Local News

ကျနော်တို့လေးစားရတဲ့ သူမအကြောင်း








ကျုပ်လေးစားရတဲ့အထဲမှာ သူလဲပါတယ်။လှိုင်သာယာသပိတ်စစ်ကြောင်းမှာ အမြဲလိုလိုပါဝင်ခဲ့တယ် သပိတ်ဖြိုခွင်းခံရတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတွေ သေတာသူကိုယ်တိုင်မြင်ခဲ့တယ်

နောက် ပိုက်စိပ်တိုက်လိုက်ဖမ်းလို့ သူရအောင်ရှောင်နိုင်ခဲ့ပေမဲ့သူ့ရဲ့သူငယ်ချင်းတွေအများအပြားတော ဖမ်းခံလိုက်ရတယ်

ကြောက်စိတ်ကိုဘေးချိတ်ပြီး စမ်းချောင်းက သပိတ်အင်အားစုတွေနဲ့ သူ့ခံယူချက်အတိုင်း ဆန္ဒတွေပြခဲ့တယ်

နေ့စဉ်နှင့်အမျှဖမ်းစီးသတ်ဖြတ်နေတော သူလည်း ရတဲ့နည်းနဲ့တော်လှန်မယ်ဆိုပြီး လွတ်မြောက်နယ်မြေမှာသွားရောက်ပြီးစစ်ပညာတွေ သင်ယူခဲ့တယ်

သူယုံကြည်ရာလက်နက်ကိုဆွဲကိုင်နေတဲ့အချိန်မှာဘဲ သူရဲ့အဖေ သေဆုံးသွားခဲ့ရပြီး နာရေးတောင်မှ သွားမကြည့်နိုင်တဲ့ဘဝ သူလိုဘဲ ဘဝတွေပေးဆပ်တဲ့သူတွေကြည့်ပြီး ဖြေသိမ့် နိုင်ခဲ့တယ်

နိုင်ငံ့အတွက် သူ့သူငယ်ချင်းတွေအတွက် သူ့အဖေအတွက်ကျဆုံးသွားသူတွေအတွက် အာဏာရှင် ပြုတ်ကျတဲ့အထိတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သူရဲ့အသံလေးကြားယောင်ပြီး

မေတ္တာနိုင်လွတ်မြောက်နယ်မြေ