Local News

စစ်အာဏာရှင်ကို တိုက်ခိုက်ရန် DKBA မှ ဗိုလ်စလုံးနှင့် တပ်သား ၂၀၀ ကျော် KNDO ထံ ကူးပြောင်း၊ KNDO ၏ ကွန်မန်ဒိုတပ်ရင်းတွင် ဗိုလ်စလုံး ဦးဆောင်မည် (ရုပ်/သံ)

စစ်အာဏာရှင်ကို တိုက်ခိုက်ရန် DKBA မှ ဗိုလ်စလုံးနှင့် တပ်သား ၂၀၀ ကျော် KNDO ထံ ကူးပြောင်း၊ KNDO ၏ ကွန်မန်ဒိုတပ်ရင်းတွင် ဗိုလ်စလုံး ဦးဆောင်မည် (ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၂၆
စစ်အာဏာရှင်ကို တိုက်ခိုက်ရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA မှ ဗိုလ်စလုံးနှင့် တပ်သား ၂၀၀ ကျော်သည် ဗိုလ်မှူးချုပ်နယ်ဒါးမြ ဦးစီးသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ထံ ကူးပြောင်းလိုက်ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မြဝတီခရိုင်၊ ဖလူးကျေးရွာအခြေစိုက် ဗိုလ်စလုံးနှင့်အဖွဲ့သည် လေးကေ့ကော်ဒေသတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသော အဖွဲ့လည်းဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကို လက်ရှိတွင် ဗိုလ်ချုပ်ကြီး စောစတီးမှ ဦးဆောင်နေပြီး အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်မှုများ ရှိနေကြောင်း ကရင်တပ်ဖွဲ့များက ပြောဆိုနေကြသည်။

ဖလူးလေးကျေးရွာအခြေစိုက် DKBA မှ ဗိုလ်စလုံးနှင့် အဖွဲ့မှာမူ လေးကေ့ကော်တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် စစ်ရှောင်များ၊ pdf များကို ၎င်း၏စခန်းတွင် ခိုလှုံခွင့် ပေးထားခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ခံရပြီး ဖလူးလေးကျေးရွာရှိ စခန်းကို လက်လွှတ်ခဲ့ရသည်။

KNLA၊ ဗိုလ်စလုံးအဖွဲ့နှင့် PDF များက ဖလူးလေးကျေးရွာစခန်းကို ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီက ထပ်မံ ထိုးစစ်ဆင်လာမှုများကြောင့် နောက်တကြိမ် လက်လွှတ်ခဲ့ရသည်။

ယနေ့ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသော ဗီဒီယိုတွင် ဗိုလ်စလုံးကို ဗိုလ်မှူးချုပ်နယ်ဒါးမြက KNDO တပ်ဖွဲ့ဝတ်စုံနှင့် ၂ ပွင့်အဆင့်ရှိ ရာထူးချီးမြှင့်နေပုံကို တွေ့မြင်ရပြီး ဗိုလ်စလုံးနှင့် တပ်ဖွဲ့ကို KNDO ၏ ကွန်မန်ဒိုတပ်ရင်းအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်နယ်ဒါးမြက ကရင်ဘာသာစကားဖြင့် ပြောဆိုထားသည်။

၂၀၂၁ ခုနှစ် မေလတွင် လူ ၂၅ ဦး သတ်ဖြတ်ခံခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU က KNDO ဗိုလ်ချုပ်ကြီး နယ်ဒါးမြကို ရာထူးချကာ တာဝန်ကိုလည်း ရပ်ဆိုင်းထားခဲ့ပြီး လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီးနယ်ဒါးမြသည် KNDO တွင် မည်သည့်တာဝန်ထမ်းဆောင်နေခြင်းကို ရန်ကုန်ခေတ်သစ်က သီးခြားအတည်မပြုနိုင်သေးပေ။

စစ္အာဏာရွင္ကို တိုက္ခိုက္ရန္ DKBA မွ ဗိုလ္စလုံးႏွင့္ တပ္သား ၂၀၀ ေက်ာ္ KNDO ထံ ကူးေျပာင္း၊ KNDO ၏ ကြန္မန္ဒိုတပ္ရင္းတြင္ ဗိုလ္စလုံး ဦးေဆာင္မည္ (႐ုပ္/သံ)

