Local News

စစ်အုပ်စုမိသားစုဝင် ထောင်ချီ နေပြည်တော်သို့ ထွက်ပြေး ရွှေ့ပြောင်းလာ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ စိုးမိုးတဲ့နယ်မြေတွေ တဖြည်းဖြည်းပိုများလာကြောင့် စိုးရိမ်ကြောက်လန့်ပြီး နေပြည်တော်သို့ ထွက်ပြေးရွေ့ပြောင်း နေထိုင်လာကြတဲ့ စစ်အုပ်စု မိသားစုဝင် လူဦးရေ ၁၀၀၀ ကျော်ရှိပြီး သူတို့အတွက် ကုလသမဂ္ဂအေဂျင်စီတခုထံမှာ အကူအညီတောင်းထားတယ်လို့ နေပြည်တော် စစ်ကောင်စီ အသိုက်အဝန်းကနေ သိရပါတယ်။

မြန်မာနိုင်ငံဒေသအနှံ့ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများလာတာ၊ တပ်ကို စွန့်ခွာထွက်ပြေးတာနဲ့ စစ်အုပ်စုနဲ့ ဆက်နွှယ်သူတွေ အသတ်ခံရတာတွေရှိလာတဲ့အတွက် ထောင်နဲ့ချီတဲ့ မိသားစုဝင်တွေဟာ လွတ်မြောက်မယ်ထင်တဲ့ နေပြည်တော်ကို လတ်တလော သီတင်းပတ်တွေမှာ ရွေ့ပြောင်းနေ ထိုင်လာနေကြတာပါ။

နေပြည်တော်မှာ တိုက်ပွဲရှောင်စခန်းဖွင့်ထားတာမရှိပေမဲ့ ထွက်ပြေးလာသူတွေနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ လူဦးရေစာရင်းတခုပြုလုပ်ထားပြီး တိုက်ပွဲရှောင် ယာယီရွေ့ပြောင်းနေထိုင်ရသူများစာရင်းဆိုပြီး ကုလသမဂ္ဂ အေဂျင်စီကို ဧပြီ ၂၀ ရက်က တင်ပြပြီးအကူအညီတောင်းခံထားတယ်လို့ နေပြည်တော်ကောင်စီနဲ့ နီးစပ်သူတယောက်ထံကသိရပါတယ်။

နေပြည်တော် ဒေသခံတဦးက “အဲ့ဒီရွေ့ပြောင်းလာမှုက ပထမတော့ သိပ်မသိသာဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းလာကြတာ။ အရင်က ဇမ္ဗူသီရိတို့ ဘာတို့နဲ့ တခြားနေရာတွေ အရင်တုန်းကတော့ နေမယ့် သူမရှိတဲ့ နေရာတွေ ချောင်ပေါ့။ အဲ့ဒီနေရာတွေက အရင်တုန်းက ကျပ် သိန်း ၅၀ လောက်ပဲရှိတာ အခု ၂၀၀ ကျော်လောက်ဖြစ်သွားတယ်။ အခုပြောင်းလာတဲ့သူတွေ အများစုက၊ တပ်မိသားစုဝင်တွေများတယ်၊ သူတို့တတွေပဲဝယ်ပြီး အမြန်ဆောက်နေနေကြတယ်။ တချို့တွေလည်း အိမ်ပါတဲ့ မြေကွက်လေးတွေ ဝယ်နေကြတယ်။ ပိုသိသာလာတာက ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အသတ်ခံရပြီးတဲ့နောက်မှာတော့ အရမ်းကို သိသာလာတယ်။ ရန်ကုန်စစ်ကောင်စီအသိုက်အဝန်းက လှိမ့်ပြီးရွေ့ ပြောင်းလာကြတာ”လို့ ပြောပါတယ်။

နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက တပ်ကုန်း ၊ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ ၊ ဇမ္ဗူသီရိ ၊ လယ်ဝေး၊ ပျဉ်းမနား ဒေသတွေကို ကယား၊ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်းဒေသတွေက ရွေ့ပြောင်းလာသူပေါင်း ၁၀၈၀ ယောက်ရှိပြီး သူတို့ဆက်စပ်ပတ်သက်သူတွေရှိတဲ့ ရပ်ကွက် ကျေးရွာ အုပ်စုတွေမှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုက ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြပေမဲ့ စစ်ကောင်စီတွေက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်၊ ရိုက်နှက် ဖမ်းဆီး ထောင်ချမှုတွေ ပြုလုပ်လာတာကြောင့် နိုင်ငံအနှံ့အပြားက PDF တွေနဲ့ ပြည်သူတွေက ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်စစ်ပွဲ ဆင်နွှဲ နေကြတာဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၉၁၂၇၀၀ ဦးရှိပြီး ဒီအထဲမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်နက်ကိုင် ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှုမရှိတဲ့ အခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၅၆၆၁၀၀ ဦးလည်းပါ၀င်တယ်လို့ UNOCHA ရဲ့ ဧပြီ ၁၁ ရက် စာရင်းအရသိရပါတယ်။

=========

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF)ေတြရဲ့ စိုးမိုးတဲ့နယ္ေျမေတြ တျဖည္းျဖည္းပိုမ်ားလာေၾကာင့္ စိုးရိမ္ေၾကာက္လန႔္ၿပီး ေနျပည္ေတာ္သို႔ ထြက္ေျပးေရြ႕ေျပာင္း ေနထိုင္လာၾကတဲ့ စစ္အုပ္စု မိသားစုဝင္ လူဦးေရ ၁၀၀၀ ေက်ာ္ရွိၿပီး သူတို႔အတြက္ ကုလသမဂၢေအဂ်င္စီတခုထံမွာ အကူအညီေတာင္းထားတယ္လို႔ ေနျပည္ေတာ္ စစ္ေကာင္စီ အသိုက္အဝန္းကေန သိရပါတယ္။

ျမန္မာနိုင္ငံေဒသအႏွံ့ တိုက္ပြဲေတြျဖစ္ၿပီး စစ္ေကာင္စီဘက္က အက်အဆုံးမ်ားလာတာ၊ တပ္ကို စြန႔္ခြာထြက္ေျပးတာနဲ႔ စစ္အုပ္စုနဲ႔ ဆက္ႏႊယ္သူေတြ အသတ္ခံရတာေတြရွိလာတဲ့အတြက္ ေထာင္နဲ႔ခ်ီတဲ့ မိသားစုဝင္ေတြဟာ လြတ္ေျမာက္မယ္ထင္တဲ့ ေနျပည္ေတာ္ကို လတ္တေလာ သီတင္းပတ္ေတြမွာ ေရြ႕ေျပာင္းေန ထိုင္လာေနၾကတာပါ။

ေနျပည္ေတာ္မွာ တိုက္ပြဲေရွာင္စခန္းဖြင့္ထားတာမရွိေပမဲ့ ထြက္ေျပးလာသူေတြေနထိုင္တဲ့ ရပ္ကြက္၊ ေက်းရြာေတြမွာ လူဦးေရစာရင္းတခုျပဳလုပ္ထားၿပီး တိုက္ပြဲေရွာင္ ယာယီေရြ႕ေျပာင္းေနထိုင္ရသူမ်ားစာရင္းဆိုၿပီး ကုလသမဂၢ ေအဂ်င္စီကို ဧၿပီ ၂၀ ရက္က တင္ျပၿပီးအကူအညီေတာင္းခံထားတယ္လို႔ ေနျပည္ေတာ္ေကာင္စီနဲ႔ နီးစပ္သူတေယာက္ထံကသိရပါတယ္။

