Local News

KNDO နယ္ေျမမွ သုံးရက္အတြင္းဆုတ္ခြာေပးရန္ အသိေပးခ်က္အား မလိုက္နာသည့္

KNDO နယ္ေျမမွ သုံးရက္အတြင္းဆုတ္ခြာေပးရန္ အသိေပးခ်က္အား မလိုက္နာသည့္ စစ္ေကာင္စီ တပ္စခန္း ႏွစ္ခုကို ​ေျပာထားသည့္အတိုင္းစတိုက္

●ပူးေပါင္းလိုေၾကာင္း၊ထြက္ခြာလို​ေၾကာင္း၊အခ်ိန္တိုး​ေပးရန္ ဆက္သြယ္လာသူ အခ်ိဳ႕ရွိ၍ သတိေပးပစ္ခတ္မႈသာ လုပ္ခဲ့ၿပီးမထြက္ခြာပါက စစ္ေရးအရွိန္ျမင့္အေရးယူမည္

ေမာင္ေမာင္/People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) တပ္မဟာ(၁) ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕(KNDO) တပ္ရင္း(၂) နယ္ေျမအတြင္း တပ္စြဲထားသည့္ စစ္ေကာင္စီ၏ ေလးေကႏွင့္ ဝင္းတာပန္ စခန္း တို႔သည္ နယ္ေျမအတြင္းမွ သုံးရက္အတြင္းဆုတ္ခြာေပးရန္ ေၾကညာခ်က္ၿပီးမလိုက္နာ​ေသ၍ ​ေၾကညာထားသည့္အတိုင္း ယမန္​ေနည​ေနကစတင္တိုက္ခိုက္သည္။

KNDOက​ေၾကာညာၿပီး​ေနာက္စစ္​ေကာင္စီတပ္မွပူး​ေပါင္းလိုသူႏွင့္ထြက္ခြာလိုသူအခ်ိဳ႕ဆက္သြယ္ၿပီး အခ်ိဳ႕ကအခ်ိန္တိုး​ေပးရန္​ေတာင္ဆို သျဖင့္ ယမန္​ေန႔က သတိ့​ေပးပစ္ခတ္မႈစတင္ျပဳလုပ္ခဲ့​ေၾကာင္း KNDO တပ္ရင္း ( ၂)မွသတင္းရရွိသည္။ စစ္ေကာင္စီ၏ တပ္စခန္း ၂ခုကို ဧၿပီ ၂၃ရက္ ေနာက္ဆုံးထား၍ စခန္းမွ ဆုတ္ခြာေပးရန္ KNDOက ဧၿပီ ၂၀ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

KNDO တပ္ရင္း(၂)ဌာနခ်ဳပ္၏ေၾကညာခ်က္ေနာက္ဆက္တြဲစစ္ေရးအရ ေရးယူေဆာင္႐ြက္မႈ ဧၿပီ ၂၃ရက္ ညေနပိုင္း၌ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္သား ၅၀ ေက်ာ္ႏွင့္ BGF တပ္သား ၃၀ ဝန္းက်င္ရွိသည့္ ဝင္းတာပန္ စခန္းမွ ေၾကညာခ်က္ ထုတ္ျပန္ၿပီးေနာက္ ပူးေပါင္းလိုသူအခ်ိဳ႕ႏွင့္ ထြက္ခြါလိုသူအခ်ိဳ႕ ဆက္သြယ္ခဲ့ေၾကာင္း၊ အခ်ိဳ႕ကမူ သတ္မွတ္ရက္တိုးျမႇင့္ေပးရန္ ေတာင္းဆိုေၾကာင္း၊ ထို႔ေၾကာင့္ တပ္စခန္းကို သတိေပး ပစ္ခတ္မႈသာ ပမာဏအေနျဖင့္ ေဆာင္႐ြက္ရန္ ဆုံးျဖတ္ၫႊန္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိ့ရသည္။

