Denko ဦးခ်စ္ခိုင္ကို ဖမ္းတာ ကိုယ္ေတာ့ သိပ္မသကၤာဘူး။
UG ေတြေတာင္ စစ္ေကာင္စီေထာက္တိုင္ဆိုၿပီး Denko ကို ဝင္အုံးေနတဲ့ဟာကို ႏုၾကည္ေထာက္ခံတယ္ဆိုၿပီး ဖမ္းတယ္ဆိုေတာ့….
အင္းလ်ားလမ္း ၁၄ ကို ေလလံဝင္ဆြဲႏိုင္တယ္ဆိုၿပီး ႀကိဳဖမ္းထားတာမ်ားလား။ credit-ပန္ဆယ္လို
စီးပြားေရးလုပ္ငန္းရွင္ ဦးခ်စ္ခိုင္ကို ေထာင္ဒဏ္ ၁၅ ႏွစ္ထိခ်လို႔ရတဲ့ အဂတိပုဒ္မနဲ႔စစ္ေကာင္စီဖမ္းဆီး၊
NLD အစိုးရဝန္ႀကီး ၃ ဦးကိုလည္း ဦးခ်စ္ခိုင္နဲ႔အမႈတြဲထားၿပီး အဂတိပုဒ္မနဲ႔ အမႈဖြင့္
ေဖေအာင္/People’s Spring
ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ ဦးခ်စ္ခိုင္တို႔ သားအဖအပါအဝင္ NLD အစိုးရ လက္ထက္ ဝန္ႀကီး ၃ ဦးကို အဂတိပုဒ္မနဲ႔ ဖမ္းဆီးထားတယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္လာပါတယ္။
စီးပြားေရးလုပ္ငန္းရွင္ဦးခ်စ္ခိုင္ ၊သားျဖစ္သူ ဦးဝင္းမင္းခိုင္နဲ႔အတူ အဂတိပုဒ္မနဲ႔ စြပ္စြဲအမႈဖြင့္ခံရတဲ့ ဝန္ႀကီး ေတြဟာ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီး ဦးဝင္းခိုင္ ၊ ဒုဝန္ႀကီး ေဒါက္တာထြန္းႏိုင္ ၊ သယံဇာတနဲ႔သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္းတို႔ပဲျဖစ္ပါတယ္။
ဒီလိုဖမ္းဆီးတာဟာ တီက်စ္ေက်ာက္မီးေသြးသုံးဓာတ္အားေပးစက္႐ုံအတြက္ စာခ်ဳပ္ ခ်ဳပ္ဆိုရာမွာ ႏိုင္ငံအတြက္ နစ္နာတာရွိခဲ့တယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ထားပါတယ္။
ဦးခ်စ္ခိုင္ကို အဂတိပုဒ္မ ၅၅/၆၃ နဲ႔စြဲဆိုထားၿပီး ဒီပုဒ္မဟာ အဂတိလိုက္စားဖို႔ လႈံေဆာ္တာ ၊ပူးေပါင္းႀကံစည္တာ ၊အားေပးကူညီတာေတြမွာ စြဲဆိုတဲ့ ပုဒ္မျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ လပိုင္းကလည္း စစ္ေကာင္စီဟာ စီးပြားေရးလုပ္ငန္းရွင္ျဖစ္တဲ့ ဦးခင္ေ႐ႊနဲ႔သားျဖစ္သူဦးေဇသီဟကိုလည္းဖမ္းဆီးအေရးယူထားတာရွိပါတယ္။
လူထုေႏြဦး
Denko ဦးချစ်ခိုင်ကို ဖမ်းတာ ကိုယ်တော့ သိပ်မသင်္ကာဘူး။
UG တွေတောင် စစ်ကောင်စီထောက်တိုင်ဆိုပြီး Denko ကို ဝင်အုံးနေတဲ့ဟာကို နုကြည်ထောက်ခံတယ်ဆိုပြီး ဖမ်းတယ်ဆိုတော့….
အင်းလျားလမ်း ၁၄ ကို လေလံဝင်ဆွဲနိုင်တယ်ဆိုပြီး ကြိုဖမ်းထားတာများလား။ credit-ပန်ဆယ်လို
စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့စစ်ကောင်စီဖမ်းဆီး၊
NLD အစိုးရဝန်ကြီး ၃ ဦးကိုလည်း ဦးချစ်ခိုင်နဲ့အမှုတွဲထားပြီး အဂတိပုဒ်မနဲ့ အမှုဖွင့်
ဖေအောင်/People’s Spring
ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်တို့ သားအဖအပါအဝင် NLD အစိုးရ လက်ထက် ဝန်ကြီး ၃ ဦးကို အဂတိပုဒ်မနဲ့ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။
စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင် ၊သားဖြစ်သူ ဦးဝင်းမင်းခိုင်နဲ့အတူ အဂတိပုဒ်မနဲ့ စွပ်စွဲအမှုဖွင့်ခံရတဲ့ ဝန်ကြီး တွေဟာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းတို့ပဲဖြစ်ပါတယ်။
ဒီလိုဖမ်းဆီးတာဟာ တီကျစ်ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံအတွက် စာချုပ် ချုပ်ဆိုရာမှာ နိုင်ငံအတွက် နစ်နာတာရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဦးချစ်ခိုင်ကို အဂတိပုဒ်မ ၅၅/၆၃ နဲ့စွဲဆိုထားပြီး ဒီပုဒ်မဟာ အဂတိလိုက်စားဖို့ လှုံဆော်တာ ၊ပူးပေါင်းကြံစည်တာ ၊အားပေးကူညီတာတွေမှာ စွဲဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကလည်း စစ်ကောင်စီဟာ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဦးခင်ရွှေနဲ့သားဖြစ်သူဦးဇေသီဟကိုလည်းဖမ်းဆီးအရေးယူထားတာရှိပါတယ်။
လူထုနွေဦး