Local News

စစ္ေကာင္စီအလိုက် ေဆာင္႐ြက္ေနေသာ တရား႐ုံးမ်ားအလွည့္လာၿပီ

စစ္ေကာင္စီအလိုက် ေဆာင္႐ြက္ေနေသာမုံ႐ြာၿမိဳ႕မွ တရား႐ုံးမ်ားရပ္တန္းကရပ္ရန္ PDFမ်ားသတိ​​ေပး

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ရွိ အၾကမ္းဖက္စစ္ေကာင္စီအလိုက် ေဆာင္႐ြက္ေနေသာ တရား႐ုံးမ်ား ရပ္တန္းကရပ္ေပးရန္ႏွင့္ ျပည္သူကိုဖိႏွိပ္သူမွန္သမွ်ကို အၾကမ္းဖက္စစ္ေကာင္စီႏွင့္ တစ္တန္းတည္းထား ေတာ္လွန္တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း မုံ႐ြာအေျခစိုက္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားက သတိေပးသည္။

မုံ႐ြာၿမိဳ႕ေပၚရွိ တရား႐ုံးမ်ားႏွင့္ပတ္သက္၍မုံ႐ြာအေျခစိုက္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားက ယေန႔ ဧၿပီလ ၂၅ ရက္ေန႔တြင္ သတိေပးစာတစ္ေစာင္ ထုတ္ျပန္ခဲ့သည္။ အဆိုပါသတိေပးစာတြင္ မုံ႐ြာၿမိဳ႕ေပၚရွိ တရား႐ုံးမ်ားသည္ အၾကမ္းဖက္စစ္အာဏာရွင္တို႔၏ ၾသဇာကိုခံယူလ်က္ စစ္အုပ္စု၏ လက္နက္တစ္ခုသဖြယ္ အသုံးေတာ္ခံလ်က္ရွိေနၾကေၾကာင္း၊

ယခုမ်က္ေမွာက္ကာလသည္ မုံ႐ြာၿမိဳ႕အပါအဝင္ စစ္ကိုင္းတိုင္း တစ္တိုင္းလုံးရွိ ေနရာအႏွံ႔အျပားတြင္ စစ္ပြဲကာလအေျခအေနသို႔ က်ေရာက္လ်က္ရွိေနၿပီး ျပည္သူမ်ား သြားလာေနထိုင္ေရးအတြက္ လုံၿခဳံမႈကင္းမဲ့လ်က္ရွိေနသည္။ ထိုသို႔ေသာအေျခအေနတြင္ တရား႐ုံးမ်ားသည္ စာနာဆင္ျခင္မႈကင္းမဲ့စြာ စစ္အုပ္စု၏ အလိုက်အတိုင္း တရားစီရင္ေရးအား အသက္သြင္းလည္ပတ္ႏိုင္ရန္ အလို႔ငွာ ျပည္သူမ်ားၾကားက ေပါက္ဖြားလာေသာ အမႈအခင္းတို႔ကို ဆက္လက္ေဆာင္႐ြက္ႏိုင္ေရးအတြက္ အတင္းအၾကပ္ဖိအားေပးေဆာင္႐ြက္လာသည္ကို သိရွိရေၾကာင္း မုံ႐ြာအေျခစိုက္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ား၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

မုံ႐ြာၿမိဳ႕ရွိ တရား႐ုံးမ်ား၏ ေဆာင္႐ြက္ခ်က္မ်ားမွာ လက္ခံႏိုင္ဖြယ္ရာ မရွိပါသျဖင့္ ရပ္တန္းကရပ္ေပးရန္ႏွင့္ တရား႐ုံးမ်ား လည္ပတ္ေစေရးအတြက္ မည္သူမွ် ပါဝင္ပတ္သက္ျခင္းမျပဳေစလိုေၾကာင္းမုံ႐ြာအေျခစိုက္ ျပည္သူ႔ကာကြယ္ေးအဖြဲ႕မ်ားက သတိေပးသည္။

“ျပည္သူဘက္ကို မ်က္ႏွာမူပါ။ ျပည္သူ႔ဘက္မွာ ရပ္တည္ေပးပါ။”ဟု မုံ႐ြာအေျခစိုက္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ား သတိေပးသည္။ ဓမၼႏွင့္ အဓမၼကို ခြဲျခားသိျမင္ႏိုင္ၾကေစရန္ သတိေပးစာထုတ္ျပန္ျခင္းျဖစ္ေၾကာင္း၊ ျပည္သူကိုဖိႏွိပ္သူမွန္သမွ်ကိုလည္း အၾကမ္းဖက္စစ္ေကာင္စီႏွင့္ တစ္တန္းတည္းထား ေတာ္လွန္တိုက္ခိုက္သြားမည္ဟု ၎တို႔က သတိေပးသည္။

