Cele

၅၀၅ က ဖြင့် ဝရမ်းထုတ်ခံရလို့ ရှောင်တိမ်းခဲ့ရတဲ့ကိုကျော်နဲ့ ကျွန်တော့်ကို လုံခြုံစိတ်ချရတဲ့ နေရာရောက်အောင် ကူညီကယ်ထုတ်ပေးခဲ့ဖူးသောကျေးဇူးရှင်ကိုကြီးစိုးကို Video Call ဖြင့် ဂါဝရပြုကန်တော့












၅၀၅ က ဖြင့် ဝရမ်းထုတ်ခံရလို့ ရှောင်တိမ်းခဲ့ရတဲ့ကိုကျော်နဲ့ ကျွန်တော့်ကို လုံခြုံစိတ်ချရတဲ့ နေရာရောက်အောင် ကူညီကယ်ထုတ်ပေးခဲ့ဖူးသော

ကျေးဇူးရှိသလို ခုချိန်ထိစောင့်ရှောက်ပေးနေဆဲဖြစ်သော ကျွန်တော်နဲ့ ကိုကျော်ရဲ့ ကျေးဇူးရှင်ကိုကြီးစိုးကို Video Call ဖြင့် ဂါဝရပြုကန်တော့ခဲ့သော ပုံရိပ်လေးပါ….🙏🙏🙏

ယခုလို တော်လှန်ရေးကာလမှာ လုပ်စရာတွေရှိသေးတာမို့ ကိုကြီးစိုးတို့ ဇနီးမောင်နှံမျက်နှာကို ပိတ်ထားတာပါ တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့

ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေကို စင်ပေါ် မှာ ကျေးဇူးပြန်ဆပ်ကန်တော့တဲ့ အချိန်ကျရင်

ရှေ့ဆုံးတန်းမှာ ထားပြီးကန်တော့ရမယ့် လေးစားစရာလူကြီးလူကောင်း ပုဂ္ဂိုလ်တစ်ဦးပါ….

ထို့အပြင် ကိုကြီးစိုးဟာ အကြမ်းဖက်စစ်ကောင်စီလက်ထဲ ကျရောက်ခါနီး NUG အစိုးရပိုင်းမှ

လက်ရှိဒုဝန်ကြီးတစ်ဦးနဲ့ သူ့မိသားစုကို ကျွန်တော်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး လွတ်မြောက်အောင်

ကယ်ထုတ်ပေးခဲ့ဖူးသလို လုံခြုံစိတ်ချရသော နေရာတစ်ခုရသည်အထိကူညီပေးနိုင်ခဲ့ပါသေးတယ်….

လက်ရှိမှာလည်း အနုပညာရှင်အချို့နဲ့ CDM တွေထွက်ပြေးတိမ်းရှောင်လာသူတွေကို

ကူညီမှုတွေပေးနေတဲ့ လူမျိုးမခွဲ ဘာသာမခွဲခြားတတ်တဲ့ စစ်အာဏာရှင်ကို လက်မခံသော ဘာသာခြားတစ်ဦးဖြစ်ပါတယ်….

ရဲမင်း(AAC)—🚩၅၀၅ ခေတ္တလွတ်မြောက်နယ်မြေ…. 24-4-2022…..