Local News

မအလတို႔ ဒူးတုန္သြားေစမယ့္NUG ရဲ႕ ေျခလွမ္းအသစ္

မအလတို႔ ဒူးတုန္သြားေစမယ့္NUG ရဲ႕ ေျခလွမ္းအသစ္

အထူးစုံစမ္းေထာက္လွမ္းေရးဦးစီးဌာန ဖြဲ႕စည္းလိုက္ေၾကာင္း NUG ေၾကညာ

လီလီယန္/People’s Spring

အၾကမ္းဖက္စစ္ေကာင္စီ၏ မတရားဖမ္းဆီးႏွိပ္စက္မႈမ်ား၊ ဖက္ဆစ္လုပ္ရပ္မ်ားကို ကာကြယ္ ႏိုင္ရန္ အထူးစုံစမ္းေထာက္လွမ္းေရးဦးစီးဌာနကိုဖြဲ႕စည္းလိုက္ေၾကာင္း NUG ျပည္ထဲေရးႏွင့္ လူဝင္မႈ ႀကီးၾကပ္ေရးဝန္ႀကီးဌာနက ယေန႔ ထုတ္ျပန္ေၾကညာသည္။

ျပည္သူလူထု၏ လူမႈဘ၀လုံၿခဳံမႈႏွင့္ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈရွိေသာ ႏိုင္ငံေတာ္လုံၿခဳံေရးကို တည္ေဆာက္ႏိုင္ရန္အတြက္ အထက္ပါဦးစီးဌာနကို ဖြဲ႕စည္းလိုက္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ယင္းဦးစီးဌာနသည္ စစ္အာဏာရွင္စနစ္အပါအဝင္ အာဏာရွင္စနစ္မွန္သမွ် ခ်ဳပ္ၿငိမ္းေရးႏွင့္ ဖက္ဒရယ္ဒီမို ကေရစီစနစ္ တည္ေဆာက္ႏိုင္ေရးအတြက္ အစြမ္းကုန္ အေထာက္အပံ့မ်ားျပဳႏိုင္ေစရန္လည္း ရည္႐ြယ္သည္ဟုဆိုသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG) ျပည္ထဲေရးႏွင့္ လူဝင္မႈ ႀကီးၾကပ္ေရးဝန္ႀကီးဌာနသည္ ျပည္သူ႔အုပ္ခ်ဳပ္ေရး ေဖာ္ေဆာင္ထားႏိုင္သည့္ ၿမိဳ႕နယ္ေပါင္း ၃၆ ၿမိဳ႕နယ္ရွိၿပီျဖစ္ေၾကာင္း ထုတ္ျပန္အၿပီးတြင္

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန CDM ဝန္ထမ္းမ်ား အုပ္ခ်ဳပ္မႈေကာ္မတီကို ျပည္သူ႔အုပ္ခ်ဳပ္ေရး ဦးစီးဌာနအျဖစ္ ေျပာင္းလဲဖြဲ႕စည္းေၾကာင္း မၾကာေသးမီက ထုတ္ျပန္ခဲ့ သည္။

ျပည္သူ႔အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္ႏိုင္သည့္ ၿမိဳ႕နယ္ ၃၆ ၿမိဳ႕နယ္တြင္ စစ္ကိုင္းတိုင္းမွ ၂၉ ၊ မေကြးတိင္းမွ ၇ ၿမိဳ႕နယ္တို႔ျဖစ္သည္ဟု NUG က ေျပာဆိုထားသည္။

မအလတို့ ဒူးတုန်သွားစေမယ့်NUG ရဲ့ ခြေလှမ်းအသစ်

အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဖွဲ့စည်းလိုက်ကြောင်း NUG ကြေညာ

လီလီယန်/People’s Spring

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးနှိပ်စက်မှုများ၊ ဖက်ဆစ်လုပ်ရပ်များကို ကာကွယ် နိုင်ရန် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနကိုဖွဲ့စည်းလိုက်ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။

ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရှိသော နိုင်ငံတော်လုံခြုံရေးကို တည်ဆောက်နိုင်ရန်အတွက် အထက်ပါဦးစီးဌာနကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းဦးစီးဌာနသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမို ကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် အထောက်အပံ့များပြုနိုင်စေရန်လည်း ရည်ရွယ်သည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနသည် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားနိုင်သည့် မြို့နယ်ပေါင်း ၃၆ မြို့နယ်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်အပြီးတွင်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့ သည်။

ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နိုင်သည့် မြို့နယ် ၃၆ မြို့နယ်တွင် စစ်ကိုင်းတိုင်းမှ ၂၉ ၊ မကွေးတိင်းမှ ၇ မြို့နယ်တို့ဖြစ်သည်ဟု NUG က ပြောဆိုထားသည်။