Local News

ကားဝယ္သူအေယာင္ေဆာင္ကာ ေထာက္လွမ္းေနေသာ အရပ္ဝတ္ ဒုရဲအုပ္ မင္းမင္းဦး

သထုံၿမိဳ႕နယ္တြင္ ကားဝယ္သူအေယာင္ေဆာင္ကာ ေထာက္လွမ္းေနေသာ အရပ္ဝတ္ ဒုရဲအုပ္ မင္းမင္းဦးကို KNLA ပူးေပါင္းအဖြဲ႕ ဖမ္းဆီး၊ ဂန႔္ေဂါတြင္လည္း အရပ္ဝတ္ျဖင့္ ေထာက္လွမ္းေနသည့္ စစ္သား ၂ ဦးကို ဖမ္းမိ

ရန္ကုန္၊ ဧၿပီ ၂၆

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၁ နယ္ေျမ သထုံခ႐ိုင္၊ သိမ္ဆိပ္-ေလးေက ကားလမ္း၊ ထုံးဘိုႀကီး-ထုံးဘိုေလးေက်း႐ြာတြင္ ေမွာင္ခိုကားဝယ္ယူသူ အေယာင္ေဆာင္ကာ ေထာက္လွမ္းေနေသာ ဒုရဲအုပ္ မင္းမင္းဦး ဆိုသူကို KNLA တပ္မဟာ ၁၊ တပ္ရင္း ၂ လက္ေအာက္ခံ၊ PDF တပ္ရင္း ၂၊ တပ္ခြဲ ၁ အဖြဲ႕က ဧၿပီလ ၂၃ ရက္ နံနက္ ၁၀ နာရီဝန္းက်င္တြင္ ဖမ္းဆီးမိေၾကာင္း သတင္းရရွိသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ႐ြာသားအေယာင္ေဆာင္ကာ ေထာက္လွမ္းေနမႈမ်ားေၾကာင့္ PDF တပ္ဖြဲ႕မွ လုံၿခဳံေရးေဆာင္႐ြက္ေနစဥ္ ဒုရဲအုပ္မင္းမင္းဦးကို ဖမ္းမိခဲ့ျခင္းျဖစ္ၿပီး ၎၏ ကားအတြင္း၌ ေျခာက္လုံးျပဴး ေသနတ္ ၁ လက္၊ ပိုက္ဆံ က်ပ္ သိန္း ၂၀ ေက်ာ္၊ ကားနံပါတ္ အတုမ်ားေတြ႕ရွိခဲ့ေၾကာင္း သထုံ ျပည္သူ႔ေျပာက္က်ားမ်ား အဖြဲ႕က သတင္းထုတ္ျပန္သည္။

အလားတူ မေကြးတိုင္း၊ ဂန႔္ေဂါတြင္လည္း ေဒသကာကြယ္ေရးတပ္ဖြဲ႕ Master People’s Defence Force -Gangaw က ဧၿပီလ ၂၁ ရက္ နံနက္ ၉ နာရီခန႔္၌ ကင္းပုန္းဝတ္ေနစဥ္ အရပ္ဝတ္စစ္သား ၂ ဦးကို ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ အရပ္ဝတ္စစ္သား ၂ ဦးမွာ ကေလးၿမိဳ႕မွ ဂန႔္ေဂါၿမိဳ႕ဘက္သို႔ စစ္ေၾကာင္းထိုးလာေသာ တပ္မ ၂၂၊ ခမရ ၂၀၄ တပ္ရင္းမွ တပ္သား သားငယ္ႏွင့္ တပ္သား လျပည့္တို႔ျဖစ္ၿပီး အဆိုပါစစ္ေၾကာင္းသည္ ဟားခါးႏွင့္ ဂန႔္ေဂါၾကားရွိ ဘုံးဇုန္ေက်း႐ြာအနီး စခန္းခ်ေနစဥ္ နယ္ေျမစုံစမ္းေထာက္လွမ္းရန္ ထြက္လာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္သည္။

ဖမ္းဆီးရမိေသာ အရပ္ဝတ္စစ္သား ၂ ဦးကို Master People’s Defence Force -Gangaw၊ ပ.က.ဖ အဖြဲ႕၊ YPDF တို႔မွ စစ္ေဆးၿပီး သက္ဆိုင္ရာအထက္အဖြဲ႕အစည္းအထံ လႊဲေျပာင္းပို႔ေဆာင္ထားေၾကာင္း သိရွိရသည္။

သထုံမြို့နယ်တွင် ကားဝယ်သူအယောင်ဆောင်ကာ ထောက်လှမ်းနေသော အရပ်ဝတ် ဒုရဲအုပ် မင်းမင်းဦးကို KNLA ပူးပေါင်းအဖွဲ့ ဖမ်းဆီး၊ ဂန့်ဂေါတွင်လည်း အရပ်ဝတ်ဖြင့် ထောက်လှမ်းနေသည့် စစ်သား ၂ ဦးကို ဖမ်းမိ

ရန်ကုန်၊ ဧပြီ ၂၆

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင်၊ သိမ်ဆိပ်-လေးကေ ကားလမ်း၊ ထုံးဘိုကြီး-ထုံးဘိုလေးကျေးရွာတွင် မှောင်ခိုကားဝယ်ယူသူ အယောင်ဆောင်ကာ ထောက်လှမ်းနေသော ဒုရဲအုပ် မင်းမင်းဦး ဆိုသူကို KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ လက်အောက်ခံ၊ PDF တပ်ရင်း ၂၊ တပ်ခွဲ ၁ အဖွဲ့က ဧပြီလ ၂၃ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာသားအယောင်ဆောင်ကာ ထောက်လှမ်းနေမှုများကြောင့် PDF တပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေစဉ် ဒုရဲအုပ်မင်းမင်းဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကားအတွင်း၌ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ပိုက်ဆံ ကျပ် သိန်း ၂၀ ကျော်၊ ကားနံပါတ် အတုများတွေ့ရှိခဲ့ကြောင်း သထုံ ပြည်သူ့ပြောက်ကျားများ အဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါတွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ Master People’s Defence Force -Gangaw က ဧပြီလ ၂၁ ရက် နံနက် ၉ နာရီခန့်၌ ကင်းပုန်းဝတ်နေစဉ် အရပ်ဝတ်စစ်သား ၂ ဦးကို ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အရပ်ဝတ်စစ်သား ၂ ဦးမှာ ကလေးမြို့မှ ဂန့်ဂေါမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂၊ ခမရ ၂၀၄ တပ်ရင်းမှ တပ်သား သားငယ်နှင့် တပ်သား လပြည့်တို့ဖြစ်ပြီး အဆိုပါစစ်ကြောင်းသည် ဟားခါးနှင့် ဂန့်ဂေါကြားရှိ ဘုံးဇုန်ကျေးရွာအနီး စခန်းချနေစဉ် နယ်မြေစုံစမ်းထောက်လှမ်းရန် ထွက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော အရပ်ဝတ်စစ်သား ၂ ဦးကို Master People’s Defence Force -Gangaw၊ ပ.က.ဖ အဖွဲ့၊ YPDF တို့မှ စစ်ဆေးပြီး သက်ဆိုင်ရာအထက်အဖွဲ့အစည်းအထံ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရှိရသည်။