ပ်ဴေစာထီးမ်ားႏွင့္ ပတ္သက္ေသာ ေၾကညာခ်က္ (၂/၂၀၂၂)
(၁၃၈၄ ခုႏွစ္၊ တန္းခူးလဆုတ္ ၁၂ ရက္)…၂၀၂၂ ခုႏွစ္၊ ဧၿပီလ ၂၇ ရက္
၁။ အၾကမ္းဖက္ဝါဒီ စစ္ေကာင္စီသည္ တစ္ေန႔တျခား ျပဳန္းတီးလ်က္ရွိေသာ ၎၏အင္အားကို ျဖည့္တင္းရန္ အလို႔ငွာ ပ်ဴေစာထီး အပါအဝင္ ေဒါက္တိုင္အၾကမ္းဖက္အဖြဲ႕မ်ားအား ဖြဲ႕စည္း ေလ့က်င့္ လက္နက္တပ္ဆင္ေပးလ်က္ အရပ္သားျပည္သူမ်ားအေပၚ ဖိႏွိပ္သတ္ျဖတ္ျခင္း၊ ေက်း႐ြာမ်ားကို မီးရႈိ႕ျခင္း၊ အၾကမ္းဖက္ျခင္း၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္ျခင္း၊ ျပည္သူအခ်င္းခ်င္း ရန္ျပဳတိုက္ခိုက္ေစျခင္း၊ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္(PDF)ႏွင့္ ျပည္သူ႔ေတာ္လွန္ေရးအင္အားစုမ်ားကို စစ္ၿပိဳင္ တိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိသည္။
၂။ ၎ပ်ဴေစာထီးႏွင့္ စစ္ေကာင္စီေဒါက္တိုင္ အၾကမ္းဖက္အဖြဲ႕အစည္းဝင္မ်ားသည္ စစ္အာဏာ သိမ္းမႈႏွင့္ စစ္အာဏာရွင္စနစ္ကို ကိုယ္တိုင္လိုလားေထာက္ခံေသာေၾကာင့္ လည္းေကာင္း၊ စစ္အုပ္စု၏ အတင္းအၾကပ္ ဖိအားေပးခံရျခင္း၊ အက်ပ္ကိုင္ခံရျခင္း၊ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ ခံရျခင္းမ်ားေၾကာင့္လည္းေကာင္း၊ စီးပြားေရးႏွင့္အခြင့္အေရး တစ္စုံတစ္ရာ ရလိုျခင္းေၾကာင့္ လည္းေကာင္း၊ ပ်ဴေစာထီး (သို႔မဟုတ္) အလားတူ ေဒါက္တိုင္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားတြင္ ပါဝင္ ေဆာင္႐ြက္ေနၾကသည္ကို ေတြ႕ရွိရသည္။
၃။ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ဒီမိုကေရစီကို သက္ဝင္ ယုံၾကည္သူမွန္လ်င္ ႏိုင္ငံေရးအျမင္မတူကြဲျပားသူမ်ား၊ ဘဝေပးအေျခအေနေၾကာင့္ CDM ျပဳလုပ္ခြင့္ မရသူမ်ားအား စစ္ေရးဆိုင္ရာပစ္မွတ္ သို႔မဟုတ္ အၾကမ္းဖက္ အဖြဲ႕အစည္းဝင္မ်ားအျဖစ္ သတ္မွတ္ အေရးယူ ေဆာင္႐ြက္သြားမည္ မဟုတ္ပါ။ သို႔ေသာ္ စစ္ေကာင္စီႏွင့္ ပူးေပါင္းလ်က္ အၾကမ္းဖက္မႈကို ကိုယ္တိုင္က်ဴးလြန္ျခင္း၊ အားေပးပါဝင္ကူညီျခင္းမ်ား ျပဳလုပ္ေဆာင္႐ြက္ပါက ကင္းလြတ္ခြင့္ ျပဳသြားမည္မဟုတ္ဘဲ တရားဥပေဒအရလည္းေကာင္း၊ စစ္ေရးအရလည္းေကာင္း အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္သည္။
၄။ ပ်ဴေစာထီးႏွင့္ ေဒါက္တိုင္လက္နက္ကိုင္မ်ား က်ဴးလြန္လ်က္ရွိသည့္ ေက်း႐ြာမ်ား၊ ေနအိမ္ မ်ားအားမီးရႈိ႕မႈ ၊ အၾကမ္းဖက္သတ္ျဖတ္မႈ ၊ အသက္မျပည့္ေသးသည့္ ကေလးစစ္သားမ်ား အသုံးျပဳမႈ၊ အမ်ိဳးသမီးမ်ားအေပၚ လိင္ပိုင္းဆိုင္ရာ ေစာ္ကားေႏွာင့္ယွက္မႈ စသည့္ စစ္ရာဇဝတ္မႈမ်ားကို ကာကြယ္ေရးဝန္ႀကီးဌာနက မွတ္တမ္းတင္ ေစာင့္ၾကည့္လ်က္ရွိၿပီး၊ စစ္ေကာင္စီ၏ အၾကမ္းဖက္ခံရမႈေၾကာင့္ ထိခိုက္ခံစားခဲ့ရသူမ်ားအတြက္ တရားမွ်တမႈ ျပန္လည္ယူေဆာင္ႏိုင္ေရး ႀကိဳးပမ္း လုပ္ေဆာင္သြားမည္ ျဖစ္သည္။
၅။ သို႔ျဖစ္၍ ပ်ဴေစာထီးႏွင့္ေဒါက္တိုင္ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕မ်ား အေနျဖင့္ အျမင္မွန္ ရလ်က္ အၾကမ္းဖက္ဝါဒီ စစ္ေကာင္စီကို အျမန္ဆုံး စြန႔္ခြာၿပီး ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ (PDF) ႏွင့္ ျပည္သူ႔ေတာ္လွန္ေရး အင္အားစုမ်ားထံ လက္နက္မ်ားအပ္ႏွံ၍ အခ်ိန္မီပူးေပါင္းၾကရန္ႏွင့္ ပူးေပါင္းလာသူမ်ားအား လိုအပ္ေသာ ကာကြယ္ေစာင့္ေရွာက္မႈမ်ား ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း အသိေပး ထုတ္ျပန္အပ္သည္။
