Local News

မနက္က သြား ေန႔လည္ၾကေတာ့ ကား ပဲ

စစ္ကိုင္းမွ မုံ႐ြာ ဘက္သို႔ ဆင္းလာေသာ စစ္ကားမ်ား မိုင္းဆြဲခံရၿပီး စစ္သား ၁ဝ ဦးေသဆုံးဟုဆို

ရန္ကုန္၊ ဧၿပီ ၂၇

စစ္ကိုင္းမွ မုံ႐ြာသို႔ ဆင္းလာသည့္ စစ္ကား ၁၃၆ စီးကို ယေန႔ ဧၿပီလ ၂၇ ရက္ေန႔ နံနက္ ၁၁နာရီ ၄၅ မိနစ္တြင္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး စစ္ကား ၅စီးထိမွန္ကာ ၁ စီး ပ်က္စီးခဲ့ေၾကာင္း၊ စစ္သား ၁ဝဦးေသဆုံးခဲ့ေၾကာင္း DK PDFတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ယင္း စစ္ယာဥ္တန္းကို ျမင္းမူၿမိဳ႕နယ္၊ ဝမ္းျပည့္႐ြာႏွင့္ အလႅကပၸ႐ြာၾကားတြင္ DK PDF- MMU၊ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕ CDSOM၊ Sagaing Underground Force(SUGF) တို႔က မိုင္းဆြဲ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေ႐ႊဘို-မႏၲေလးေလးလမ္းမႀကီးေဘး စိုင္ႏိုင္ႀကီး-စိုင္ႏိုင္ေလး လမ္းပိုင္းတြင္လည္း ထပ္မံ ၍ မိုင္းမိသျဖင့္ အနီးအနားရွိ ႐ြာမ်ားကို စစ္တပ္က ရမ္းသမ္းပစ္ခတ္ၿပီး ႐ြာသား ၄ ဦးကို ဖမ္းဆီးသြားေၾကာင္း သိရွိရသည္။

“ဒီကေန႔ ေန႔လယ္ခင္း ၁ နာရီ ၅၀ ေလာက္မွာ ဝန္းက်င္ စစ္ကားအႀကီး ၇ စီး ဂ်မ္ပါ ကား တစ္စီး လာေရာက္တာအဲ့မွာသူတို႔ထဲက ကားတစ္စီးမိုင္းထိမိတာ အဲ့ဒါကိုသူတို႔ကားမိုင္းထိမိတာကိုအဲ့ဒါသူတို႔က႐ြာထဲဝင္ပစ္တာ။ အင္အားမ်ားတယ္။ ႐ြာသား ၄ ဦး အဖမ္းခံရတယ္” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

Photo-AFP

စစ်ကိုင်းမှ မုံရွာ ဘက်သို့ ဆင်းလာသော စစ်ကားများ မိုင်းဆွဲခံရပြီး စစ်သား ၁ဝ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းမှ မုံရွာသို့ ဆင်းလာသည့် စစ်ကား ၁၃၆ စီးကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၁နာရီ ၄၅ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၅စီးထိမှန်ကာ ၁ စီး ပျက်စီးခဲ့ကြောင်း၊ စစ်သား ၁ဝဦးသေဆုံးခဲ့ကြောင်း DK PDFတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်း စစ်ယာဉ်တန်းကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားတွင် DK PDF- MMU၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM၊ Sagaing Underground Force(SUGF) တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွှေဘို-မန္တလေးလေးလမ်းမကြီးဘေး စိုင်နိုင်ကြီး-စိုင်နိုင်လေး လမ်းပိုင်းတွင်လည်း ထပ်မံ ၍ မိုင်းမိသဖြင့် အနီးအနားရှိ ရွာများကို စစ်တပ်က ရမ်းသမ်းပစ်ခတ်ပြီး ရွာသား ၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဒီကနေ့ နေ့လယ်ခင်း ၁ နာရီ ၅၀ လောက်မှာ ဝန်းကျင် စစ်ကားအကြီး ၇ စီး ဂျမ်ပါ ကား တစ်စီး လာရောက်တာအဲ့မှာသူတို့ထဲက ကားတစ်စီးမိုင်းထိမိတာ အဲ့ဒါကိုသူတို့ကားမိုင်းထိမိတာကိုအဲ့ဒါသူတို့ကရွာထဲဝင်ပစ်တာ။ အင်အားများတယ်။ ရွာသား ၄ ဦး အဖမ်းခံရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Photo-AFP