Local News

ပကာရီနယ္ေျမရဲစခန္းအား PDFမ်ား သိမ္းပိုက္

ပကာရီနယ္ေျမရဲစခန္းအား PDFမ်ား သိမ္းပိုက္

▪️ပကာရီေဒသအား စိုးမိုးထား၍ စစ္ေကာင္စီက နည္းလမ္းေပါင္းစုံသုံး၍ ထိုးစစ္ဆင္ရန္တာစူေနေၾကာင္း တနသၤာရီဲစစ္ေဒသခြဲ-ကြပ္ကဲေရးအဖြဲ႕​ေျပာ

ရဲေခါင္/People’s Spring

တနသၤာရီတိုင္း၊ပကာရီေဒသအား ျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ားက စိုးမိုးထားၿပီး စစ္ေကာင္စီက နည္းလမ္းေပါင္းစုံသုံး၍ ထိုးစစ္ဆင္ရန္တာစူေနေၾကာင္း တနသၤာရီဲစစ္ေဒသခြဲ-ကြပ္ကဲေရးအဖြဲ႕က ယေန႔(ဧၿပီ ၂၅ ရက္)တြင္ ထုတ္ျပန္ သည္။

ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္(PDF)၊ ျပည္သူ႔ကာ ကြယ္ေရးအဖြဲ႕(ပကဖ-LPDF)တို႔ ပူးေပါင္း၍ ထားဝယ္ၿမိဳ႕ႏွင့္ ၁၀မိုင္ကြာေဝးေသာ ပကာရီနယ္ေျမ ရဲစခန္းအား ယမန္ေန႔(ဧၿပီ ၂၄ ရက္) ေန႔လယ္ပိုင္းက ဝင္ေရာက္စီးနင္း မီးရႈိ႕ဖ်က္သိမ္းၿပီးေနာက္ ယင္းေဒသတစ္ခုလုံးအားနယ္ေျမစိုးမိုးမႈ ရယူခဲ့သည္ဟု အသိေပးသည္။

ယင္းသို႔ ဖ်က္သိမ္းခံရမႈကို အာဏာသိမ္းစစ္ေကာင္စီက ျပန္လည္တုံ႔ျပန္ရန္ ပကာရီ႐ြာသို႔ လမ္းေၾကာင္းေပါင္းစုံမွ ေစလႊတ္ေနေၾကာင္းလည္း တနသၤာရီဲစစ္ေဒသခြဲ-ကြပ္ကဲေရးအဖြဲ႕က ဆိုသည္။

ထိုသို႔ ေစလႊတ္ခဲ့ေသာ တပ္ခြဲမ်ားအနက္ အင္အား ၆၀ခန္႔ပါ ဖက္ဆစ္တပ္ခြဲတစ္ခုသည္ သဗ်ာ႐ြာအနီးရွိ ေရာ္ဘာစက္႐ုံဝင္းကို ေျခကုတ္ယူ၍ ပကာရီဘက္သို႔ ပစ္ခြင္းရန္ လက္နက္ႀကီးတပ္ဆင္မႈမ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ ျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ားက ညေန ၃နာ ရီခန္႔တြင္ သဗ်ာ႐ြာရွိ ထိုတပ္ခြဲအား လက္နက္ႀကီးျဖင့္ ပစ္္ခတ္ၿဖိဳခြင္းလိုက္ရာ ပစ္မွတ္ကို တိုက္႐ိုက္ထိမွန္ခဲ့ေၾကာင္း သိရသည္။

ျပန္လည္မခုခံႏိုင္မႈ၊ အေရးေပၚကားမ်ား ရႈပ္ေထြးစြာ သြားလာမႈႏွင့္ ၎တို႔၏ လႈပ္ရွားမႈမ်ား ယခုထိရပ္တန္႔သြားသည္တို႔ကို ေထာက္ရႈေသာအားျဖင့္ ထိုဖက္ဆစ္တပ္ခြဲမွ တပ္သား၊ အရာရွိမ်ား ေသဆုံးမႈ၊ ထိခိုက္ဒဏ္ရာရမႈ မ်ားစြာရွိခဲ့ကာ တပ္ပ်က္လု ျဖစ္သြားခဲ့ျခင္းဟု တနသၤာရီဲစစ္ေဒသခြဲ-ကြပ္ကဲေရးအဖြဲ႕က ခန္႔မွန္းသည္။

