆီဖြည့်ဘောင်ချာ၊ဆီဆိုင်ကပေးလိုက်တဲ့ ရေသန့်ဗူးတို့ကိုပါပို့ပြီးသက်သေနဲ့တိုင်တာတောင်အရေးမယူနိုင်ခဲ့ဘူး၊

ဆိုတော့ကာ မြန်မာပြည်မှာစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းဆိုတာသူတို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ရောင်းချင်တဲ့ဈေးညှိပြီးမော်တော်ယာဉ်အသုံးပြုသူတွေကိုဂုတ်သွေးစုပ် အမြတ်ကြီးစားဖို့အဓိကထားတာသာတွေ့ရပါတယ်…။

တစ်နိုင်ငံလုံးအနေနဲ့သုံးလအတွင်းထိုင်းကဲ့သို့ ဆီအရည်အသွေးနှင့်အချင်အတွယ်ပြည့်မှီစေရပါမယ်ဆိုပြီးမီဒီယာအများရှေ့သတင်းစာရှင်းလင်းပွဲမှာကတိတွေပေးခဲ့သော်လည်းငါးနှစ်ကျော်သွားတာတောင်ဆီအရည်အသွေးကခုထိ ထိုင်းဆီခြေဖျားကိုမမှီသေးသလိုအချက်အတွယ်ကလည်းမပြည့်တဲ့ဆိုင်တွေအများကြီးရှိပါသေးတယ်၊

အချပ်အားဖြင့်ဆိုရသော်မြန်မာပြည်စက်သုံးဆီဈေးကွက်တည်ငြိမ်မှန်ကန်စေရန်ဆီအရည်အသွေးကောင်းလာစေရန်နှင့်အချင်အတွယ်မှန်ကန်စေရန်အတွက်နိုင်ငံခြားဆီဆိုင်များကိုဖွင့်လှစ်ရောင်းချခွင့်ပေးမှသာလျှင်မြန်မာပြည်တွင်မော်တော်ယာဉ်အသုံးပြုသူများဆီအရည်အသွေး ကောင်းမွန်၊အချင်အတွယ်ပြည့်ဝ၊ဈေးနှုန်းမှန်ကန်စွာအသုံးပြုရမည်ဖြစ်ပါကြောင်းကိုတာဝန်ရှိသူများသိရှိစေရန် ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျ၊ ချစ်ခြင်းအားဖြင့် ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)” ဆိုပြီး ရေးသားထောက်ပြထားပါတယ်။

Credit