ေနျပည္ေတာ္ ေဒသခံတဦးက “အဲ့ဒီေရြ႕ေျပာင္းလာမႈက ပထမေတာ့ သိပ္မသိသာဘူး။ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ေျပာင္းလာၾကတာ။ အရင္က ဇမၺဴသီရိတို႔ ဘာတို႔နဲ႔ တျခားေနရာေတြ အရင္တုန္းကေတာ့ ေနမယ့္ သူမရွိတဲ့ ေနရာေတြ ေခ်ာင္ေပါ့။ အဲ့ဒီေနရာေတြက အရင္တုန္းက က်ပ္ သိန္း ၅၀ ေလာက္ပဲရွိတာ အခု ၂၀၀ ေက်ာ္ေလာက္ျဖစ္သြားတယ္။ အခုေျပာင္းလာတဲ့သူေတြ အမ်ားစုက၊ တပ္မိသားစုဝင္ေတြမ်ားတယ္၊ သူတို႔တေတြပဲဝယ္ၿပီး အျမန္ေဆာက္ေနေနၾကတယ္။ တခ်ိဳ႕ေတြလည္း အိမ္ပါတဲ့ ေျမကြက္ေလးေတြ ဝယ္ေနၾကတယ္။ ပိုသိသာလာတာက ဗဟိုဘဏ္ ဒုဥကၠ႒ ေဒၚသန္းသန္းေဆြ အသတ္ခံရၿပီးတဲ့ေနာက္မွာေတာ့ အရမ္းကို သိသာလာတယ္။ ရန္ကုန္စစ္ေကာင္စီအသိုက္အဝန္းက လွိမ့္ၿပီးေရြ႕ ေျပာင္းလာၾကတာ”လို႔ ေျပာပါတယ္။

ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမထဲက တပ္ကုန္း ၊ေဇယ်ာသီရိ၊ ပုဗၺသီရိ၊ ဒကၡိဏသီရိ ၊ ဇမၺဴသီရိ ၊ လယ္ေဝး၊ ပ်ဥ္းမနား ေဒသေတြကို ကယား၊ မေကြး၊ စစ္ကိုင္း၊ ခ်င္း၊ ရွမ္းေဒသေတြက ေရြ႕ေျပာင္းလာသူေပါင္း ၁၀၈၀ ေယာက္ရွိၿပီး သူတို႔ဆက္စပ္ပတ္သက္သူေတြရွိတဲ့ ရပ္ကြက္ ေက်းရြာ အုပ္စုေတြမွာ ေနထိုင္ေနၾကတယ္လို႔ သိရပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူလူထုက ၿငိမ္းခ်မ္းစြာ ေတာင္းဆိုဆႏၵျပခဲ့ၾကေပမဲ့ စစ္ေကာင္စီေတြက အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္၊ ရိုက္ႏွက္ ဖမ္းဆီး ေထာင္ခ်မႈေတြ ျပဳလုပ္လာတာေၾကာင့္ နိုင္ငံအႏွံ့အျပားက PDF ေတြနဲ႔ ျပည္သူေတြက ရရာလက္နက္စြဲကိုင္ၿပီး ခုခံတြန္းလွန္စစ္ပြဲ ဆင္ႏႊဲ ေနၾကတာျဖစ္ပါတယ္။

နိုင္ငံတဝန္းမွာ ျပည္တြင္းေနရပ္စြန႔္ခြာထြက္ေျပးေနရသူေပါင္း ၉၁၂၇၀၀ ဦးရွိၿပီး ဒီအထဲမွာ စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ လက္နက္ကိုင္ ပဋိပကၡနဲ႔ လုံျခဳံေဘးကင္းမႈမရွိတဲ့ အေျခအေနေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူေပါင္း ၅၆၆၁၀၀ ဦးလည္းပါ၀င္တယ္လို႔ UNOCHA ရဲ့ ဧၿပီ ၁၁ ရက္ စာရင္းအရသိရပါတယ္။