လက္ရွိစစ္ေရးအေျခအေနေၾကာင့္လည္း ထားဝယ္-ထီးခီးလမ္းအား ျဖတ္သန္းသြားလာမႈ မျပဳလုပ္ၾကရန္ ေမတၱာရပ္ခံထားၿပီးျဖစ္ေသာ္လည္း အခ်ိဳ႕ကားငယ္ႏွင့္ အိမ္စီးကားမ်ား သြား လာေနဆဲျဖစ္ရာထိခိုက္မႈျဖစ္မည္ကို မ်ားစြာစိုးရိမ္ရၿပီး စစ္ေရးလႈပ္ရွားမႈ ေဆာင္႐ြက္ရန္လည္း အခက္အခဲ ျဖစ္ေပၚေနေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ အျပည့္အဝပူးေပါင္းပါဝင္ေပးရန္ ႏွင့္ အထူးကိစၥရပ္မ်ားမွအပ ခရီးထြက္ျခင္း မျပဳလုပ္ၾကရန္ သတိေပးသည္။

ပကာရီနယ်မြေရဲစခန်းအား PDFများ သိမ်းပိုက်

▪️ပကာရီဒေသအား စိုးမိုးထား၍ စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံး၍ ထိုးစစ်ဆင်ရန်တာစူနေကြောင်း တနင်္သာရီဲစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ပြော

ရဲခေါင်/People’s Spring

တနင်္သာရီတိုင်း၊ပကာရီဒေသအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက စိုးမိုးထားပြီး စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံး၍ ထိုးစစ်ဆင်ရန်တာစူနေကြောင်း တနင်္သာရီဲစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က ယနေ့(ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန် သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ-LPDF)တို့ ပူးပေါင်း၍ ထားဝယ်မြို့နှင့် ၁၀မိုင်ကွာဝေးသော ပကာရီနယ်မြေ ရဲစခန်းအား ယမန်နေ့(ဧပြီ ၂၄ ရက်) နေ့လယ်ပိုင်းက ဝင်ရောက်စီးနင်း မီးရှို့ဖျက်သိမ်းပြီးနောက် ယင်းဒေသတစ်ခုလုံးအားနယ်မြေစိုးမိုးမှု ရယူခဲ့သည်ဟု အသိပေးသည်။

ယင်းသို့ ဖျက်သိမ်းခံရမှုကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်တုံ့ပြန်ရန် ပကာရီရွာသို့ လမ်းကြောင်းပေါင်းစုံမှ စေလွှတ်နေကြောင်းလည်း တနင်္သာရီဲစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က ဆိုသည်။

ထိုသို့ စေလွှတ်ခဲ့သော တပ်ခွဲများအနက် အင်အား ၆၀ခန့်ပါ ဖက်ဆစ်တပ်ခွဲတစ်ခုသည် သဗျာရွာအနီးရှိ ရော်ဘာစက်ရုံဝင်းကို ခြေကုတ်ယူ၍ ပကာရီဘက်သို့ ပစ်ခွင်းရန် လက်နက်ကြီးတပ်ဆင်မှုများ ပြုလုပ်ခဲ့သည်။

သို့သော် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ညနေ ၃နာ ရီခန့်တွင် သဗျာရွာရှိ ထိုတပ်ခွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ဖြိုခွင်းလိုက်ရာ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။

ပြန်လည်မခုခံနိုင်မှု၊ အရေးပေါ်ကားများ ရှုပ်ထွေးစွာ သွားလာမှုနှင့် ၎င်းတို့၏ လှုပ်ရှားမှုများ ယခုထိရပ်တန့်သွားသည်တို့ကို ထောက်ရှုသောအားဖြင့် ထိုဖက်ဆစ်တပ်ခွဲမှ တပ်သား၊ အရာရှိများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု များစွာရှိခဲ့ကာ တပ်ပျက်လု ဖြစ်သွားခဲ့ခြင်းဟု တနင်္သာရီဲစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က ခန့်မှန်းသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့်လည်း ထားဝယ်-ထီးခီးလမ်းအား ဖြတ်သန်းသွားလာမှု မပြုလုပ်ကြရန် မေတ္တာရပ်ခံထားပြီးဖြစ်သော်လည်း အချို့ကားငယ်နှင့် အိမ်စီးကားများ သွား လာနေဆဲဖြစ်ရာထိခိုက်မှုဖြစ်မည်ကို များစွာစိုးရိမ်ရပြီး စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်ရန်လည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အပြည့်အဝပူးပေါင်းပါဝင်ပေးရန် နှင့် အထူးကိစ္စရပ်များမှအပ ခရီးထွက်ခြင်း မပြုလုပ်ကြရန် သတိပေးသည်။