ကာကြယ္ေရးဝန္ႀကီးဌာန…..အမ်ိဳးသားညီၫြတ္ေရးအစိုးရ
ပျူစောထီးများနှင့် ပတ်သက်သော ကြေညာချက် (၂/၂၀၂၂)
(၁၃၈၄ ခုနှစ်၊ တန်းခူးလဆုတ် ၁၂ ရက်)…၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်
၁။ အကြမ်းဖက်ဝါဒီ စစ်ကောင်စီသည် တစ်နေ့တခြား ပြုန်းတီးလျက်ရှိသော ၎င်း၏အင်အားကို ဖြည့်တင်းရန် အလို့ငှာ ပျူစောထီး အပါအဝင် ဒေါက်တိုင်အကြမ်းဖက်အဖွဲ့များအား ဖွဲ့စည်း လေ့ကျင့် လက်နက်တပ်ဆင်ပေးလျက် အရပ်သားပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပြည်သူအချင်းချင်း ရန်ပြုတိုက်ခိုက်စေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့တော်လှန်ရေးအင်အားစုများကို စစ်ပြိုင် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
၂။ ၎င်းပျူစောထီးနှင့် စစ်ကောင်စီဒေါက်တိုင် အကြမ်းဖက်အဖွဲ့အစည်းဝင်များသည် စစ်အာဏာ သိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင်လိုလားထောက်ခံသောကြောင့် လည်းကောင်း၊ စစ်အုပ်စု၏ အတင်းအကြပ် ဖိအားပေးခံရခြင်း၊ အကျပ်ကိုင်ခံရခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက် ခံရခြင်းများကြောင့်လည်းကောင်း၊ စီးပွားရေးနှင့်အခွင့်အရေး တစ်စုံတစ်ရာ ရလိုခြင်းကြောင့် လည်းကောင်း၊ ပျူစောထီး (သို့မဟုတ်) အလားတူ ဒေါက်တိုင် အကြမ်းဖက်အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဒီမိုကရေစီကို သက်ဝင် ယုံကြည်သူမှန်လျင် နိုင်ငံရေးအမြင်မတူကွဲပြားသူများ၊ ဘဝပေးအခြေအနေကြောင့် CDM ပြုလုပ်ခွင့် မရသူများအား စစ်ရေးဆိုင်ရာပစ်မှတ် သို့မဟုတ် အကြမ်းဖက် အဖွဲ့အစည်းဝင်များအဖြစ် သတ်မှတ် အရေးယူ ဆောင်ရွက်သွားမည် မဟုတ်ပါ။ သို့သော် စစ်ကောင်စီနှင့် ပူးပေါင်းလျက် အကြမ်းဖက်မှုကို ကိုယ်တိုင်ကျူးလွန်ခြင်း၊ အားပေးပါဝင်ကူညီခြင်းများ ပြုလုပ်ဆောင်ရွက်ပါက ကင်းလွတ်ခွင့် ပြုသွားမည်မဟုတ်ဘဲ တရားဥပဒေအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
၄။ ပျူစောထီးနှင့် ဒေါက်တိုင်လက်နက်ကိုင်များ ကျူးလွန်လျက်ရှိသည့် ကျေးရွာများ၊ နေအိမ် များအားမီးရှို့မှု ၊ အကြမ်းဖက်သတ်ဖြတ်မှု ၊ အသက်မပြည့်သေးသည့် ကလေးစစ်သားများ အသုံးပြုမှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု စသည့် စစ်ရာဇဝတ်မှုများကို ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းတင် စောင့်ကြည့်လျက်ရှိပြီး၊ စစ်ကောင်စီ၏ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ယူဆောင်နိုင်ရေး ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်သည်။
၅။ သို့ဖြစ်၍ ပျူစောထီးနှင့်ဒေါက်တိုင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ အနေဖြင့် အမြင်မှန် ရလျက် အကြမ်းဖက်ဝါဒီ စစ်ကောင်စီကို အမြန်ဆုံး စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများထံ လက်နက်များအပ်နှံ၍ အချိန်မီပူးပေါင်းကြရန်နှင့် ပူးပေါင်းလာသူများအား လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန…..အမျိုးသားညီညွတ်ရေးအစိုးရ