Local News

PDF မပါဘဲ ေတြ႕ဆုံေဆြးေႏြးလွ်င္ ျမန္မာျပည္ ၿငိမ္းခ်မ္းေရး မရႏိုင္ေတာ့ဟု KNU ေျပာ

PDF မပါဘဲ ေတြ႕ဆုံေဆြးေႏြးလွ်င္ ျမန္မာျပည္ ၿငိမ္းခ်မ္းေရး မရႏိုင္ေတာ့ဟု KNU ဗဟိုအလုပ္ အမႈေဆာင္ေကာ္မတီဝင္ ပဒိုေစာသမိန္ထြန္းေျပာဆို

ရန္ကုန္| ဧၿပီ ၂၃

ျမန္မာႏိုင္ငံတြင္ လက္ရွိဖြဲ႕စည္းတည္ေထာင္ထားၿပီးျဖစ္ေသာ ျပည္သူ႔ကာကြယ္ ေရးတပ္မေတာ္ PDF မပါဘဲ ျမန္မာျပည္ၿငိမ္းခ်မ္းေရး မရႏိုင္ေတာ့ေၾကာင္း KNU ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ပဒိုေစာသမိန္ထြန္းေျပာဆိုလိုက္သည္။

မင္းေအာင္လႈိင္၏ ၿငိမ္းခ်မ္းေရးကမ္းလွမ္းခ်က္ႏွင့္ပတ္သက္ၿပီး KNU ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ပဒိုေစာသမိန္ထြန္းေျပာဆိုခ်က္ကို KNU က ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

“သူတို႔ဘက္ကတစ္စုံတစ္ရာအက်ပ္အတည္းရွိႏိုင္တဲ့ကာလ ဒီအေျခအေနမ်ိဳးမွာ အခုကျပန္ထပ္ေခၚလိုက္ေတာ့ ေခၚတာကလည္း EAOလက္နက္ကိုင္အဖြဲ႕အစည္းေတြပဲပါရမယ္တဲ့။တျခားလက္နက္ကိုင္အဖြဲ႕အစည္းမပါရဘူးဆိုေတာ့ PDFကိုေျပာတာျဖစ္မွာေပါ့။ PDFမပါဘဲနဲ႔ တိုင္းရင္းသားEAOေတြပဲရၿပီထား ဒါႀကီးကေက်ၿငိမ္းမွာလား။မရဘူး ဒီလိုဘဲဆက္သြားေနမွာဘဲ။ တစ္စုံတစ္ရာအခ်ိဳ သတ္လိုက္တဲ့ပုံပဲ။”ဟု ၎ကဆိုသည္။

လက္ရွိျမန္မာႏိုင္ငံ၏ အေျခအေနသည္ PDF မပါဘဲ ၿငိမ္းခ်မ္းေရး မရႏိုင္ေတာ့သည္ကို သိရွိရမည္ဟု ၎ က‌ ေျပာဆိုသည္။ “တိုင္းရင္းသားစည္းလုံးညီၫြတ္မႈကိုလည္း သူမလုပ္ႏိုင္ခဲ့ဘူး၊ ျပည္ေထာင္စုမၿပိဳကြဲေအာင္လဲ သူမလုပ္ႏိုင္ခဲ့ဘူး၊ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးကိုလည္းသူမလုပ္ႏိုင္ခဲ့ဘူး။

ဒီလိုပုဂၢိဳလ္က မဲေ႐ြးေကာက္ပြဲနဲ႔ တျခားပါတီတစ္ခုကအႏိုင္ရသြားေတာ့ မဲလိမ္တယ္ မဲခိုးတယ္ဆိုၿပီး အေၾကာင္းျပၿပီးမွ အာဏာသိမ္းလိုက္တာ။ ဆိုလိုတာက သူတို႔အတြက္ ဘာအခြင့္အေရးမွ မရေတာ့တဲ့အခ်ိန္မွာ သူတို႔အာဏာသိမ္းလိုက္တာ။ အာဏာသိမ္းလိုက္ေတာ့ ၂၀၀၈ဖြဲ႕စည္းပုံကိုအသက္ေပးကာကြယ္မယ္ဆိုၿပီး သူက ၂၀၀၈ဖြဲ႕စည္းပုံကို သူဘဲဖ်က္တာ။

