Local News

ေလးေက့ေကာ္တိုက္ပြဲအတြင္းေသဆုံးခဲ့တဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦးကို ရက္လည္ဆြမ္းသြပ္ျပဳလုပ္

ေကာ့ေသာင္းၿမိဳ႕တပ္ရင္း ၂ ခုမွာ ေလးေက့ေကာ္တိုက္ပြဲအတြင္းေသဆုံးခဲ့တဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦးကို ရက္လည္ဆြမ္းသြပ္ျပဳလုပ္

ကိုကိုေလး/ဧရာဝတီတိုင္းမ္…ဧၿပီလ ၂၄ ရက္

တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ခေမာက္ႀကီးၿမိဳ႕အေျခစိုက္ ခမရ ၅၈၄ နဲ႔ ခလရ ၂၈၈တပ္ရင္းေတြက တိုက္ပြဲအတြင္းေသဆုံးတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦးအတြက္ ယမန္ေန႔ ဧၿပီလ ၂၃ ရက္မနက္ပိုင္းကရက္လည္ ဆြမ္းသြပ္ျပဳလုပ္ခဲ့တယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

ေသဆုံးသြားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ ခေမာက္ႀကီးၿမိဳ႕ ခလရ ၂၈၈ မွ ၇ ဦး၊ ခမရ ၅၈၄ မွ ၃ ဦး စုစု ေပါင္း ၁၀ ဦးျဖစ္ၿပီး ဧၿပီ ၁၈ ရက္ဝန္းက်င္က ​ကရင္ျပည္ နယ္၊ KNU တပ္မဟာ ၆ နယ္ေျမ ေလးေက့ေကာ္ေဒသတိုက္ပြဲေတြအတြင္းမွာ ေသဆုံးခဲ့ရတာျဖစ္ပါတယ္။

” ၁၈ ရက္ေန႔ ေလာက္က ေလးေက့ေကာ္တိုက္ပြဲမွာက်တာလို႔သိရတယ္။ ေကာ့ေသာင္းၿမိဳ႕ အေျခစိုက္တပ္ရင္းေတြကအဖမ္းခံရတာလဲမ်ားၾကတယ္။ ေသလိုက္ရင္ ကရခ ေအာက္က ေကာ့ေသာင္းဘက္ကတပ္ေတြႀကီးပဲ။အခုဆို ခေမာက္ႀကီးကတပ္ေတြထဲအျပင္လူမဝင္ရ။ အတြင္းလူကမထြက္ရဘူး။ တံခါးေတြ ေသာ့ခတ္ထားတယ္။ က်န္ခဲ့တဲ့ မိန္းမေတြကေတာ့ မ်က္ႏွာေတြမေကာင္းၾကဘူးေပါ့ဗ်ာ” လို႔ အဲ့ဒီတပ္ရင္းမိသားစုဝင္ေတြနဲ႔နီးစပ္သူတဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါ တယ္။

ဒါ့အျပင္ ေသဆုံးစစ္ေကာင္စီတပ္သားေတြတင္မက ေပ်ာက္ဆုံးေနတဲ့စစ္ေကာင္စီတပ္သားေတြ လည္း ရွိေနတယ္လို႔ သိရပါတယ္။”ေသဆုံးစာရင္းအတိက် ေပၚထြက္လာတဲ့ မိသားစုဝင္ေတြကေတာ့ ဆြမ္းသြပ္လုပ္ေပးၾကတာေပါ့။ တခ်ိဳ႕ မိန္းမေတြက် သူတို႔ေယာက္်ားက ေသတာလည္းမဟုတ္ဘူး။ အသက္ပဲရွင္ေနသလားဆိုေတာ့လည္း အတိက်မသိရဘူး။ ေပ်ာက္ေနၿပီးအဆက္အသြယ္မရတာေတြရွိတယ္။ ဘာလုပ္ရမွန္း မသိၾကဘူး ျဖစ္ေနၾကတယ္ ။ လက္ရွိသ တင္းမရေတာ့ ေမွ်ာ္ေနၾကတုန္းေပါ့ဗ်ာ” လို႔ သူက ဆက္ လက္ေျပာပါတယ္။