သတ္မွတ္ခ်ိန္ျပည့္ၿပီးေနာက္ ယမန္ေန႔ညေန ၆နာရီ ၅မိနစ္တြင္ တစ္ႀကိမ္၊ ည ၉နာရီခြဲတြင္ တစ္ႀကိမ္သတိေပးပစ္ခတ္ခဲ့ေၾကာင္းKNDO တပ္ရင္း ၂ မွသိ့ရသည္။
KNU ဗဟိုမွ သတင္းရင္းျမစ္တစ္ခုကလည္း စစ္ေကာင္စီတပ္စခန္းႏွစ္ခုအား တိုက္ခိုက္သည့္ ျဖစ္စဥ္ကိုအတည္ျပဳသည္။“အဲဒါက ကြၽန္ေတာ္ေထာက္ၾကည့္ေတာ့ဟုတ္တယ္။ သူတို႔ ထုတ္တဲ့ စာထဲက စခန္းပဲ အဲဒီ ႏွစ္ခုလုံးသူတို႔သြားတိုက္တာ” ဟု ၎က ဆိုသည္။

ထိုသို႔ပစ္ခတ္ၿပီး​ေနာက္စစ္ေကာင္စီတပ္မွလည္း သထုံၿမိဳ႕နယ္ပိႏၷဲေတာတပ္ႏွင့္ ဘီးလင္းၿမိဳ႕နယ္ ဇီးဝန္းရွိအေျမာက္တပ္တို႔မွ ၁၂၀မမမ်ားျဖင့္ (၉)ႀကိမ္ထက္မနည္း ရမ္းသမ္းပစ္ခတ္ခဲ့ရာ ေဒါဇံႀကီးေက်း႐ြာတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းအနီး က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း၊ အသက္ ၆၀ အ႐ြယ္ႏွင့္ အသက္ ၁၅ႏွစ္အ႐ြယ္ အမ်ိဳးသမီး ၂ဦး ထိခိုက္ဒဏ္ရာရကာ ေဒသခံမ်ားလည္း တိမ္းေရွာင္ထြက္ေျပးေနရ သည္ဟုသိ့ရသည္။

တစ္ၿပိဳင္နက္တည္းတြင္ စစ္ေကာင္စီတပ္၏ ေလးေကတပ္စခန္းကို လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ သတိေပးပစ္ခတ္ခဲ့ေၾကာင္း၊ နယ္ေျမအတြင္းမွ မထြက္ခြာပါက စစ္ေရးအရ အရွိန္ျမႇင့္အေရးယူမည္ျဖစ္ေၾကာင္း KNDO တပ္ရင္း ၂ မွသိ့ရသည္။

စစ္ေကာင္စီတပ္စခန္းကို သတိေပးပစ္ခတ္ရာတြင္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္း၊ဒ႐ုန္းအသုံးျပဳ၍ ဗုံးႀကဲျခင္း၊လက္နက္ငယ္ျဖင့္ ပစ္ခတ္ျခင္းတို႔ ျပဳလုပ္ခဲ့သည္ကိုလည္း People’s Spring ကရရွိထား​ေသာ႐ုပ္သံဖိုင္၌ ေတြ႕ရသည္။

#လူထုေႏြဦး

KNDO နယ်မြေမှ သုံးရက်အတွင်းဆုတ်ခွာပေးရန် အသိပေးချက်အား မလိုက်နာသည့် စစ်ကောင်စီ တပ်စခန်း နှစ်ခုကို ပြောထားသည့်အတိုင်းစတိုက်

●ပူးပေါင်းလိုကြောင်း၊ထွက်ခွာလိုကြောင်း၊အချိန်တိုးပေးရန် ဆက်သွယ်လာသူ အချို့ရှိ၍ သတိပေးပစ်ခတ်မှုသာ လုပ်ခဲ့ပြီးမထွက်ခွာပါက စစ်ရေးအရှိန်မြင့်အရေးယူမည်

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၂) နယ်မြေအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ လေးကေနှင့် ဝင်းတာပန် စခန်း တို့သည် နယ်မြေအတွင်းမှ သုံးရက်အတွင်းဆုတ်ခွာပေးရန် ကြေညာချက်ပြီးမလိုက်နာသေ၍ ကြေညာထားသည့်အတိုင်း ယမန်နေညနေကစတင်တိုက်ခိုက်သည်။

