Local News

“အသစ္ဝင္လာတဲ့ ႏိုင္က်ဥ္းေတြကိုေထာင္စည္းကမ္း (ပုံစံ) ထိုင္တတ္ေအာင္

ပုသိမ္အက်ဥ္းေထာင္မွာ ႏိုင္ငံေရးအက်ဥ္းသားတစ္ဦးကို မူးယစ္ေဆးမႈနဲ႔ေထာင္က်ေနသူက ႐ိုက္ႏွက္မႈေၾကာင့္ ေထာင္တြင္း ဆူပူမႈျဖစ္ပြား

ေႏြဦးေမာင္/ဧရာဝတီတိုင္းမ္….ပုသိမ္ ၊ ဧၿပီလ ၂၄ ရက္

ဧရာဝတီတိုင္း၊ပုသိမ္အက်ဥ္းေထာင္မွာ ယမန္ေန႔ ဧၿပီလ၂၃ ရက္ေန႔ မနက္ပိုင္းက ႏိုင္ငံေရး အက်ဥ္းသားတစ္ဦးကို မူးယစ္ေဆးမႈနဲ႔ ေထာင္က်ေန​တဲ့ ႏွစ္ႀကီးသမားတစ္ဦးက ႐ိုက္ႏွက္ခဲ့ျခင္းေၾကာင့္ ေထာင္တြင္း ဆူပူမႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ပုသိမ္ေထာင္သို႔ အသစ္ေရာက္ရွိလာတဲ့ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို မူးယစ္ေဆးမႈႏွင့္ေထာင္က်ေနသူက ပုံစံထိုင္ခိုင္းရာမွ ႏိုင္ငံေရးအက်ဥ္းသားတစ္ဦးကို ႐ိုက္ႏွက္ခဲ့သည့္အတြက္ ဆူပူမႈျဖစ္ပြားခဲ့တာလို႔ အက်ဥ္းဦးစီးဌာနနဲ႔ နီးစပ္သူတစ္ဦးက ဆိုပါတယ္။

“အသစ္ဝင္လာတဲ့ ႏိုင္က်ဥ္းေတြကိုေထာင္စည္းကမ္း (ပုံစံ) ထိုင္တတ္ေအာင္ ေဆးမႈနဲ႔က်ေနတဲ့ ႏွစ္ႀကီးသမားျပေပးေနရင္း ႏိုင္ငံေရးအက်ဥ္းသားတစ္ေယာက္သိပ္မလုပ္တတ္လို႔႐ိုက္တာပါ။ အဲ့တာကို ေထာင္မွာရွိေနတဲ့ ႏိုင္ငံ ေရးအက်ဥ္းသားေတြက မေက်နပ္လို႔ ဝိုင္းလာတာကေန ေထာင္ဆူသြားတာ”လို႔ အက်ဥ္းဦးစီးဌာနနဲ႔ နီးစပ္သူတစ္ဦးက ဧရာဝတီတိုင္းမ္က္ု ေျပာပါတယ္။

ေထာင္တြင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား စု႐ုံးလာခ်ိန္မွာ အက်ဥ္းေထာင္ဝန္ထမ္းမ်ားေရာက္ရွိလာၿပီး ေျဖရွင္းေပးခဲ့တဲ့အတြက္ ဆူပူမႈအေျခအေန ရပ္တန႔္သြားကာ ႏိုင္ငံေရးအက်ဥ္းသားကို ႐ိုက္ႏွက္ခဲတဲ့ ႏွစ္ႀကီးေထာင္သားကို ေျခခ်င္းခတ္ကာ အခန္းေျပာင္းထားလိုက္တယ္လို႔ သိရပါတယ္။

ပုသိမ္အက်ဥ္းေထာင္မွာ ပုသိမ္ခ႐ိုင္အတြင္းက စစ္ေကာင္စီရဲ႕ ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေရး အက်ဥ္းသား ၃၀၀ ေက်ာ္ရွိေနၿပီးေထာင္တြင္း တရား႐ုံးက ေထာင္ဒဏ္ ခ်မွတ္ခဲ့သူ ဦးေရ ၁၀၀ ဝန္းက်င္ရွိ​ေနၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားအေရးကူညီေပးေနသူေတြဆီကေန သိရပါတယ္။

Ayeyarwaddy_Times

ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို မူးယစ်ဆေးမှုနဲ့ထောင်ကျနေသူက ရိုက်နှက်မှုကြောင့် ထောင်တွင်း ဆူပူမှုဖြစ်ပွား

နွေဦးမောင်/ဧရာဝတီတိုင်းမ်….ပုသိမ် ၊ ဧပြီလ ၂၄ ရက်

ဧရာဝတီတိုင်း၊ပုသိမ်အကျဉ်းထောင်မှာ ယမန်နေ့ ဧပြီလ၂၃ ရက်နေ့ မနက်ပိုင်းက နိုင်ငံရေး အကျဉ်းသားတစ်ဦးကို မူးယစ်ဆေးမှုနဲ့ ထောင်ကျနေတဲ့ နှစ်ကြီးသမားတစ်ဦးက ရိုက်နှက်ခဲ့ခြင်းကြောင့် ထောင်တွင်း ဆူပူမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ထောင်သို့ အသစ်ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားများကို မူးယစ်ဆေးမှုနှင့်ထောင်ကျနေသူက ပုံစံထိုင်ခိုင်းရာမှ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ရိုက်နှက်ခဲ့သည့်အတွက် ဆူပူမှုဖြစ်ပွားခဲ့တာလို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

“အသစ်ဝင်လာတဲ့ နိုင်ကျဉ်းတွေကိုထောင်စည်းကမ်း (ပုံစံ) ထိုင်တတ်အောင် ဆေးမှုနဲ့ကျနေတဲ့ နှစ်ကြီးသမားပြပေးနေရင်း နိုင်ငံရေးအကျဉ်းသားတစ်ယောက်သိပ်မလုပ်တတ်လို့ရိုက်တာပါ။ အဲ့တာကို ထောင်မှာရှိနေတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေက မကျေနပ်လို့ ဝိုင်းလာတာကနေ ထောင်ဆူသွားတာ”လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်က်ု ပြောပါတယ်။

ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ စုရုံးလာချိန်မှာ အကျဉ်းထောင်ဝန်ထမ်းများရောက်ရှိလာပြီး ဖြေရှင်းပေးခဲ့တဲ့အတွက် ဆူပူမှုအခြေအနေ ရပ်တန့်သွားကာ နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ခဲတဲ့ နှစ်ကြီးထောင်သားကို ခြေချင်းခတ်ကာ အခန်းပြောင်းထားလိုက်တယ်လို့ သိရပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ရှိနေပြီးထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ ဦးရေ ၁၀၀ ဝန်းကျင်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားအရေးကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

Ayeyarwaddy_Times