Local News

စစ်ကောင်စီတပ်များ ၁ လ ကျော်ကြာ တပ်စွဲထားသည့် ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာနှင့်အိုခူးရီကျေးရွာတို့အား KA၊ KNDF ပူးပေါင်းအဖွဲ့များ ပြန်လည် သိမ်းယူနိုင်ခဲ့

ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်
စစ်ကောင်စီတပ်များ ၁ လ ကျော်ကြာ တပ်စွဲထားသည့် ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာနှင့်အိုခူးရီကျေးရွာတို့အား KA၊ KNDF ပူးပေါင်းအဖွဲ့များက ဧပြီလ ၁၄ ရက်နေ့တွင် ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါနယ်မြေများအား ဧပြီလ ၁၉ ရက်နေ့က နယ်မြေရှင်းလင်းရေးများပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်မှအသုံးပြုသော ၁၄ နင်းမိုင်း (၁၁)လုံး၊ ၆၀ မမ (၄)လုံး၊ လေယာဉ်ပစ်ဗုံးခွံနှင့် အခြား လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – KNDF_BO1


ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်


ဓာတ်ပုံ – KNDF_BO1