KNDOကကြောညာပြီးနောက်စစ်ကောင်စီတပ်မှပူးပေါင်းလိုသူနှင့်ထွက်ခွာလိုသူအချို့ဆက်သွယ်ပြီး အချို့ကအချိန်တိုးပေးရန်တောင်ဆို သဖြင့် ယမန်နေ့က သတိ့ပေးပစ်ခတ်မှုစတင်ပြုလုပ်ခဲ့ကြောင်း KNDO တပ်ရင်း ( ၂)မှသတင်းရရှိသည်။ စစ်ကောင်စီ၏ တပ်စခန်း ၂ခုကို ဧပြီ ၂၃ရက် နောက်ဆုံးထား၍ စခန်းမှ ဆုတ်ခွာပေးရန် KNDOက ဧပြီ ၂၀ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

KNDO တပ်ရင်း(၂)ဌာနချုပ်၏ကြေညာချက်နောက်ဆက်တွဲစစ်ရေးအရ ရေးယူဆောင်ရွက်မှု ဧပြီ ၂၃ရက် ညနေပိုင်း၌ ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၅၀ ကျော်နှင့် BGF တပ်သား ၃၀ ဝန်းကျင်ရှိသည့် ဝင်းတာပန် စခန်းမှ ကြေညာချက် ထုတ်ပြန်ပြီးနောက် ပူးပေါင်းလိုသူအချို့နှင့် ထွက်ခွါလိုသူအချို့ ဆက်သွယ်ခဲ့ကြောင်း၊ အချို့ကမူ သတ်မှတ်ရက်တိုးမြှင့်ပေးရန် တောင်းဆိုကြောင်း၊ ထို့ကြောင့် တပ်စခန်းကို သတိပေး ပစ်ခတ်မှုသာ ပမာဏအနေဖြင့် ဆောင်ရွက်ရန် ဆုံးဖြတ်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိ့ရသည်။

သတ်မှတ်ချိန်ပြည့်ပြီးနောက် ယမန်နေ့ညနေ ၆နာရီ ၅မိနစ်တွင် တစ်ကြိမ်၊ ည ၉နာရီခွဲတွင် တစ်ကြိမ်သတိပေးပစ်ခတ်ခဲ့ကြောင်းKNDO တပ်ရင်း ၂ မှသိ့ရသည်။
KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ခုကလည်း စစ်ကောင်စီတပ်စခန်းနှစ်ခုအား တိုက်ခိုက်သည့် ဖြစ်စဉ်ကိုအတည်ပြုသည်။“အဲဒါက ကျွန်တော်ထောက်ကြည့်တော့ဟုတ်တယ်။ သူတို့ ထုတ်တဲ့ စာထဲက စခန်းပဲ အဲဒီ နှစ်ခုလုံးသူတို့သွားတိုက်တာ” ဟု ၎င်းက ဆိုသည်။

ထိုသို့ပစ်ခတ်ပြီးနောက်စစ်ကောင်စီတပ်မှလည်း သထုံမြို့နယ်ပိန္နဲတောတပ်နှင့် ဘီးလင်းမြို့နယ် ဇီးဝန်းရှိအမြောက်တပ်တို့မှ ၁၂၀မမများဖြင့် (၉)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေါဇံကြီးကျေးရွာတွင်းရှိ ဘုန်းတော်ကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အသက် ၆၀ အရွယ်နှင့် အသက် ၁၅နှစ်အရွယ် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရကာ ဒေသခံများလည်း တိမ်းရှောင်ထွက်ပြေးနေရ သည်ဟုသိ့ရသည်။

တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီတပ်၏ လေးကေတပ်စခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် သတိပေးပစ်ခတ်ခဲ့ကြောင်း၊ နယ်မြေအတွင်းမှ မထွက်ခွာပါက စစ်ရေးအရ အရှိန်မြှင့်အရေးယူမည်ဖြစ်ကြောင်း KNDO တပ်ရင်း ၂ မှသိ့ရသည်။

စစ်ကောင်စီတပ်စခန်းကို သတိပေးပစ်ခတ်ရာတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ဒရုန်းအသုံးပြု၍ ဗုံးကြဲခြင်း၊လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည်ကိုလည်း People’s Spring ကရရှိထားသောရုပ်သံဖိုင်၌ တွေ့ရသည်။

#လူထုနွေဦး