Local News

အမ်ားျပည္သူပိုင္ ပစၥည္းမ်ားကို ခိုးယူေန႔သည့္ (႐ုပ္/သံ)

အၾကမ္းဖက္စစ္ေကာင္စီတပ္က ကရင္နီျပည္နယ္ ေဒါငံခါးရပ္ကြက္ရွိ အမ်ားျပည္သူပိုင္ ပစၥည္းမ်ားကို ခိုးယူေန႔သည့္ မွတ္တမ္း KNDF ထုတ္ျပန္ (႐ုပ္/သံ)

ရန္ကုန္၊ ဧၿပီ ၂၇

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ဧၿပီလ ၂၅ ရက္ေန႔တြင္ ကရင္နီျပည္နယ္၊ ဒီးေမာဆိုၿမိဳ႕နယ္၊ ေဒါငံခါးရပ္ကြက္ရွိ ေနအိမ္မ်ားမွ အမ်ားျပည္သူပိုင္ ပစၥည္းမ်ားကို ခိုးယူေနသည့္ ဗီဒီယိုမွတ္တမ္းကို ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF က ယေန႔ ထုတ္ျပန္သည္။

အၾကမ္းဖက္စစ္သားမ်ားသည္ ျပည္သူမ်ား၏ ေနအိမ္မ်ားမွ အဖိုးတန္ပစၥည္းမ်ားကို အၾကမ္းဖက္စစ္သားမ်ားက တအိမ္တက္ဆင္း ဝင္ေရာက္ခိုးယူကာ အဝါ‌ေရာင္ ၆ ဘီး ကား (အရပ္အေခၚ ဒန္ဘာကား) ျဖင့္ တင္ေဆာင္ေနျခင္းျဖစ္သည္။

KNDF က ႐ိုက္ကူးထားေသာ ဗီဒီယိုတြင္ ေဒါငံခါးရပ္ကြက္ ၃ ရွိ အထပ္ျမင့္ေနအိမ္ ၁ လုံးကို အၾကမ္းဖက္စစ္သားမ်ား တထပ္ခ်င္းေမႊေႏွာက္ကာ ခိုးယူေနပုံမ်ား ယင္းေနာက္ အဝါေရာင္ ဒန္ဘာကားသည္ နန္းမယ္ခုံ-ဒီးေမာဆိုကားလမ္းမွတဆင့္ ေဒါငံခါးလမ္းဆုံဘက္သို႔ ထြက္ခြာသြားသည္ကို ျမင္ေတြ႕ရသည္။

အၾကမ္းဖက္စစ္ေကာင္စီက အင္အားအလုံးအရင္းျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ား၊ လက္နက္ႀကီးျဖင့္ အမ်ားျပည္သူေနထိုင္ရာ ေက်း႐ြာမ်ားအတြင္းသို႔ ရည္႐ြယ္ခ်က္ရွိရွိပစ္ခတ္ျခင္းမ်ား၊ ဖမ္းဆီးသတ္ျဖတ္ျခင္းမ်ားေၾကာင့္ ေဒသခံျပည္သူမ်ားမွာ ေနအိမ္မ်ားစြန႔္ခြာကာ တိမ္းေရွာင္ေနၾကရသည္။

မတရားစစ္အာဏာသိမ္းခ်ိန္မွစတင္ကာ ၂၀၂၂ ခုႏွစ္၊ ဧၿပီလ ၂၃ ရက္ေန႔အထိ အၾကမ္းဖမက္စစ္သားမ်ား၏ သတ္ျဖတ္မႈေၾကာင့္ အရပ္သားျပည္သူ ၂၅၇ ဦးေသဆုံးခဲ့ေၾကာင္း တိုးတက္ေသာကရင္နီျပည္သူ႔အင္အားစု PKPF က ေကာက္ယူထားေသာ စာရင္းအရ သိရွိရသည္။

(ဗီဒီယိုတြင္ အသံ ပါဝင္ျခင္း မရွိပါ)

အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီပြည်နယ် ဒေါငံခါးရပ်ကွက်ရှိ အများပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေ့သည့် မှတ်တမ်း KNDF ထုတ်ပြန် (ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၂၇

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၅ ရက်နေ့တွင် ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်ရှိ နေအိမ်များမှ အများပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေသည့် ဗီဒီယိုမှတ်တမ်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက်စစ်သားများသည် ပြည်သူများ၏ နေအိမ်များမှ အဖိုးတန်ပစ္စည်းများကို အကြမ်းဖက်စစ်သားများက တအိမ်တက်ဆင်း ဝင်ရောက်ခိုးယူကာ အဝါ‌ရောင် ၆ ဘီး ကား (အရပ်အခေါ် ဒန်ဘာကား) ဖြင့် တင်ဆောင်နေခြင်းဖြစ်သည်။

KNDF က ရိုက်ကူးထားသော ဗီဒီယိုတွင် ဒေါငံခါးရပ်ကွက် ၃ ရှိ အထပ်မြင့်နေအိမ် ၁ လုံးကို အကြမ်းဖက်စစ်သားများ တထပ်ချင်းမွှေနှောက်ကာ ခိုးယူနေပုံများ ယင်းနောက် အဝါရောင် ဒန်ဘာကားသည် နန်းမယ်ခုံ-ဒီးမောဆိုကားလမ်းမှတဆင့် ဒေါငံခါးလမ်းဆုံဘက်သို့ ထွက်ခွာသွားသည်ကို မြင်တွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းများ၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ဒေသခံပြည်သူများမှာ နေအိမ်များစွန့်ခွာကာ တိမ်းရှောင်နေကြရသည်။

မတရားစစ်အာဏာသိမ်းချိန်မှစတင်ကာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ အကြမ်းဖမက်စစ်သားများ၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၅၇ ဦးသေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ကောက်ယူထားသော စာရင်းအရ သိရှိရသည်။

(ဗီဒီယိုတွင် အသံ ပါဝင်ခြင်း မရှိပါ)