Local News

စိုးမိုးနယ္ေျမေတြအတြက္ CDM မီးသတ္ဝန္ထမ္းေတြပါဝင္တဲ့ မီးသတ္ဦးစီးဌာနဖြဲ႕စည္း

စိုးမိုးနယ္ေျမေတြအတြက္ CDM မီးသတ္ဝန္ထမ္းေတြပါဝင္တဲ့ မီးသတ္ဦးစီးဌာနဖြဲ႕စည္း

ေျမလတ္အသံ၊ ဧၿပီ၂၄၊ ၂၀၂၂။

ျမန္မာႏိုင္ငံမွာ စစ္တပ္က မဲမသာမႈ အေၾကာင္းျပခ်က္နဲ႔ ‌၂၀၂၁ ခုႏွစ္ေဖေဖာ္ဝါရီ ၁ရက္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း အၾကမ္းမဖက္အာဏာဖီဆန္ေရးလႈပ္ရွားမႈ( CDM) မွာ ႏိုင္ငံ့ဝန္းထမ္းေတြ ပါဝင္လာခဲ့ၾကၿပီး မီးသတ္ဦးစီးဌာန ဝန္းထမ္းေတြလည္း CDM မွာပါဝင္လာခဲ့ပါတယ္။အဲ့ဒီေနာက္ ၂၀၂၁ ေအာက္တိုဘာ ၁၃ရက္မွာ မီးသတ္ CDM ဝန္ထမ္းေတြ ေပါင္းၿပီး ေျမျပင္အုပ္ခ်ဳပ္ေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္ေတြမွာ ပါဝင္ကူညီႏိုင္ဖို႔ ရည္႐ြယ္ၿပီး ျမန္မာႏိုင္ငံလုံးဆိုင္ရာ CDM မီးသတ္ဝန္ထမ္းမ်ား ကိုယ္စားျပဳေကာ္မတီကို ဖြဲ႕စည္းခဲ့ၾကပါတယ္။

လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံမွာ NUG အစိုးရရဲ႕ စိုးမိုးနယ္ေျမေတြနဲ႔ ထိန္းခ်ဳပ္နယ္ေျမတခ်ိဳ႕မွာ စစ္ေကာင္စီရဲ႕ လစ္လပ္သြားတဲ့ အုပ္ခ်ဳပ္ေရးယႏၲရားမွာ အစားထိုးဝင္ေရာက္ဖို႔ အတြက္ ကိုယ္စားျပဳေကာ္မတီကို မီးသတ္ဦးစီးဌာနအျဖစ္ NUG ရဲ႕ ျပည္ထဲေရးနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးလြင္ကိုလတ္က ေျပာင္းလဲဖြဲ႕စည္းခဲ့တယ္လို႔ ဒီေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

” လစ္လပ္သြားေသာ အုပ္ခ်ဴပ္ေရး ယႏၲရားဆိုတာက စစ္ေကာင္စီက လက္ရွိမွာ အုပ္ခ်ဴပ္ေရး နဲ႔ပက္သက္တဲ့ ယႏၲရားကို ဘာမွမတည္ေဆာက္ႏိုင္ေတာ့ပဲအစစအရာရာ လဲၿပိဳေနၿပီ၊ အဲ့ဒီ ေနရာေတြကို အစားထိုးႏိုင္ရန္အတြက္ စိုးမိုးနယ္ေျမ ထိန္းခ်ဴပ္နယ္ေျမေတြမွာ မီးေဘးလုံးၿခဳံေရး ၊ သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရး၊ အေရးေပၚရွာေဖြကယ္ဆယ္ေရးႏွင့္ ျပည္သူ႔အက်ိဴးျပဳ လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ရန္ မီးသတ္ဦးစီး႒ာနကိုဖြဲ႕စည္းလိုက္တာပါ” လို႔ ယခင္ကိုယ္စားျပဳေကာ္မတီ အတြင္းေရးမႉးက ေျပာပါတယ္။

အရင္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ CDM မီးသတ္ဝန္ထမ္းမ်ား ကိုယ္စားျပဳေကာ္မတီအေနနဲ႔လည္း မီးေဘးနဲ႔ ပတ္သတ္ၿပီး လုပ္ငန္းအခ်ိဳ႕ကို လုပ္ေဆာင္ခဲ့တာေတြ ရွိၿပီး လက္ရွိမီးသတ္ဦးစီးဌာနအေနနဲ႔ လည္း ပိုေကာင္းတဲ့ အစီစဥ္ေတြကို ဆက္ၿပီးလုပ္ေဆာင္သြားဖို႔ ရွိေနတယ္လို႔ CDM မီးသတ္ဝန္ထမ္းမ်ား ကိုယ္စားျပဳေကာ္မတီ အတြင္းေရးမႉးက ေျပာပါတယ္။

” ကိုယ္စားျပဳေကာ္မတီ အေနနဲ႔ CDM မီးသတ္ဝန္ထမ္းေတြကို စုစည္းႏိုင္ခဲ့ၿပီး လိုအပ္တဲ့အကူအညီအေထာက္အပံ့ ေတြကို ေပးႏိုင္ခဲ့ပါတယ္ CDM code ေတြကိုလည္း ထုတ္ေပးႏိုင္ခဲ့ၿပီး ကရင္နီေဒသဘက္မွာေတာ့ စကစက ပစ္ခတ္မႈေၾကာင့္ မီးေလာင္ကြၽမ္းမႈ ျဖစ္ခဲ့တဲ့ စစ္ေဘးေရွာင္စခန္းအနီးရွိ မီးေလာင္ကြၽမ္းမႈမ်ားအား ၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာပါတယ္။