ရန္ကုန္၊ ဧၿပီ ၂၆
စစ္အာဏာရွင္ကို တိုက္ခိုက္ရန္ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA မွ ဗိုလ္စလုံးႏွင့္ တပ္သား ၂၀၀ ေက်ာ္သည္ ဗိုလ္မႉးခ်ဳပ္နယ္ဒါးၿမ ဦးစီးသည့္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ KNDO ထံ ကူးေျပာင္းလိုက္ေၾကာင္း ကရင္သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

ျမဝတီခရိုင္၊ ဖလူးေက်းရြာအေျခစိုက္ ဗိုလ္စလုံးႏွင့္အဖြဲ႕သည္ ေလးေက့ေကာ္ေဒသတိုက္ပြဲမ်ားတြင္ အၾကမ္းဖက္စစ္ေကာင္စီကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF မ်ားႏွင့္ ပူးေပါင္းကာ အၾကမ္းဖက္စစ္ေကာင္စီကို တိုက္ခိုက္ေနေသာ အဖြဲ႕လည္းျဖစ္သည္။

ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA ကို လက္ရွိတြင္ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီးမွ ဦးေဆာင္ေနၿပီး အၾကမ္းဖက္စစ္တပ္ႏွင့္ ပတ္သက္ဆက္ႏြယ္မႈမ်ား ရွိေနေၾကာင္း ကရင္တပ္ဖြဲ႕မ်ားက ေျပာဆိုေနၾကသည္။

ဖလူးေလးေက်းရြာအေျခစိုက္ DKBA မွ ဗိုလ္စလုံးႏွင့္ အဖြဲ႕မွာမူ ေလးေက့ေကာ္တိုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္လာသည့္ စစ္ေရွာင္မ်ား၊ pdf မ်ားကို ၎၏စခန္းတြင္ ခိုလႈံခြင့္ ေပးထားျခင္းေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္၏ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို ခံရၿပီး ဖလူးေလးေက်းရြာရွိ စခန္းကို လက္လႊတ္ခဲ့ရသည္။

KNLA၊ ဗိုလ္စလုံးအဖြဲ႕ႏွင့္ PDF မ်ားက ဖလူးေလးေက်းရြာစခန္းကို ျပန္လည္တိုက္ခိုက္သိမ္းယူနိုင္ခဲ့ေပမယ့္ အၾကမ္းဖက္စစ္ေကာင္စီက ထပ္မံ ထိုးစစ္ဆင္လာမႈမ်ားေၾကာင့္ ေနာက္တႀကိမ္ လက္လႊတ္ခဲ့ရသည္။

ယေန႔ လူမႈကြန္ရက္ေပၚတြင္ ပ်ံ႕ႏွံ့လာေသာ ဗီဒီယိုတြင္ ဗိုလ္စလုံးကို ဗိုလ္မႉးခ်ဳပ္နယ္ဒါးျမက KNDO တပ္ဖြဲ႕ဝတ္စုံႏွင့္ ၂ ပြင့္အဆင့္ရွိ ရာထူးခ်ီးျမႇင့္ေနပုံကို ေတြ႕ျမင္ရၿပီး ဗိုလ္စလုံးႏွင့္ တပ္ဖြဲ႕ကို KNDO ၏ ကြန္မန္ဒိုတပ္ရင္းအျဖစ္ ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း ဗိုလ္မႉးခ်ဳပ္နယ္ဒါးျမက ကရင္ဘာသာစကားျဖင့္ ေျပာဆိုထားသည္။

၂၀၂၁ ခုႏွစ္ ေမလတြင္ လူ ၂၅ ဦး သတ္ျဖတ္ခံခဲ့ရသည့္ ကိစၥႏွင့္ ပတ္သက္၍ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU က KNDO ဗိုလ္ခ်ဳပ္ႀကီး နယ္ဒါးျမကို ရာထူးခ်ကာ တာဝန္ကိုလည္း ရပ္ဆိုင္းထားခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ဗိုလ္ခ်ဳပ္ႀကီးနယ္ဒါးျမသည္ KNDO တြင္ မည္သည့္တာဝန္ထမ္းေဆာင္ေနျခင္းကို ရန္ကုန္ေခတ္သစ္က သီးျခားအတည္မျပဳနိုင္ေသးေပ။