Local News

မအလ ေနဝင္ခ်ိန္ ဘီးတပ္ေပးမယ့္ ေဒၚဇင္မာေအာင္ရဲ႕ ေျခလွမ္းအသစ္

မအလ ေနဝင္ခ်ိန္ ဘီးတပ္ေပးမယ့္ ေဒၚဇင္မာေအာင္ရဲ႕ ေျခလွမ္းအသစ္

မေလးရွားအစိုးရႏွင့္ NUG အစိုးရအၾကား ဆက္သြယ္ေတြ႕ဆုံမႈမ်ားရွိေနဟု မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ေျပာဆို၊ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၊ NUCC ဥကၠ႒တို႔ႏွင့္ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ေတြ႕ဆုံ

ရန္ကုန္၊ ဧၿပီ ၂၇

မေလးရွားအစိုးရအေနျဖင့္ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရႏွင့္ ဆက္သြယ္ေဆာင္႐ြက္မႈမ်ားရွိေနၿပီဟု မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ေျပာဆိုလိုက္ေၾကာင္း Benar News ႏွင့္ The Diplomat သတင္းဌာနမ်ား၏ သတင္းေဖာ္ျပခ်က္အရ သိရွိရသည္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က မေလးရွားအစိုးရသည္ ျမန္မာႏိုင္ငံမွ NUG အစိုးရႏွင့္ ေစ့စပ္ေဆြးေႏြးခဲ့ေၾကာင္း၊ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (အာဆီယံ)ဝင္ မေလးရွားအစိုးရ ေခါင္းေဆာင္တစ္ဦးသည္ NUG ႏွင့္ ထိေတြ႕ဆက္သြယ္ရွိလ်က္ေၾကာင္း ပထမဆုံး အႀကိမ္အျဖစ္ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ထုတ္ေဖာ္ေျပာဆိုလိုက္ျခင္းျဖစ္သည္။

အာဆီယံပါလီမန္အမတ္မ်ားအဖြဲ႕ APHR က မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးထံ အိတ္ဖြင့္ေပးစာေပးအပ္ခဲ့ၿပီး ယင္းစာတြင္ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္မႈ ကင္းမဲ့ေနျခင္းႏွင့္ NUG အစိုးရႏွင့္ထိေတြ႕ ဆံဆက္ရန္ တိုက္တြန္းထားသည္။

APHR ၏ စာေပးပို႔မႈကို မေလးရွားႏိုင္ငံျခားဝန္ႀကီး ျပန္လည္တုံ႔ျပန္ရာတြင္ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၊ NUCC ဥကၠ႒ တို႔ႏွင့္ အလြတ္သေဘာ ေတြ႕ဆုံၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ေျပာဆိုလိုက္သည္။

APHR က စစ္ေကာင္စီက အာဏာလုထားၿပီး အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္ အထည္ေဖာ္ရန္ ပ်က္ကြက္ေနသျဖင့္ ျမန္မာကို အာဆီယံအဖြဲ႕ဝင္အျဖစ္မွ ရပ္ဆိုင္းထားရန္၊ မင္းေအာင္လႈိင္ႏွင့္ စစ္ေခါင္းေဆာင္မ်ားကို အာဆီယံအတြင္း ခရီးသြားလာခြင့္ပိတ္ပင္ရန္၊ စစ္ေခါင္းေဆာင္မ်ားကို ဦးတည္ေသာ စီးပြားေရးပိတ္ဆို႔မႈမ်ား လုပ္ေဆာင္ရန္ တိုက္တြန္းထားသည္။

မအလ နေဝင်ချိန် ဘီးတပ်ပေးမယ့် ဒေါ်ဇင်မာအောင်ရဲ့ ခြေလှမ်းအသစ်

မလေးရှားအစိုးရနှင့် NUG အစိုးရအကြား ဆက်သွယ်တွေ့ဆုံမှုများရှိနေဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆို၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUCC ဥက္ကဋ္ဌတို့နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ရန်ကုန်၊ ဧပြီ ၂၇

မလေးရှားအစိုးရအနေဖြင့် NUG အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်မှုများရှိနေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆိုလိုက်ကြောင်း Benar News နှင့် The Diplomat သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မလေးရှားအစိုးရသည် မြန်မာနိုင်ငံမှ NUG အစိုးရနှင့် စေ့စပ်ဆွေးနွေးခဲ့ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)ဝင် မလေးရှားအစိုးရ ခေါင်းဆောင်တစ်ဦးသည် NUG နှင့် ထိတွေ့ဆက်သွယ်ရှိလျက်ကြောင်း ပထမဆုံး အကြိမ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာပေးအပ်ခဲ့ပြီး ယင်းစာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှု ကင်းမဲ့နေခြင်းနှင့် NUG အစိုးရနှင့်ထိတွေ့ ဆံဆက်ရန် တိုက်တွန်းထားသည်။

APHR ၏ စာပေးပို့မှုကို မလေးရှားနိုင်ငံခြားဝန်ကြီး ပြန်လည်တုံ့ပြန်ရာတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUCC ဥက္ကဋ္ဌ တို့နှင့် အလွတ်သဘော တွေ့ဆုံပြီးဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။

APHR က စစ်ကောင်စီက အာဏာလုထားပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် ပျက်ကွက်နေသဖြင့် မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန်၊ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို အာဆီယံအတွင်း ခရီးသွားလာခွင့်ပိတ်ပင်ရန်၊ စစ်ခေါင်းဆောင်များကို ဦးတည်သော စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။