Local News

ကျေးလတ်ဒေသ ၈၀ ရာနှုန်းကို ထိန်းချုပ်ထားပြီး မြို့နယ် ၃၆ မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နိုင်ခဲ့

ကျေးလတ်ဒေသ ၈၀ ရာနှုန်းကို ထိန်းချုပ်ထားပြီး မြို့နယ် ၃၆ မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နိုင်ခဲ့

ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်တာကာလအတွင်း ကျေးလတ်ဒေသတွေရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး မြို့နယ် ၃၆ မြို့နယ်မှာ ကြားကလ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆိုင်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြို့ကြီးတွေကလွဲရင် ကျေးလတ်ဒေသရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သလို အဲ့ဒီ ၃၆ မြို့နယ်မှာ စိုးမိုးထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဝန်ကြီး ဦးလွင်ကိုလတ်ကို ပြည်သူကို ဧပြီလ ၂၄ ရက်နေ့မှာပဲ အစီရင်ခံတင်ပြခဲ့တာပါ။

လာမယ့်နှစ်မှာ စစ်ရေးတင်မကပဲ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးဘက်မှာပါ ပိုမိုထင်းရှားတဲ့ အောင်မြင်မှုတွေကို ရအောင်ဆက်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့ပြင် မြို့တွေမှာလည်း PDF တွေ ပကဖတွေ မြို့ပြပြောက်ကျားတွေ ပအဖတွေ ပလဖတွေနဲ့ ပေါင်းစပ်ပြီး အခြေခံနယ်မြေတည်ဆောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေကို ခြေမှုန်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ငြိမ်းချမ်းရေးအကြောင်းပြကာ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။

ေက်းလတ္ေဒသ ၈၀ ရာႏႈန္းကို ထိန္းခ်ဳပ္ထားၿပီး ၿမိဳ႕နယ္ ၃၆ ၿမိဳ႕နယ္မွာ ျပည္သူ႔အုပ္ခ်ဳပ္ေရး ေဖာ္ေဆာင္နိုင္ခဲ့

ဧရာဝတီတိုင္းမ္
ဧၿပီလ ၂၄ ရက္
စစ္တပ္အာဏာသိမ္းၿပီး ၁ ႏွစ္တာကာလအတြင္း ေက်းလတ္ေဒသေတြရဲ့ ၈၀ ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္နိုင္ခဲ့ၿပီး ၿမိဳ႕နယ္ ၃၆ ၿမိဳ႕နယ္မွာ ၾကားကလ ျပည္သူ႔အုပ္ခ်ဳပ္ေရးကို ေဖာ္ဆိုင္နိုင္ခဲ့တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

ၿမိဳ႕ႀကီးေတြကလြဲရင္ ေက်းလတ္ေဒသရဲ့ ၈၀ ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ထားနိုင္ၿပီျဖစ္သလို အဲ့ဒီ ၃၆ ၿမိဳ႕နယ္မွာ စိုးမိုးထိန္းခ်ဳပ္ထားနိုင္ၿပီ ျဖစ္တယ္လို႔ ဝန္ႀကီး ဦးလြင္ကိုလတ္ကို ျပည္သူကို ဧၿပီလ ၂၄ ရက္ေန႔မွာပဲ အစီရင္ခံတင္ျပခဲ့တာပါ။

လာမယ့္ႏွစ္မွာ စစ္ေရးတင္မကပဲ အုပ္ခ်ဳပ္ေရးနဲ႔ နိုင္ငံေရးဘက္မွာပါ ပိုမိုထင္းရွားတဲ့ ေအာင္ျမင္မႈေတြကို ရေအာင္ဆက္ရြက္သြားမွာျဖစ္တယ္လို႔ဆိုပါတယ္။

ဒါ့ျပင္ ၿမိဳ႕ေတြမွာလည္း PDF ေတြ ပကဖေတြ ၿမိဳ႕ျပေျပာက္က်ားေတြ ပအဖေတြ ပလဖေတြနဲ႔ ေပါင္းစပ္ၿပီး အေျခခံနယ္ေျမတည္ေဆာက္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္မင္းေအာင္လွိုင္ကေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ ေဒသခံေတာ္လွန္ေရး တပ္ဖြဲ႕ေတြကို ေျခမႈန္းနိုင္ဖို႔အတြက္ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာပဲ ၿငိမ္းခ်မ္းေရးအေၾကာင္းျပကာ တိုင္းရင္းသား ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ေတြကို ေတြ႕ဆုံေဆြးေႏြးဖို႔ ဖိတ္ေခၚထားပါတယ္။