Local News

မန်းက သေးသောက်အဖွဲ့ ဆက်သောက်ဖို့ နွားထိုးကြီးနားထိ







သွေးသောက်အဖွဲ့၏ လုပ်ရပ်ကိုတန်ပြန်သည့်အနေဖြင့် ပျူစောထီး ၂ ဦးကို ရှင်းလင်း

မန္တလေး၊ ဧပြီ ၂၅….လူငယ့်ခေတ်

အကြမ်းဖက်စစ်ကောင်စီအတွက် လူသတ် ပေးနေသည့် သွေးသောက်အဖွဲ့၏ လုပ်ရပ်ကို တန်ပြန်သည့်အနေဖြင့် ပျူစောထီး ၂ ဦးကို ယနေ့ (ဧပြီလ ၂၅ရက်) တွင် ရှင်းလင်းလိုက်သည်ဟု အနက်ရောင်သေမင်းအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ်တွင် ပျူစောထီးတပ်ဖွဲ့ဝင် ညိမ်းဇော်နှင့် တင်အောင်ကို ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ‌၎င်းတို့ထံမှ ပစ္စတို ၂ လက်ကိုလည်း သိမ်းဆည်းရမိသည်ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်

“ပျူနှစ်ကောင်ပြန်မပစ်နိုင်ခင် ဖမ်းစစ်ပြီး ပစ်လိုက်တာပါ။ နောက်ထပ်လာမယ်လို့လည်း ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်

အနက်ရောင်သေမင်းအဖွဲ့ ညွှန်းဆိုသည့် သွေးသောက်အဖွဲ့သည် မကြာသေးခင်က ဖွဲ့စည်းခဲ့သည့် လျို့ဝှက်အဖွဲ့ တစ်ခုဖြစ်ပြီး တော်လှန်ရေးသမားများ ၊ NLD ပါတီဝင်များနှင့် ၎င်းတို့ကိုဝန်းရံသူ ၊ ထောက်ခံသူများကို သတ်ဖြတ် သွားမည်ဟု စစ်ကောင်စီအတွက် သတင်းဝါဒဖြန့်ချိပေးနေသူတို့က ထုတ်ဖော်ပြောဆိုထားသည်