Cele

လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ ရဲ႕ အေျခေန

စစ္ေကာင္စီ ဖမ္းဆီးသြားသည့္ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ မိသားစုႏွင့္ အဆက္အသြယ္ မရ

ဧရာဝတီ၊ ဧၿပီ ၂၇၊ ၂၀၂၂

ၿပီးခဲ့သည့္ ဧၿပီလ ၁၉ ရက္ ညက ေနအိမ္တြင္ ဖမ္းဆီးခံခဲ့ရသည့္ ဟာသ သ႐ုပ္ေဆာင္၊ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္သည္ ဖမ္းဆီးခံရၿပီးေနာက္ တပတ္ေက်ာ္ၾကာသည္အထိ ၎၏ မိသားစုဝင္မ်ားႏွင့္ အဆက္အသြယ္ မရေသးေၾကာင္း သိရသည္။

လူ႐ႊင္ေတာ္ ေကာင္းေက်ာ္အား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဧၿပီ ၁၉ ရက္ ည ၁၀ နာရီအခ်ိန႔္တြင္ ရန္ကုန္ၿမိဳ႕၊ သာေကတ ၿမိဳ႕နယ္၊ ၈ ရပ္ကြက္၊ ပိေတာက္ေ႐ႊဝါလမ္းရွိ ၎ေနအိမ္သို႔ တံခါးေခါက္ကာ စစ္ေဆးေမးျမန္းစရာ ရွိသည္ ဟု ဆိုကာ ဖမ္းဆီးသြားျခင္း ျဖစ္သည္။

“အဲဒီညက အိမ္ထဲ ဝင္ၿပီး ရွာေဖြတာေတာ့ မရွိဘူး။ အေပါက္ဝေလးမွာပဲ သန္းေခါင္စာရင္း ၾကည့္တယ္။ ခဏလိုက္ခဲ့ပါ ကိုေကာင္းေက်ာ္ ဆိုၿပီး ေခၚသြားတယ္။ လိုအပ္တဲ့ အဝတ္အစား တခ်ိဳ႕နဲ႔ သူေသာက္ေနက် ေသြးက်ေဆးရယ္ ထည့္ေပးလိုက္တယ္” ဟု ေကာင္းေက်ာ္၏ ဇနီးက ေျပာသည္။

၎အေနျဖင့္ ကိုေကာင္းေက်ာ္ ဖမ္းဆီးခံရၿပီး ၂ ရက္အၾကာတြင္ သာေကတၿမိဳ႕နယ္ ရဲစခန္းအနီး သြားေရာက္ စုံစမ္းခဲ့ေသာ္လည္း အဆက္အသြယ္ မရေသးသျဖင့္ သက္ဆိုင္ရာမွ ဖုန္းဆက္လာမည့္ အခ်ိန္ကိုသာ ေစာင့္ေနေၾကာင္း ေျပာသည္။

“ဒီမွာက လင္မယား ႏွစ္ေယာက္တည္း ေနတာ။ က်မတို႔က သားသမီးလည္း မရွိဘူး။ ေခြးေလး ၅ ေကာင္နဲ႔ ေနတယ္။ ေလာေလာဆယ္ေတာ့ က်မ ေမာင္ေလးကို ေခၚထားတယ္။ သတင္းကို ေစာင့္ေနတယ္။ စိတ္ထဲမွာေတာ့ စိတ္ပူေနတာေပါ့။ သူေကာင္းေကာင္းေလး ရွိေနတယ္ဆိုရင္ပဲ ေက်နပ္ပါၿပီ” ဟု ၎က ေျပာသည္။

လူ႐ႊင္ေတာ္ ေကာင္းေက်ာ္အား ဖမ္းဆီးမခံရမီ ရက္ပိုင္းက စစ္တပ္ေလာ္ဘီ ဟန္ၿငိမ္းဦး အမည္ခံ တယ္လီဂရမ္ အေကာင့္မွ ၎အား လြတ္ေျမာက္နယ္ေျမတြင္ ေရာက္ရွိေနသည့္ လူ႐ႊင္ေတာ္ ဟားငါးေကာင္အဖြဲ႕ႏွင့္ အခ်ိတ္ အဆက္ ရွိၿပီး လိုအပ္သည့္ ေထာက္ပံ့မႈမ်ား ျပဳလုပ္ သည္ဟု စြပ္စြဲကာ ဖမ္းဆီးရန္ လႈံ႕ေဆာ္မႈမ်ား ရွိခဲ့သည္။

