Local News

မႏၲေလးၿမိဳ႕သစ္ (၆၂)လမ္းေပၚက ကေမာၻဇဘဏ္

မႏၲေလးၿမိဳ႕သစ္ (၆၂)လမ္းေပၚက ကေမာၻဇဘဏ္ကို ဗုံးထုတိုက္ခိုက္၊

MFP ၊ ဧၿပီ – ၂၇

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (၆၂)လမ္း၊ (၁၃၃)လမ္းႏွင့္ (၁၃၄)လမ္းၾကားက ကေမာၻဇဘဏ္ခြဲတစ္ခုကို ဒီကေန႔ မနက္ပိုင္းမွာ ဗုံးထုတိုက္ခိုက္ခဲ့ၿပီး ထိခိုက္ပ်က္စီးမႈ အေျခအေန အေသးစိတ္ကိုေတာ့ မသိရေသးဘူးလို႔ Yadanarbon Phoenix Guerilla Force-YPGF တပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

ဒီကေန႔ ဧၿပီ(၂၇)ရက္ မနက္(၁၁)နာရီခြဲ ဝန္းက်င္က Yadanarbon Phoenix Guerilla Force-YPGF ႏွင့္ Dragon Warrior အဖြဲ႕တို႔ ပူးေပါင္းၿပီး ကေမာၻဇဘဏ္ ကို ဗုံးထုတိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“ကေမာၻဇဘဏ္ကို လွ်က္ဆားတစ္လုံး ေကြၽးခဲ့သည္။ အထိခိုက္ အပ်က္အစီး မသိရေသး” လို႔ YPGF-သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ေဖာ္ျပပါတယ္။

စစ္အုပ္စုက မႏၲေလးၿမိဳ႕့အႏွံ႔ လမ္းေတြ၊ ရပ္ကြက္ေတြကို ပိတ္ဆို႔စစ္ေဆးတာ၊ ကင္းပုန္းေတြခ်ၿပီး ဥပေဒမဲ့ ဖမ္းဆီးသတ္ျဖတ္တာေတြ လုပ္ေဆာင္ေနတဲ့ၾကားက အခုလို မႏၲေလးၿမိဳ႕ရဲ႕ အဓိကလမ္းမႀကီးျဖစ္တဲ့ (၆၂)လမ္းေပၚက ကေမာၻဇဘဏ္ကို ၿမိဳ႕ျပေျပာက္က်ား ရဲေဘာ္ေတြက ဗုံးထု တိုက္ခိုက္တာ ျဖစ္ပါတယ္။

စစ္အုပ္စုဟာ မႏၲေလးၿမိဳ႕ခံေတြကို ဥပေဒမဲ့ ဖမ္းဆီးသတ္ျဖတ္ေနၿပီး တခ်ိန္တည္းမွာပဲ စစ္အုပ္စုႏွင့္ ဆက္စပ္သူေတြလည္း ပစ္မွတ္ထား တိုက္ခိုက္ခံေနရပါတယ္။

Mandalay Free Press – MFP

မန္တလေးမြို့သစ် (၆၂)လမ်းပေါ်က ကမ္ဘောဇဘဏ်ကို ဗုံးထုတိုက်ခိုက်၊

MFP ၊ ဧပြီ – ၂၇

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၆၂)လမ်း၊ (၁၃၃)လမ်းနှင့် (၁၃၄)လမ်းကြားက ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဒီကနေ့ မနက်ပိုင်းမှာ ဗုံးထုတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ Yadanarbon Phoenix Guerilla Force-YPGF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဧပြီ(၂၇)ရက် မနက်(၁၁)နာရီခွဲ ဝန်းကျင်က Yadanarbon Phoenix Guerilla Force-YPGF နှင့် Dragon Warrior အဖွဲ့တို့ ပူးပေါင်းပြီး ကမ္ဘောဇဘဏ် ကို ဗုံးထုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကမ္ဘောဇဘဏ်ကို လျှက်ဆားတစ်လုံး ကျွေးခဲ့သည်။ အထိခိုက် အပျက်အစီး မသိရသေး” လို့ YPGF-သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုက မန္တလေးမြို့အနှံ့ လမ်းတွေ၊ ရပ်ကွက်တွေကို ပိတ်ဆို့စစ်ဆေးတာ၊ ကင်းပုန်းတွေချပြီး ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတဲ့ကြားက အခုလို မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ (၆၂)လမ်းပေါ်က ကမ္ဘောဇဘဏ်ကို မြို့ပြပြောက်ကျား ရဲဘော်တွေက ဗုံးထု တိုက်ခိုက်တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ခံတွေကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်နေပြီး တချိန်တည်းမှာပဲ စစ်အုပ်စုနှင့် ဆက်စပ်သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။

Mandalay Free Press – MFP