သတိေပးေၾကညာခ်က္အား မုံ႐ြာခ႐ိုင္တပ္ရင္း ၁၊ MPDF -တပ္ခြဲ၄၊ Special Regional Attacks Force ၏ တပ္စိတ္ ၂၊ Monywa Nightking ႏွင့္ Peacock Generation Force-PGF၊ Unity Force Monywa၊ Monywa Young People Group၊ God Of Snake၊ Monywa Heroes Group MHG& Monywa Ninja စသည့္အဖြဲ႕မ်ားက ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

#လူထုေႏြဦး

စစ်ကောင်စီအလိုကျ ဆောင်ရွက်နေသောမုံရွာမြို့မှ တရားရုံးများရပ်တန်းကရပ်ရန် PDFများသတိပေး

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကြမ်းဖက်စစ်ကောင်စီအလိုကျ ဆောင်ရွက်နေသော တရားရုံးများ ရပ်တန်းကရပ်ပေးရန်နှင့် ပြည်သူကိုဖိနှိပ်သူမှန်သမျှကို အကြမ်းဖက်စစ်ကောင်စီနှင့် တစ်တန်းတည်းထား တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

မုံရွာမြို့ပေါ်ရှိ တရားရုံးများနှင့်ပတ်သက်၍မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါသတိပေးစာတွင် မုံရွာမြို့ပေါ်ရှိ တရားရုံးများသည် အကြမ်းဖက်စစ်အာဏာရှင်တို့၏ သြဇာကိုခံယူလျက် စစ်အုပ်စု၏ လက်နက်တစ်ခုသဖွယ် အသုံးတော်ခံလျက်ရှိနေကြကြောင်း၊

ယခုမျက်မှောက်ကာလသည် မုံရွာမြို့အပါအဝင် စစ်ကိုင်းတိုင်း တစ်တိုင်းလုံးရှိ နေရာအနှံ့အပြားတွင် စစ်ပွဲကာလအခြေအနေသို့ ကျရောက်လျက်ရှိနေပြီး ပြည်သူများ သွားလာနေထိုင်ရေးအတွက် လုံခြုံမှုကင်းမဲ့လျက်ရှိနေသည်။ ထိုသို့သောအခြေအနေတွင် တရားရုံးများသည် စာနာဆင်ခြင်မှုကင်းမဲ့စွာ စစ်အုပ်စု၏ အလိုကျအတိုင်း တရားစီရင်ရေးအား အသက်သွင်းလည်ပတ်နိုင်ရန် အလို့ငှာ ပြည်သူများကြားက ပေါက်ဖွားလာသော အမှုအခင်းတို့ကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အတင်းအကြပ်ဖိအားပေးဆောင်ရွက်လာသည်ကို သိရှိရကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုံရွာမြို့ရှိ တရားရုံးများ၏ ဆောင်ရွက်ချက်များမှာ လက်ခံနိုင်ဖွယ်ရာ မရှိပါသဖြင့် ရပ်တန်းကရပ်ပေးရန်နှင့် တရားရုံးများ လည်ပတ်စေရေးအတွက် မည်သူမျှ ပါဝင်ပတ်သက်ခြင်းမပြုစေလိုကြောင်းမုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ေးအဖွဲ့များက သတိပေးသည်။

“ပြည်သူဘက်ကို မျက်နှာမူပါ။ ပြည်သူ့ဘက်မှာ ရပ်တည်ပေးပါ။”ဟု မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေးသည်။ ဓမ္မနှင့် အဓမ္မကို ခွဲခြားသိမြင်နိုင်ကြစေရန် သတိပေးစာထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ပြည်သူကိုဖိနှိပ်သူမှန်သမျှကိုလည်း အကြမ်းဖက်စစ်ကောင်စီနှင့် တစ်တန်းတည်းထား တော်လှန်တိုက်ခိုက်သွားမည်ဟု ၎င်းတို့က သတိပေးသည်။

သတိပေးကြေညာချက်အား မုံရွာခရိုင်တပ်ရင်း ၁၊ MPDF -တပ်ခွဲ၄၊ Special Regional Attacks Force ၏ တပ်စိတ် ၂၊ Monywa Nightking နှင့် Peacock Generation Force-PGF၊ Unity Force Monywa၊ Monywa Young People Group၊ God Of Snake၊ Monywa Heroes Group MHG& Monywa Ninja စသည့်အဖွဲ့များက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

#လူထုနွေဦး