Local News

ထွေအုပ် CDMဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် NUG ပြောင်းလဲဖွဲ့စည်း

ထွေအုပ် CDMဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် NUG ပြောင်းလဲဖွဲ့စည်း

လီလီယန်/People’s Spring
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှု ကော်မတီကို ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားနိုင်သည့် မြို့နယ်ပေါင်း ၃၆ မြို့နယ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်အပြီးတွင် ယင်းသို့ ပြောင်းလဲဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

NUG စိုးမိုးနယ်မြေများနှင့် ထိန်းချုပ်နယ်မြေများ၌ စစ်ကောင်စီ၏ လစ်လပ်သွားသော အုပ်ချုပ်ရေးယန္တရားတွင် အစားထိုးဝင်ရောက်၍ အုပ်ချုပ်ရေး၊ လုံခြုံ ရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်နှင့် ပြည်နယ်ကောင်စီများ၏ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေးနိုင်ရန် ယင်းသို့ ဖွဲ့စည်းပေး ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နိုင်သည့် မြို့နယ် ၃၆ မြို့နယ်တွင် စစ်ကိုင်းတိုင်းမှ ၂၉ ၊ မကွေးတိင်းမှ ၇ မြို့နယ်တို့ဖြစ်ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ တစ်နှစ်တာကာလလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၌ ဖော်ပြ သည်။

(CDM လှုပ်ရှားမှုတွင် ထွေအုပ်ဝန်ထမ်းများ ပါဝင်ကာ ဆန္ဒပြနေသည်ကို ဖျာပုံမြို့တွင် ​ဖေ​ဖော်ဝါရီ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- CJ)

ေထြအုပ္ CDMဝန္ထမ္းမ်ား အုပ္ခ်ဳပ္မႈေကာ္မတီကို ျပည္သူ႔အုပ္ခ်ဳပ္ေရးဦးစီးဌာနအျဖစ္ NUG ေျပာင္းလဲဖြဲ႕စည္း

လီလီယန္/People’s Spring
အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန CDM ဝန္ထမ္းမ်ား အုပ္ခ်ဳပ္မႈ ေကာ္မတီကို ျပည္သူ႔အုပ္ခ်ဳပ္ေရး ဦးစီးဌာနအျဖစ္ ေျပာင္းလဲဖြဲ႕စည္းေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG) ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီး ၾကပ္ေရးဝန္ႀကီးဌာနက ယေန႔ ထုတ္ျပန္သည္။

ျပည္သူ႔အုပ္ခ်ဳပ္ေရး ေဖာ္ေဆာင္ထားနိုင္သည့္ ၿမိဳ႕နယ္ေပါင္း ၃၆ ၿမိဳ႕နယ္ရွိၿပီျဖစ္ေၾကာင္း ထုတ္ျပန္အၿပီးတြင္ ယင္းသို႔ ေျပာင္းလဲဖြဲ႕စည္းေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

NUG စိုးမိုးနယ္ေျမမ်ားႏွင့္ ထိန္းခ်ဳပ္နယ္ေျမမ်ား၌ စစ္ေကာင္စီ၏ လစ္လပ္သြားေသာ အုပ္ခ်ဳပ္ေရးယႏၲရားတြင္ အစားထိုးဝင္ေရာက္၍ အုပ္ခ်ဳပ္ေရး၊ လုံျခဳံ ေရးႏွင့္တရားဥပေဒစိုးမိုးေရး၊ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္ ရြက္နိုင္ရန္ႏွင့္ ျပည္နယ္ေကာင္စီမ်ား၏ ေဒသႏၲရအုပ္ခ်ဳပ္ေရး လုပ္ငန္းစဥ္မ်ားတြင္ ကူညီပံ့ပိုးေပးနိုင္ရန္ ယင္းသို႔ ဖြဲ႕စည္းေပး ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္သည္။

ျပည္သူ႔အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္နိုင္သည့္ ၿမိဳ႕နယ္ ၃၆ ၿမိဳ႕နယ္တြင္ စစ္ကိုင္းတိုင္းမွ ၂၉ ၊ မေကြးတိင္းမွ ၇ ၿမိဳ႕နယ္တို႔ျဖစ္ေၾကာင္း NUG ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန၏ ၂၀၂၁ တစ္ႏွစ္တာကာလလုပ္ငန္းေဆာင္ရြက္ခ်က္ အစီရင္ခံစာ၌ ေဖာ္ၿပ သည္။

(CDM လႈပ္ရွားမႈတြင္ ေထြအုပ္ဝန္ထမ္းမ်ား ပါဝင္ကာ ဆႏၵျပေနသည္ကို ဖ်ာပုံၿမိဳ႕တြင္ ​ေဖ​ေဖာ္ဝါရီ၁၇ရက္က ေတြ႕ရစဥ္။ ဓာတ္ပုံ- CJ)