Local News

စစ္ေကာင္စီရန္ေၾကာက္လန႔္ထြက္ေျပးစဥ္ ျမစ္သာျမစ္ကူး ဝါးတံတားက်ိဳးက်၍ ကေလးငယ္အခ်ိဳ႕အပါအဝင္ ေျခာက္ဦး‌ေ.ဆုံး

စစ္ေကာင္စီရန္ေၾကာက္လန႔္ထြက္ေျပးစဥ္ ျမစ္သာျမစ္ကူး ဝါးတံတားက်ိဳးက်၍ ကေလးငယ္အခ်ိဳ႕အပါအဝင္ ေျခာက္ဦးေသဆုံး

ေမာင္ႀကီး People’s Spring

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္း ေရာက္ရွိလာ၍ ေဒသခံမ်ားက ျမစ္သာျမစ္ကူးဝါးတံတားကို ျဖတ္ကူးထြက္ေျပးစဥ္ တံတားက်ိဳးက်ၿပီး ကေလးငယ္အခ်ိဳ႕အပါအဝင္ ေျခာက္ဦး ေမ်ာပါေသဆုံးသြားသည္။

ယေန႔(ဧၿပီ ၂၇ရက္)နံနက္တြင္ ကေလးၿမိဳ႕နယ္၊ ဒိုးပင္႐ြာႏွင့္ အေရွ႕စည္းေက်း႐ြာအနီး စစ္ေကာင္စီစစ္ေၾကာင္းေရာက္လာ၍ ေဒသခံမ်ား ထြက္ေျပးၾကရင္ အထက္ပါ ျဖစ္ရပ္ႀကဳံေတြ႕ခဲ့ျခင္းျဖစ္သည္။

” တံတားက ေႏြမွာျဖတ္ကူးဖို႔ ယာယီထိုးထားတဲ့ တံတားမ်ိဳး။ လူေတြ စုၿပဳံတက္ေတာ့ က်ိဳးက်သြားတာ။ စစ္တပ္ကို အရမ္းေၾကာက္ေနၾကၿပီး ႐ြာလုံးကြၽတ္ထြက္ေျပးရင္ ျဖစ္ရတာ”ဟု ေဒသခံတစ္ဦးက ေျပာသည္။

ေသဆုံးသူ ေျခာက္ဦးတြင္ လသားအ႐ြယ္ကေလးငယ္ႏွင့္ မိခင္ျဖစ္သူ ပါဝင္သြားသည္ဟု ေဒသခံမ်ားက ေျပာသည္။ စစ္ေကာင္စီက စစ္ေၾကာင္းထိုးေန၍ ႐ုပ္အေလာင္းမ်ားကို ယေန႔ညအထိ မေကာက္ယူႏိုင္ေသးေၾကာင္း သတင္းရရွိသည္။

ကေလးၿမိဳ႕နယ္အတြင္း အၾကမ္းဖက္စစ္ေကာင္စီ၏ ပရမ္းပတာလုပ္ေဆာင္ ခ်က္မ်ားေၾကာင့္ အရပ္သားမ်ားမွာ ဆိုး႐ြားသည့္ ေဘးဒုကၡမ်ား ရင္ဆိုင္ေနရသည္။ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီကလည္း ကေလးၿမိဳ႕နယ္ ေခ်ာင္းခြေက်း႐ြာမွ ဆယ္ေက်ာ္သက္ မိန္းကေလးႏွစ္ဦးႏွင့္ မိခင္ကို စစ္ေကာင္စီက ဖမ္းဆီးၿပီး မီးရႈိ႕သတ္ျဖတ္သြားသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

(က်ိဳးက်သည့္ ဝါးတံတားကို ယခင္က ေတြ႕ရစဥ္)

စစ်ကောင်စီရန်ကြောက်လန့်ထွက်ပြေးစဉ် မြစ်သာမြစ်ကူး ဝါးတံတားကျိုးကျ၍ ကလေးငယ်အချို့အပါအဝင် ခြောက်ဦးသေဆုံး

မောင်ကြီး People’s Spring

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာ၍ ဒေသခံများက မြစ်သာမြစ်ကူးဝါးတံတားကို ဖြတ်ကူးထွက်ပြေးစဉ် တံတားကျိုးကျပြီး ကလေးငယ်အချို့အပါအဝင် ခြောက်ဦး မျောပါသေဆုံးသွားသည်။

ယနေ့(ဧပြီ ၂၇ရက်)နံနက်တွင် ကလေးမြို့နယ်၊ ဒိုးပင်ရွာနှင့် အရှေ့စည်းကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းရောက်လာ၍ ဒေသခံများ ထွက်ပြေးကြရင် အထက်ပါ ဖြစ်ရပ်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

” တံတားက နွေမှာဖြတ်ကူးဖို့ ယာယီထိုးထားတဲ့ တံတားမျိုး။ လူတွေ စုပြုံတက်တော့ ကျိုးကျသွားတာ။ စစ်တပ်ကို အရမ်းကြောက်နေကြပြီး ရွာလုံးကျွတ်ထွက်ပြေးရင် ဖြစ်ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ ခြောက်ဦးတွင် လသားအရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူ ပါဝင်သွားသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ ရုပ်အလောင်းများကို ယနေ့ညအထိ မကောက်ယူနိုင်သေးကြောင်း သတင်းရရှိသည်။

ကလေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ပရမ်းပတာလုပ်ဆောင် ချက်များကြောင့် အရပ်သားများမှာ ဆိုးရွားသည့် ဘေးဒုက္ခများ ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ကလေးမြို့နယ် ချောင်းခွကျေးရွာမှ ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးနှင့် မိခင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားသည်ဟု မြို့ခံများက ပြောသည်။

(ကျိုးကျသည့် ဝါးတံတားကို ယခင်က တွေ့ရစဉ်)