Local News

ေဒၚလာ ၁ သန္းတန္ အေမာင္းသင္ GROB ေလယာဥ္တစ္စင္း ဆင္းသက္စဥ္

မိတၱီလာ၊ ရွမ္းတဲေလတပ္စခန္းတြင္ ေဒၚလာ ၁ သန္းတန္ အေမာင္းသင္ GROB ေလယာဥ္တစ္စင္း ဆင္းသက္စဥ္ မီးေလာင္ၿပီး သုံးမရေအာင္ လုံး၀ပ်က္စီးသြား၊ လူထိခိုက္မႈမရွိ

ရန္ကုန္၊ ဧၿပီ ၂၅

မႏၲေလးတိုင္း၊ မိတၱီလာၿမိဳ႕နယ္၊ ရွမ္းတဲရွိ ေလေၾကာင္း အတတ္သင္ေလတပ္စခန္းဌာနခ်ဳပ္(လသခ)တြင္ အေမရိကန္ေဒၚလာ ၁ သန္းနီးပါး တန္ဖိုးရွိ အေမာင္းသင္ GROB ေလယာဥ္တစ္စင္း မီးေလာင္ၿပီး သုံးမရေအာင္ ပ်က္စီးသြားေၾကာင္း စစ္တပ္သတင္းရင္းျမစ္ထံမွ သိရွိရသည္

ဧၿပီလ ၂၅ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၂၀ မိနစ္အခ်ိန္ မႏၲေလးတိုင္း၊ မိတၱီလာ၊ ရွမ္းတဲ ေလေၾကာင္းအတတ္သင္ေလတပ္စခန္းဌာနခ်ဳပ္ (လသခ)တြင္ ဂ်ာမနီႏိုင္ငံမွ၂၀၁၅ခုႏွစ္တြင္ဝယ္ယူထားေသာ GROB (အေမာင္းသင္ေလယာဥ္)တစ္စီး ဆင္းသက္ၿပီး မီးေလာင္မႈျဖစ္ပြားကာ ပ်က္စီးသြားေၾကာင္း၊ လူထိခိုက္မႈ မရွိေၾကာင္း သိရွိရသည္

“ေလယာဥ္က Touch down ထိၿပီးေနာက္ မီးေလာင္မႈျဖစ္ပြားတယ္။ ေလယာဥ္မွာ ရစရာမရွိေအာင္ မီးေလာင္ပ်က္စီးသြားတယ္။ ေလသူရဲနဲ႔သင္တန္းသူကေတာ့ ထိခိုက္မႈမရွိပါဘူး” ဟု ေလတပ္သတင္းရင္းျမစ္က ေျပာဆိုသည္

ဓာတ္ပုံ- အၾကမ္းဖက္ မင္းေအာင္လႈိင္ အေမာင္းသင္ေလယာဥ္တစ္စင္းကို တက္ေရာက္ေလ့လာ ဟန္ထုတ္စဥ္။ (ပုံအေဟာင္းျဖစ္သည္)

မိတ္တီလာ၊ ရှမ်းတဲလေတပ်စခန်းတွင် ဒေါ်လာ ၁ သန်းတန် အမောင်းသင် GROB လေယာဉ်တစ်စင်း ဆင်းသက်စဉ် မီးလောင်ပြီး သုံးမရအောင် လုံးဝပျက်စီးသွား၊ လူထိခိုက်မှုမရှိ

ရန်ကုန်၊ ဧပြီ ၂၅

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရှမ်းတဲရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်(လသခ)တွင် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုးရှိ အမောင်းသင် GROB လေယာဉ်တစ်စင်း မီးလောင်ပြီး သုံးမရအောင် ပျက်စီးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (လသခ)တွင် ဂျာမနီနိုင်ငံမှ၂၀၁၅ခုနှစ်တွင်ဝယ်ယူထားသော GROB (အမောင်းသင်လေယာဉ်)တစ်စီး ဆင်းသက်ပြီး မီးလောင်မှုဖြစ်ပွားကာ ပျက်စီးသွားကြောင်း၊ လူထိခိုက်မှု မရှိကြောင်း သိရှိရသည်

“လေယာဉ်က Touch down ထိပြီးနောက် မီးလောင်မှုဖြစ်ပွားတယ်။ လေယာဉ်မှာ ရစရာမရှိအောင် မီးလောင်ပျက်စီးသွားတယ်။ လေသူရဲနဲ့သင်တန်းသူကတော့ ထိခိုက်မှုမရှိပါဘူး” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် အမောင်းသင်လေယာဉ်တစ်စင်းကို တက်ရောက်လေ့လာ ဟန်ထုတ်စဉ်။ (ပုံအဟောင်းဖြစ်သည်)