Local News

အိပ်ပျော်နေရာကနေ ရုတ်တရတ် ဆုံးပါးကွယ်လွန်သွားတဲ့ သရုပ်ဆောင် မိုင်းမိုင်

ပရိသတ်ကြီးရေ “မမေးပါနဲ့” “သီတင်းကျွတ်ညလေးတစ်ည” စတဲ့ သီချင်းတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ကျရာဇာတ်ရုပ်တိုင်း

ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင် မိုင်းမိုင်ကိုတော့ ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်နော်။
ချောမောလှပတဲ့ ရုပ်ရည်ကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အသဲကျော်ဖြစ်ခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့ ဧပြီလ (၂၄)ရက်နေ့လေးမှာတော့ သရုပ်ဆောင်မင်းသားချော မိုင်းမိုင်က ဆုံးပါးကွယ်လွန်သွားတယ်လို့ ကြားသိခဲ့ရပါတယ်။ မိုင်းမိုင်ကတော့ သူ့ရဲ့နေအိမ်မှာ အိပ်ပျော်နေရာကနေ ရုတ်တရတ် ဆုံးပါးကွယ်လွန်သွားတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ မိုင်းမိုင်ရဲ့ နာရေးသတင်းကြောင့် ပရိသတ်တွေသာမက အနုပညာရှင်တွေကလည်း ဝမ်းနည်းနေခဲ့ကြပြီး ကောင်းရာသုဂတိလားစေဖို့ ဝမ်းနည်းစွာနဲ့ဆုတောင်းပေးနေခဲ့ကြပါသေးတယ်။

ရုတ်တရက်နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ရတဲ့ မိုင်းမိုင်ရဲ့ သတင်းလေးကြောင့် CeleZone ကနေလည်း မိသားစုနဲ့ ထပ်တူစိတ်မကောင်းဖြစ်ရပြီး မိုင်းမိုင်ရဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းကြေကွဲစွာနဲ့ပဲ မိုင်းမိုင်တစ်ယောက်ချစ်ရတဲ့ ပရိသတ်တွေကို နှုတ်ဆက်ထွက်ခွာသွားတဲ့ ဒီသတင်းလေးကို အသ်ပေးမျှဝေလိုက်ပါတယ် CeleZone ပရိသတ်ကြီးရေ။


Source – Nang Pri Lahpai




Source – Nang Pri Lahpai