ကိုေကာင္းေက်ာ္၏ ဇနီးက ခင္ပြန္းျဖစ္သူ အျပစ္မရွိေၾကာင္း ယုံၾကည္သျဖင့္ ျပန္လာမည့္ရက္ကိုသာ ေစာင့္ေနသည္ ဟု ဆိုသည္။ ဟန္ၿငိမ္းဦး တယ္လီဂရမ့္အေကာင့္မွ စစ္ေကာင္စီကို ဆန႔္က်င္သည့္ အႏုပညာရွင္မ်ား၊ သာမန္ ပုဂၢိဳလ္မ်ားႏွင့္ နာမည္ႀကီး ထင္ရွားသူအခ်ိဳ႕၏ စာမ်က္ႏွာမ်ားကို လိုက္လံ ေစာင့္ၾကည့္ကာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ဖမ္းဆီးေစရန္ လႈံ႕ေဆာ္ ေရးသားမႈမ်ား ျပဳလုပ္လ်က္ ရွိသည္။

The Irrawaddy – Burmese Edition

စစ်ကောင်စီ ဖမ်းဆီးသွားသည့် လူရွှင်တော် ကောင်းကျော် မိသားစုနှင့် အဆက်အသွယ် မရ

ဧရာဝတီ၊ ဧပြီ ၂၇၊ ၂၀၂၂

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက် ညက နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဟာသ သရုပ်ဆောင်၊ လူရွှင်တော် ကောင်းကျော်သည် ဖမ်းဆီးခံရပြီးနောက် တပတ်ကျော်ကြာသည်အထိ ၎င်း၏ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။

လူရွှင်တော် ကောင်းကျော်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီ ၁၉ ရက် ည ၁၀ နာရီအချိန့်တွင် ရန်ကုန်မြို့၊ သာကေတ မြို့နယ်၊ ၈ ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ ၎င်းနေအိမ်သို့ တံခါးခေါက်ကာ စစ်ဆေးမေးမြန်းစရာ ရှိသည် ဟု ဆိုကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“အဲဒီညက အိမ်ထဲ ဝင်ပြီး ရှာဖွေတာတော့ မရှိဘူး။ အပေါက်ဝလေးမှာပဲ သန်းခေါင်စာရင်း ကြည့်တယ်။ ခဏလိုက်ခဲ့ပါ ကိုကောင်းကျော် ဆိုပြီး ခေါ်သွားတယ်။ လိုအပ်တဲ့ အဝတ်အစား တချို့နဲ့ သူသောက်နေကျ သွေးကျဆေးရယ် ထည့်ပေးလိုက်တယ်” ဟု ကောင်းကျော်၏ ဇနီးက ပြောသည်။

၎င်းအနေဖြင့် ကိုကောင်းကျော် ဖမ်းဆီးခံရပြီး ၂ ရက်အကြာတွင် သာကေတမြို့နယ် ရဲစခန်းအနီး သွားရောက် စုံစမ်းခဲ့သော်လည်း အဆက်အသွယ် မရသေးသဖြင့် သက်ဆိုင်ရာမှ ဖုန်းဆက်လာမည့် အချိန်ကိုသာ စောင့်နေကြောင်း ပြောသည်။

“ဒီမှာက လင်မယား နှစ်ယောက်တည်း နေတာ။ ကျမတို့က သားသမီးလည်း မရှိဘူး။ ခွေးလေး ၅ ကောင်နဲ့ နေတယ်။ လောလောဆယ်တော့ ကျမ မောင်လေးကို ခေါ်ထားတယ်။ သတင်းကို စောင့်နေတယ်။ စိတ်ထဲမှာတော့ စိတ်ပူနေတာပေါ့။ သူကောင်းကောင်းလေး ရှိနေတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ” ဟု ၎င်းက ပြောသည်။

လူရွှင်တော် ကောင်းကျော်အား ဖမ်းဆီးမခံရမီ ရက်ပိုင်းက စစ်တပ်လော်ဘီ ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ် အကောင့်မှ ၎င်းအား လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေသည့် လူရွှင်တော် ဟားငါးကောင်အဖွဲ့နှင့် အချိတ် အဆက် ရှိပြီး လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ် သည်ဟု စွပ်စွဲကာ ဖမ်းဆီးရန် လှုံ့ဆော်မှုများ ရှိခဲ့သည်။

ကိုကောင်းကျော်၏ ဇနီးက ခင်ပွန်းဖြစ်သူ အပြစ်မရှိကြောင်း ယုံကြည်သဖြင့် ပြန်လာမည့်ရက်ကိုသာ စောင့်နေသည် ဟု ဆိုသည်။ ဟန်ငြိမ်းဦး တယ်လီဂရမ့်အကောင့်မှ စစ်ကောင်စီကို ဆန့်ကျင်သည့် အနုပညာရှင်များ၊ သာမန် ပုဂ္ဂိုလ်များနှင့် နာမည်ကြီး ထင်ရှားသူအချို့၏ စာမျက်နှာများကို လိုက်လံ စောင့်ကြည့်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးစေရန် လှုံ့ဆော် ရေးသားမှုများ ပြုလုပ်လျက် ရှိသည်။

The Irrawaddy – Burmese Edition