Local News

KNU တပ္မဟာ ၅ နယ္ေျမအတြင္းရွိ စစ္ေကာင္စီ၏မယ္ေဝ စခန္းအတြက္ ရဟတ္ ယာဥ္ျဖင့္ ရိကၡာထုပ္မ်ား လာေရာက္က်ဲခ်မႈ အထုပ္အားလုံးနီးပါး KNLA က ရရွိ

KNU တပ္မဟာ ၅ နယ္ေျမအတြင္းရွိ စစ္ေကာင္စီ၏မယ္ေဝ စခန္းအတြက္ ရဟတ္ ယာဥ္ျဖင့္ ရိကၡာထုပ္မ်ား လာေရာက္က်ဲခ်မႈ အထုပ္အားလုံးနီးပါး KNLA က ရရွိ

ရန္ကုန္၊ ဧၿပီ ၂၅

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၅ နယ္ေျမအတြင္းရွိ မယ္ေဝ (မဲဝိုင္) ေက်း႐ြာအုပ္စုတြင္ က်ဴးေက်ာ္တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီစခန္းမ်ားကို ေလေၾကာင္းမွတဆင့္ ဧၿပီလ ၂၅ ရက္ ညေနပိုင္းတြင္ စစ္ရဟတ္ယာဥ္က ရိကၡာထုပ္မ်ား က်ဲခ်ရာ ရိကၡာထုပ္အားလုံးနီးပါးကို ကရင္လြတ္ေျမာက္ေရးတပ္မေတာ္ KNLA က သိမ္းဆည္းရမိေၾကာင္း KNU တပ္မဟာ ၅ မူေၾတာ္သတင္းစဥ္က ထုတ္ျပန္သည္။

ယေန႔ ညေန ၄ နာရီခြဲတြင္ ရိကၡာထုပ္ ၅ ထုပ္ကို ၁ ႀကိမ္က်ဲခ်ခဲ့ၿပီး ၄ နာရီ ၄၅ မိနစ္တြင္ ရိကၡာထုပ္ ၆ ထုပ္ကို ထပ္မံက်ဲခ်ခဲ့ေၾကာင္း အဆိုပါ အထုပ္မ်ားအနက္မွ ၉ ထုပ္ကို KNLA က သိမ္းဆည္းခဲ့ၿပီး ၂ ထုပ္ကိုမူ ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရွိရသည္။

ရိကၡာထုပ္မ်ား က်ဲခ်ခ်ိန္တြင္ ဖာပြန္အေျခစိုက္ အၾကမ္းဖက္စစ္ေကာင္စီစခန္းက ၁၂၂ မမ စိန္ေျပာင္းျဖင့္ မဲေဝေဒသသို႔ ရမ္းသန္းပစ္ခတ္ခဲ့ေၾကာင္း ထိခိုက္မႈမရွိေၾကာင္း KNU တပ္မဟာ ၅ က ဆိုသည္။

မယ္ေဝစခန္းတြင္ ခလရ ၉၇ တပ္ရင္းႏွင့္ ခမရ ၄၀၅ တပ္ရင္းတို႔ ရွိၿပီး ကုန္း ေၾကာင္းျဖင့္ လက္နက္ရိကၡာပို႔ လမ္းေၾကာင္းမ်ားကို KNLA က ျဖတ္ေတာက္ထားျခင္းေၾကာင့္ ေလေၾကာင္းမွ လာေရာက္ပို႔ေဆာင္ျခင္းလည္း ျဖစ္သည္။

ခလရ ၉၇ တပ္ရင္းတပ္ဖြဲ႕မ်ားသည္ ေနာက္တန္းျပန္ရမည့္အခ်ိန္ေက်ာ္လြန္ေနၿပီျဖစ္ေၾကာင္း၊ KNU တပ္မဟာ ၅ နယ္ေျမကို ျဖတ္သန္းကာ မျပန္ရဲသျဖင့္ ခမရ ၄၀၅ တပ္ရင္းႏွင့္အတူ လာေရာက္ပူးေပါင္းေနျခင္းျဖစ္ေၾကာင္း မူေၾတာ္သတင္းစဥ္က ေရးသားေဖာ္ျပသည္။

KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏မယ်ဝေ စခန်းအတွက် ရဟတ် ယာဉ်ဖြင့် ရိက္ခာထုပ်များ လာရောက်ကျဲချမှု အထုပ်အားလုံးနီးပါး KNLA က ရရှိ

ရန်ကုန်၊ ဧပြီ ၂၅

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ မယ်ဝေ (မဲဝိုင်) ကျေးရွာအုပ်စုတွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစခန်းများကို လေကြောင်းမှတဆင့် ဧပြီလ ၂၅ ရက် ညနေပိုင်းတွင် စစ်ရဟတ်ယာဉ်က ရိက္ခာထုပ်များ ကျဲချရာ ရိက္ခာထုပ်အားလုံးနီးပါးကို ကရင်လွတ်မြောက်ရေးတပ်မတော် KNLA က သိမ်းဆည်းရမိကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ယနေ့ ညနေ ၄ နာရီခွဲတွင် ရိက္ခာထုပ် ၅ ထုပ်ကို ၁ ကြိမ်ကျဲချခဲ့ပြီး ၄ နာရီ ၄၅ မိနစ်တွင် ရိက္ခာထုပ် ၆ ထုပ်ကို ထပ်မံကျဲချခဲ့ကြောင်း အဆိုပါ အထုပ်များအနက်မှ ၉ ထုပ်ကို KNLA က သိမ်းဆည်းခဲ့ပြီး ၂ ထုပ်ကိုမူ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရှိရသည်။

ရိက္ခာထုပ်များ ကျဲချချိန်တွင် ဖာပွန်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီစခန်းက ၁၂၂ မမ စိန်ပြောင်းဖြင့် မဲဝေဒေသသို့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထိခိုက်မှုမရှိကြောင်း KNU တပ်မဟာ ၅ က ဆိုသည်။

မယ်ဝေစခန်းတွင် ခလရ ၉၇ တပ်ရင်းနှင့် ခမရ ၄၀၅ တပ်ရင်းတို့ ရှိပြီး ကုန်း ကြောင်းဖြင့် လက်နက်ရိက္ခာပို့ လမ်းကြောင်းများကို KNLA က ဖြတ်တောက်ထားခြင်းကြောင့် လေကြောင်းမှ လာရောက်ပို့ဆောင်ခြင်းလည်း ဖြစ်သည်။

ခလရ ၉၇ တပ်ရင်းတပ်ဖွဲ့များသည် နောက်တန်းပြန်ရမည့်အချိန်ကျော်လွန်နေပြီဖြစ်ကြောင်း၊ KNU တပ်မဟာ ၅ နယ်မြေကို ဖြတ်သန်းကာ မပြန်ရဲသဖြင့် ခမရ ၄၀၅ တပ်ရင်းနှင့်အတူ လာရောက်ပူးပေါင်းနေခြင်းဖြစ်ကြောင်း မူတြော်သတင်းစဉ်က ရေးသားဖော်ပြသည်။