အဲ့ဒီတပ္ရင္းေတြဟာ ေကာ့ေသာင္း၊ခေမာက္ႀကီး အ​ေျခစိုက္ အမွတ္ ၂၀ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ စကခ -၂၀ လက္ေအာက္ခံတပ္ရင္းေတြျဖစ္ၿပီး ခေမာက္ႀကီးၿမိဳ႕ခလရ ၂၈၈ နဲ႔ ခမရ ၅၈၄ တပ္ေတြအျပင္ မလိဝမ္း၊ ေက်ာက္ထေနာင္း၊ ဟန္က႐ိုင္း၊ စမ္းသီတာ၊ မသဲေခ်ာင္းဖ်ား စတဲ့ေဒသေတြမွာအေျခစိုက္တဲ့ ခမရ ( ၅၈၁၊ ၅၈၂၊ ၊ ၅၉၂၊ ၅၉၃၊ ၅၉၄၊၅၉၅၊၅၉၆၊ ၅၉၇)စတဲ့ တပ္ရင္း ၁၀ ရင္း ပါဝင္ပါတယ္။

လက္ရွိျဖစ္ပြားျပင္းထန္ေနတဲ့ကရင္ျပည္နယ္၊ တပ္မဟာ ၆ နယ္ေျမတိုက္ပြဲေတြမွာ စစ္ေကာင္စီက စကခ ၂၀ ၊ စကခ ၁၃ လက္ေအာက္ခံ တပ္ရင္းေတြနဲ႔ ထိုးစစ္ဆင္ေနတာျဖစ္ၿပီး ထိခိုက္ေသဆုံးမႈေတြကေန႔စဥ္ မ်ားျပားေနတာပါ။ အဲ့ဒီလိုေသဆုံးမႈမ်ားျပားေနလို႔ သထုံၿမိဳ႕အေျခ စိုက္တဲ့ တပ္မ ၄၄ လက္ေအာက္ ခံတပ္ေတြနဲ႔ စစ္အင္ အားျဖည့္တင္းၿပီးဆက္လက္ထိုး စစ္ဆင္ေနပါတယ္။

KNU တပ္မဟာ ၆ နယ္ေျမအတြင္းက စစ္ေကာင္စီ ​ေရွ႕ တန္းတပ္စခန္းေတြကေန KNUနဲ႔ေကာ္ဘရာစစ္ေၾကာင္း ထံမွာလာ ေရာက္အလင္းဝင္တာေတြအမ်ားအျပားရွိေန ၿပီး စကခ ၁၃ လက္ေအာက္ခံ ခမရ ၅၈၅ က ဗိုလ္မႉး တင္လင္းေအာင္လည္း ေကာ္ဘရာစစ္ေၾကာင္းမွာပူးေပါင္းခဲ့ပါေသးတယ္။

ေလးေက့ေကာ္ေဒသမွာေတာ့ ယေန႔အထိတိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနတာျဖစ္ၿပီး စစ္ေကာင္စီဘက္က စစ္အင္အားျဖည့္တင္းၿပီးထိုးစစ္ဆင္ေနသလို ေလယာဥ္၊ရဟတ္ယာဥ္ေတြနဲ႔ေန႔စဥ္ပစ္ခတ္ တိုက္ခိုက္ေနေပမယ့္ ထိခိုက္က်ဆုံးမႈေတြက ဆက္လက္ျမင့္တက္ေနပါတယ္။

AyeyarwaddyTimes

ကော့သောင်းမြို့တပ်ရင်း ၂ ခုမှာ လေးကေ့ကော်တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ရက်လည်ဆွမ်းသွပ်ပြုလုပ်

ကိုကိုလေး/ဧရာဝတီတိုင်းမ်…ဧပြီလ ၂၄ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ခမောက်ကြီးမြို့အခြေစိုက် ခမရ ၅၈၄ နဲ့ ခလရ ၂၈၈တပ်ရင်းတွေက တိုက်ပွဲအတွင်းသေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးအတွက် ယမန်နေ့ ဧပြီလ ၂၃ ရက်မနက်ပိုင်းကရက်လည် ဆွမ်းသွပ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခမောက်ကြီးမြို့ ခလရ ၂၈၈ မှ ၇ ဦး၊ ခမရ ၅၈၄ မှ ၃ ဦး စုစု ပေါင်း ၁၀ ဦးဖြစ်ပြီး ဧပြီ ၁၈ ရက်ဝန်းကျင်က ကရင်ပြည် နယ်၊ KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသတိုက်ပွဲတွေအတွင်းမှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