အဲ့လိုဖ်က္ၿပီးမွ‌ အခုက်မွ တစ္ျပည္လုံးက သူမထင္မွတ္ထားတဲ့ ျပည္သူလူထုႀကီးရဲ႕အုံႂကြဆန႔္က်င္မႈက လက္နက္ကိုင္ေတာ္လွန္ေရးအဆင့္ကိုေရာက္သြားတာ ။”ဟု ၎က ေျပာသည္။

PDF မပါဘဲ တွေ့ဆုံဆွေးနွေးလျှင် မြန်မာပြည် ငြိမ်းချမ်းရေး မရနိုင်တော့ဟု KNU ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းပြောဆို

ရန်ကုန်| ဧပြီ ၂၃

မြန်မာနိုင်ငံတွင် လက်ရှိဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်သော ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF မပါဘဲ မြန်မာပြည်ငြိမ်းချမ်းရေး မရနိုင်တော့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းပြောဆိုလိုက်သည်။

မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်ပတ်သက်ပြီး KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းပြောဆိုချက်ကို KNU က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“သူတို့ဘက်ကတစ်စုံတစ်ရာအကျပ်အတည်းရှိနိုင်တဲ့ကာလ ဒီအခြေအနေမျိုးမှာ အခုကပြန်ထပ်ခေါ်လိုက်တော့ ခေါ်တာကလည်း EAOလက်နက်ကိုင်အဖွဲ့အစည်းတွေပဲပါရမယ်တဲ့။တခြားလက်နက်ကိုင်အဖွဲ့အစည်းမပါရဘူးဆိုတော့ PDFကိုပြောတာဖြစ်မှာပေါ့။ PDFမပါဘဲနဲ့ တိုင်းရင်းသားEAOတွေပဲရပြီထား ဒါကြီးကကျေငြိမ်းမှာလား။မရဘူး ဒီလိုဘဲဆက်သွားနေမှာဘဲ။ တစ်စုံတစ်ရာအချို သတ်လိုက်တဲ့ပုံပဲ။”ဟု ၎င်းကဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် PDF မပါဘဲ ငြိမ်းချမ်းရေး မရနိုင်တော့သည်ကို သိရှိရမည်ဟု ၎င်း က‌ ပြောဆိုသည်။ “တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း သူမလုပ်နိုင်ခဲ့ဘူး၊ ပြည်ထောင်စုမပြိုကွဲအောင်လဲ သူမလုပ်နိုင်ခဲ့ဘူး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုလည်းသူမလုပ်နိုင်ခဲ့ဘူး။

ဒီလိုပုဂ္ဂိုလ်က မဲရွေးကောက်ပွဲနဲ့ တခြားပါတီတစ်ခုကအနိုင်ရသွားတော့ မဲလိမ်တယ် မဲခိုးတယ်ဆိုပြီး အကြောင်းပြပြီးမှ အာဏာသိမ်းလိုက်တာ။ ဆိုလိုတာက သူတို့အတွက် ဘာအခွင့်အရေးမှ မရတော့တဲ့အချိန်မှာ သူတို့အာဏာသိမ်းလိုက်တာ။ အာဏာသိမ်းလိုက်တော့ ၂၀၀၈ဖွဲ့စည်းပုံကိုအသက်ပေးကာကွယ်မယ်ဆိုပြီး သူက ၂၀၀၈ဖွဲ့စည်းပုံကို သူဘဲဖျက်တာ။

အဲ့လိုဖျက်ပြီးမှ‌ အခုကျမှ တစ်ပြည်လုံးက သူမထင်မှတ်ထားတဲ့ ပြည်သူလူထုကြီးရဲ့အုံကြွဆန့်ကျင်မှုက လက်နက်ကိုင်တော်လှန်ရေးအဆင့်ကိုရောက်သွားတာ ။”ဟု ၎င်းက ပြောသည်။