Local News

မူးယစ်အထူးအဖွဲ့ရဲ့ ဒုရဲမှူး အပါအဝင် ၇ ဦး မူးယစ်ဆေးဝါးသယ်ဆောင်မှုသုံးစွဲမှုဖြင့် ဖမ်းဆီးခံရ

မူးယစ္အထူးအဖြဲ႕ရဲ့ ဒုရဲမႉး အပါအဝင္ ၇ ဦး မူးယစ္ေဆးဝါးသယ္ေဆာင္မႈသုံးစြဲမႈျဖင့္ ဖမ္းဆီးခံရ

ဧၿပီလ ၂၄ ရက္ေန႔။

မူးယစ္အထူးအဖြဲ႕ရဲ့ ဒုရဲမႉး ယဥ္ထြန္းသန္း အပါအဝင္ ခုနစ္ဦးကို မူးယစ္ေဆးဝါးသယ္ေဆာင္မႈနဲ႔ပတ္သက္ၿပီး ဧၿပီ ၂၂ ရက္ေန႔ ညပိုင္းက ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ သတင္းရရွိပါသည္။

ဧၿပီလ ၂၂ ရက္ေန႔ ညပိုင္းက ျပင္ဦးလြင္နဲ႔ ေနာင္ခ်ိဳလမ္းေၾကာင္းကို ျဖတ္ၿပီး မူးယစ္ေဆးဝါးေတြ သယ္ေဆာင္တဲ့ကိစၥနဲ႔ ပတ္သက္လို႔ မူးယစ္အထူးတပ္ဖြဲ႕က ဒုရဲမႉးအပါအဝင္ ​ခုႏွစ္ဦးကို ဖမ္းဆီးထိန္းသိမ္းလိုက္တာျဖစ္တယ္လို႔ သတင္းေတြအရ သိရွိရပါသည္။

ျဖစ္စဥ္အတြင္း မူးယစ္အထူးတပ္ဖြဲ႕က ဒုတိယရဲမႉး ယဥ္ထြန္းသန္း၊ ရဲမႉး ရန္နိုင္လတ္၊ ေနာင္ခ်ိဳ မူးယစ္အထူးတပ္ဖြဲ႕က ရဲအရာရွိတစ္ဦး အပါအဝင္စုစုေပါင္း ခုနစ္ဦးကို ဖမ္းဆီးထိန္းသိမ္းထားၿပီး စစ္ေဆးမႈေတြ ေဆာင္ရြက္ေနၿပီလို႔လည္း သိရပါသည္။

နိုင္ငံတစ္ဝန္း တိုင္းနဲ႔ ျပည္နယ္အႏွံ့မွာ ေန႔စဥ္ဆိုသလိုပဲ မူးယစ္ေဆးဝါးသယ္ေဆာင္သူေတြကို နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ-SAC လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးထိန္းသိမ္းေနပါသည္။

==========

မူးယစ်အထူးအဖွဲ့ရဲ့ ဒုရဲမှူး အပါအဝင် ၇ ဦး မူးယစ်ဆေးဝါးသယ်ဆောင်မှုသုံးစွဲမှုဖြင့် ဖမ်းဆီးခံရ

ဧပြီလ ၂၄ ရက်နေ့။

မူးယစ်အထူးအဖွဲ့ရဲ့ ဒုရဲမှူး ယဉ်ထွန်းသန်း အပါအဝင် ခုနစ်ဦးကို မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ပတ်သက်ပြီး ဧပြီ ၂၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းရရှိပါသည်။

ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ပြင်ဦးလွင်နဲ့ နောင်ချိုလမ်းကြောင်းကို ဖြတ်ပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ မူးယစ်အထူးတပ်ဖွဲ့က ဒုရဲမှူးအပါအဝင် ​ခုနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ သတင်းတွေအရ သိရှိရပါသည်။

ဖြစ်စဉ်အတွင်း မူးယစ်အထူးတပ်ဖွဲ့က ဒုတိယရဲမှူး ယဉ်ထွန်းသန်း၊ ရဲမှူး ရန်နိုင်လတ်၊ နောင်ချို မူးယစ်အထူးတပ်ဖွဲ့က ရဲအရာရှိတစ်ဦး အပါအဝင်စုစုပေါင်း ခုနစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီလို့လည်း သိရပါသည်။

နိုင်ငံတစ်ဝန်း တိုင်းနဲ့ ပြည်နယ်အနှံ့မှာ နေ့စဉ်ဆိုသလိုပဲ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-SAC လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းနေပါသည်။