လိုအပ္တဲ့ မီးသတ္အေျခခံလက္စြဲ၊ ၾကားကာလမီးသတ္လက္စြဲကိုလည္း ေရးသားေပးခဲ့သလို မီးေလာင္မႉစာရင္းေတြကိုလည္း ထုတ္ျပန္ႏိုင္ခဲ့ၿပီး သတင္းအခ်က္အလက္ေတြကို စုစည္းထားခဲ့တယ္လို႔ သိရပါတယ္။တဖက္မွာလည္း စစ္ေကာင္စီက စစ္ကိုင္းတိုင္း မေကြးတိုင္း ၊ ကရင္နီျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ေက်း႐ြာေတြကို မီးရႈိ႕တာေတြ ဆက္တိုက္ လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။

လက္ရွိမွာေတာ့ CDM မီးသတ္ဝန္ထမ္းေပါင္း ၁၀၀၀ နီးပါးနဲ႔ မီးသတ္ဦးစီးဌာနကို ေျပာင္းလဲဖြဲ႕စည္းႏိုင္ခဲ့ကာ ဒါဟာ စုစည္းႏိုင္တဲ့ အေရအတြက္သာ ျဖစ္ၿပီး ဝန္ထမ္းအေရအတြက္ ဒီထက္မ်ားႏိုင္တယ္လို႔ သိရပါတယ္။

#ေျမလတ္အသံ

စိုးမိုးနယ်မြေတွေအတွက် CDM မီးသတ်ဝန်ထမ်းတွေပါဝင်တဲ့ မီးသတ်ဦးစီးဌာနဖွဲ့စည်း

မြေလတ်အသံ၊ ဧပြီ၂၄၊ ၂၀၂၂။

မြန်မာနိုင်ငံမှာ စစ်တပ်က မဲမသာမှု အကြောင်းပြချက်နဲ့ ‌၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု( CDM) မှာ နိုင်ငံ့ဝန်းထမ်းတွေ ပါဝင်လာခဲ့ကြပြီး မီးသတ်ဦးစီးဌာန ဝန်းထမ်းတွေလည်း CDM မှာပါဝင်လာခဲ့ပါတယ်။အဲ့ဒီနောက် ၂၀၂၁ အောက်တိုဘာ ၁၃ရက်မှာ မီးသတ် CDM ဝန်ထမ်းတွေ ပေါင်းပြီး မြေပြင်အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပါဝင်ကူညီနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ကြပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ NUG အစိုးရရဲ့ စိုးမိုးနယ်မြေတွေနဲ့ ထိန်းချုပ်နယ်မြေတချို့မှာ စစ်ကောင်စီရဲ့ လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားမှာ အစားထိုးဝင်ရောက်ဖို့ အတွက် ကိုယ်စားပြုကော်မတီကို မီးသတ်ဦးစီးဌာနအဖြစ် NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးလွင်ကိုလတ်က ပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

” လစ်လပ်သွားသော အုပ်ချူပ်ရေး ယန္တရားဆိုတာက စစ်ကောင်စီက လက်ရှိမှာ အုပ်ချူပ်ရေး နဲ့ပက်သက်တဲ့ ယန္တရားကို ဘာမှမတည်ဆောက်နိုင်တော့ပဲအစစအရာရာ လဲပြိုနေပြီ၊ အဲ့ဒီ နေရာတွေကို အစားထိုးနိုင်ရန်အတွက် စိုးမိုးနယ်မြေ ထိန်းချူပ်နယ်မြေတွေမှာ မီးဘေးလုံးခြုံရေး ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိူးပြု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဋ္ဌာနကိုဖွဲ့စည်းလိုက်တာပါ” လို့ ယခင်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

အရင် မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီအနေနဲ့လည်း မီးဘေးနဲ့ ပတ်သတ်ပြီး လုပ်ငန်းအချို့ကို လုပ်ဆောင်ခဲ့တာတွေ ရှိပြီး လက်ရှိမီးသတ်ဦးစီးဌာနအနေနဲ့ လည်း ပိုကောင်းတဲ့ အစီစဉ်တွေကို ဆက်ပြီးလုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

” ကိုယ်စားပြုကော်မတီ အနေနဲ့ CDM မီးသတ်ဝန်ထမ်းတွေကို စုစည်းနိုင်ခဲ့ပြီး လိုအပ်တဲ့အကူအညီအထောက်အပံ့ တွေကို ပေးနိုင်ခဲ့ပါတယ် CDM code တွေကိုလည်း ထုတ်ပေးနိုင်ခဲ့ပြီး ကရင်နီဒေသဘက်မှာတော့ စကစက ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တဲ့ စစ်ဘေးရှောင်စခန်းအနီးရှိ မီးလောင်ကျွမ်းမှုများအား ငြိမ်းသတ်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

လိုအပ်တဲ့ မီးသတ်အခြေခံလက်စွဲ၊ ကြားကာလမီးသတ်လက်စွဲကိုလည်း ရေးသားပေးခဲ့သလို မီးလောင်မှူစာရင်းတွေကိုလည်း ထုတ်ပြန်နိုင်ခဲ့ပြီး သတင်းအချက်အလက်တွေကို စုစည်းထားခဲ့တယ်လို့ သိရပါတယ်။တဖက်မှာလည်း စစ်ကောင်စီက စစ်ကိုင်းတိုင်း မကွေးတိုင်း ၊ ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ကျေးရွာတွေကို မီးရှို့တာတွေ ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ CDM မီးသတ်ဝန်ထမ်းပေါင်း ၁၀၀၀ နီးပါးနဲ့ မီးသတ်ဦးစီးဌာနကို ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ကာ ဒါဟာ စုစည်းနိုင်တဲ့ အရေအတွက်သာ ဖြစ်ပြီး ဝန်ထမ်းအရေအတွက် ဒီထက်များနိုင်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