” ၁၈ ရက်နေ့ လောက်က လေးကေ့ကော်တိုက်ပွဲမှာကျတာလို့သိရတယ်။ ကော့သောင်းမြို့ အခြေစိုက်တပ်ရင်းတွေကအဖမ်းခံရတာလဲများကြတယ်။ သေလိုက်ရင် ကရခ အောက်က ကော့သောင်းဘက်ကတပ်တွေကြီးပဲ။အခုဆို ခမောက်ကြီးကတပ်တွေထဲအပြင်လူမဝင်ရ။ အတွင်းလူကမထွက်ရဘူး။ တံခါးတွေ သော့ခတ်ထားတယ်။ ကျန်ခဲ့တဲ့ မိန်းမတွေကတော့ မျက်နှာတွေမကောင်းကြဘူးပေါ့ဗျာ” လို့ အဲ့ဒီတပ်ရင်းမိသားစုဝင်တွေနဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါ တယ်။

ဒါ့အပြင် သေဆုံးစစ်ကောင်စီတပ်သားတွေတင်မက ပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်သားတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။”သေဆုံးစာရင်းအတိကျ ပေါ်ထွက်လာတဲ့ မိသားစုဝင်တွေကတော့ ဆွမ်းသွပ်လုပ်ပေးကြတာပေါ့။ တချို့ မိန်းမတွေကျ သူတို့ယောက်ျားက သေတာလည်းမဟုတ်ဘူး။ အသက်ပဲရှင်နေသလားဆိုတော့လည်း အတိကျမသိရဘူး။ ပျောက်နေပြီးအဆက်အသွယ်မရတာတွေရှိတယ်။ ဘာလုပ်ရမှန်း မသိကြဘူး ဖြစ်နေကြတယ် ။ လက်ရှိသ တင်းမရတော့ မျှော်နေကြတုန်းပေါ့ဗျာ” လို့ သူက ဆက် လက်ပြောပါတယ်။

အဲ့ဒီတပ်ရင်းတွေဟာ ကော့သောင်း၊ခမောက်ကြီး အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ -၂၀ လက်အောက်ခံတပ်ရင်းတွေဖြစ်ပြီး ခမောက်ကြီးမြို့ခလရ ၂၈၈ နဲ့ ခမရ ၅၈၄ တပ်တွေအပြင် မလိဝမ်း၊ ကျောက်ထနောင်း၊ ဟန်ကရိုင်း၊ စမ်းသီတာ၊ မသဲချောင်းဖျား စတဲ့ဒေသတွေမှာအခြေစိုက်တဲ့ ခမရ ( ၅၈၁၊ ၅၈၂၊ ၊ ၅၉၂၊ ၅၉၃၊ ၅၉၄၊၅၉၅၊၅၉၆၊ ၅၉၇)စတဲ့ တပ်ရင်း ၁၀ ရင်း ပါဝင်ပါတယ်။

လက်ရှိဖြစ်ပွားပြင်းထန်နေတဲ့ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေတိုက်ပွဲတွေမှာ စစ်ကောင်စီက စကခ ၂၀ ၊ စကခ ၁၃ လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေကနေ့စဉ် များပြားနေတာပါ။ အဲ့ဒီလိုသေဆုံးမှုများပြားနေလို့ သထုံမြို့အခြေ စိုက်တဲ့ တပ်မ ၄၄ လက်အောက် ခံတပ်တွေနဲ့ စစ်အင် အားဖြည့်တင်းပြီးဆက်လက်ထိုး စစ်ဆင်နေပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီ ရှေ့ တန်းတပ်စခန်းတွေကနေ KNUနဲ့ကော်ဘရာစစ်ကြောင်း ထံမှာလာ ရောက်အလင်းဝင်တာတွေအများအပြားရှိနေ ပြီး စကခ ၁၃ လက်အောက်ခံ ခမရ ၅၈၅ က ဗိုလ်မှူး တင်လင်းအောင်လည်း ကော်ဘရာစစ်ကြောင်းမှာပူးပေါင်းခဲ့ပါသေးတယ်။

လေးကေ့ကော်ဒေသမှာတော့ ယနေ့အထိတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းပြီးထိုးစစ်ဆင်နေသလို လေယာဉ်၊ရဟတ်ယာဉ်တွေနဲ့နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေပေမယ့် ထိခိုက်ကျဆုံးမှုတွေက ဆက်လက်မြင့်တက်နေပါတယ်။

AyeyarwaddyTimes